ပန်းနာရင်ကျပ်ရောဂါကုဆေး (Bronchodilators)
15-Sep-2020
ရောဂါပိုးမွှားကြောင့်ဖြစ်စေ၊ ဓာတ်မတည့်တုံ့ပြန်မှုဖြစ်စဉ်ကြောင့်ဖြစ်စေ၊
အခြားသောရောဂါရဲ့ နောက်ဆက်တွဲပြဿနာကြောင့်ဖြစ်စေ လေပြွန်အိတ်နဲ့ လေပြွန်တွေရောင်ရမ်းရာကာ
ကျဉ်းမြောင်းပြီး အသက်ရှူကျပ်ခြင်း (သို့) ရင်ကျပ်ဝေဒနာကို ခံစားရ ပါတော့တယ်။ အထူးသဖြင့်
ဒီအသက်ရှူလမ်းကြောင်း ပြဿ နာဟာ လေပြွန်ရောင် ပန်းနာ ရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရောဂါ၊ လေအိတ်ရောင်ရောဂါ၊ နာတာရှည် အဆုတ်ရောင်
အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (COPD) တွေနဲ့ ဆက်စပ်ပြီး ဖြစ် လာတတ်ပါတယ်။
ဒီလိုဝေဒနာတွေအတွက် Bronchodilators တွေက လေပြွန်လမ်းကြောင်းကို
ပွင့်စေတာမို့ ရင်ကျပ်တာ၊ အသက်ရှူရင် တရွှီးရွှီးမြည်နေတာ၊ အသက်ရှူမဝတာ၊ အသက်ရှူမြန်တာ
စတဲ့လေပြွန်ပိတ်ဆို့မှုကြောင့် ခံစားရတဲ့ ပြဿ နာတွေကို အမြန်ဆုံး သက်သာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
ဒီဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နှင့်
သာ သောက်သုံးရမှာဖြစ်ပြီး ဆရာဝန်ပေးတဲ့ ဆေးအချိန်အဆနဲ့
မသက်သာရင် ဆေး
အချိန်အဆကို မိမိသဘောနဲ့မိမိ တိုးလျှော့တာမျိုး မလုပ်ဘဲ
ဆရာဝန်နဲ့ သေချာပြသ
တိုင်ပင်ပြီးမှ အတိုးအလျှော့လုပ်တာ ပိုကောင်းပါတယ်။
Credit: Original Writer
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
