ကော့ပါး (သို့) ပလတ်စတစ်သားအိမ်တွင်းထည့်ကိရိယာ
26-Sep-2020
အမျိုးသမီးအများစုမှာ ဆေးဝါးများကို ကြာရှည်မသောက်သုံး
လိုကြသောကြောင့် ကော့ပါး (သို့) ပလတ်စတစ်သားအိမ်တွင်းထည့် ကိရိယာ (IUD) ကိုထည့်ပေးခြင်းဖြင့်
သားဆက်ခြားနိုင်ကြသည်။ ကျွမ်းကျင်သောဆရာဝန်များက ထည့်ပေးပါက (IUD) ထည့်ခြင်းကြောင့်
နာကျင်မှုလွန်စွာ နည်းပါးသည်။ IUD ထည့်ပြီးနောက်တွင် မွေးလမ်းကြောင်းဝတွင်
အပ်ချည်ကြိုးကို သတိထား စစ်ဆေးပေးခြင်းဖြင့် ၎င်းအမြဲပုံမှန်အတိုင်း ရှိမရှိသိရှိနိုင်သည်။
လိုအပ်ပါက ဆရာဝန် (သို့) သူနာပြုမှ တစ်နှစ်တစ်ခါခန့် ပြန်လည်စစ်ဆေးပေးနိုင်ရန် ပြသသင့်၏။
သို့ရာတွင် IUD သည် သန္ဓေတားဆေးကဲ့သို့မဟုတ်ဘဲ ဓမ္မတာသွေးများခြင်း၊
ထည့်ပြီးနောက် သားအိမ်မှ ညှစ်ခြင်းကြောင့် နာကျင်ခြင်း စသည်တို့ရှိတတ်သည်။ ယခုအခါ ဟော်မုန်းဆေးဝါးများ
IUD အသစ်များ ပေါ်ပေါက်လာမှုကြောင့် ရိုးစင်းသောကာကွယ်နည်းဖြင့် သန္ဓေတားခြင်းများကို
အများစုကမေ့နေကြပြီး ၎င်းနည်းများမှာ မှန်ကန်စွာအသုံးချပါက ထိရောက်မှုများစွာရှိပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
