ဉာဏ်ရည်မမီ နိမ့်ကျကလေးများ
27-Sep-2020ကလေးတွေဟာ မွေးလာတာကနေ ဦးနှောက်ဖွံဖြိုးမှုနှင့်အတူ
အသိဉာဏ်၊ မှတ်ဉာဏ်စွမ်းရည်တွေ ရင့်သန်ဖွံ့ဖြိုးလာရတာ ဖြစ်ပါတယ်။ ကံမကောင်းရှာတဲ့ တစ်ချို့ကလေးတွေမှာတော့
အသိဉာဏ်စွမ်းရည် နားလည်မှုနဲ့ တွေးခေါ်နိုင်မှု စွမ်းရည်တွေဟာ ဖွံ့ဖြိုးရင့်သန်မှုမရှိဘဲ
နှေးကွေးကာ ချို့ယွင်းတာတွေ ဖြစ်လာတဲ့အတွက် ဉာဏ်ရည်မမီ၊ ဉာဏ်ရည်နိမ့်ကျ (Mental
Retardation) ကလေးများအဖြစ်သာ ကြီးြပင်းလာရပါတော့တယ်။
ဖြစ်ပွားစေတဲ့ အကြောင်းရင်းများ
မွေးရာပါ ချို့ယွင်းချက်ပါလာတဲ့ မျိုးရိုးဗီဇပိုင်းဆိုင်ရာ
ချို့ယွင်းရောဂါတွေ ဥပမာ - ဒေါင်းရောဂါစု (Down Syndrome) ထရိုင်ဆိုမီ ၁၈၊ ၁၃ နဲ့ ကလိုင်းဖဲလ်တာစတဲ့
ရောဂါတွေမှာ ပုံမမှန် တခြား ချို့ယွင်းချက်တွေနဲ့အတူ ဉာဏ်ရည် မမီတာက ၂၂ ရာခိုင်နှုန်းတောင်
တွေ့ရှိရပါတယ်။ မျိုးရိုးဗီဇချို့ယွင်းရောဂါ (Genetic Disorder) တွေ ဖြစ်တဲ့
(Fragile X $) စတဲ့ရောဂါတွေမှာလည်း ဉာဏ်ရည်မမီတာက ၂၁ ရာနှုန်းရှိတယ်။
ရောဂါကြောင့် ဦးနှောက်ကြီးကြီးလာတဲ့ ခေါင်းကြီးကိုယ်သေး
(Hydrocephalus or – Meningocele) ရောဂါရှင်လေးတွေမှာ မျက်နှာ၊ နှာခေါင်းရင်းဖုလေးတွေ
ပါလာလာ၊ မပါလာလာ ဉာဏ်ရည်ချို့ယွင်းမှု ပါလာတတ်တာက ၉ ရာခိုင်နှုန်းတောင် ရှိတတ်တယ်။ မွေးရာပါ
ပိုးဝင်ရောဂါတွေ (Congenital infection) ဖြစ်တဲ့ အိတ်ချ်အိုင်ဗီ (HIV)၊ တောက်ဆိုပလတ်စမို့ဆစ်
(Toxoplasmosis)၊ ဂျိုက်သိုးရောဂါ (Rubella) Cytomegalovirus disease ၊ ဆစ်ဖလစ်ကာလသားရောဂါ
(Syphilis)၊ ရေယုန်ရောဂါ (Herpes simplex) ရောဂါတွေ မိခင်ကတစ်ဆင့် ကလေးဆီသို့ ကူးစက်ခံရပြီး
မွေးဖွားလာရရင်လည်း ကလေးတွေမှာ ၄ ရာခိုင်နှုန်းလောက်အထိ ဉာဏ်ရည်မမီတတ်ပါဘူး။
မမွေးခင်နှင့် မွေးပြီးကာစ ကလေးတွေမှာ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက်တွင်း
သွေးယိုခြင်းရောဂါ (IVH) နဲ့ အရက်စွဲမိခင်က မွေးလာတဲ့ကလေးတွေ (Fetal Alcohol
syndrome) စတာတွေမှာလည်း ဉာဏ်ရည်ချို့တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာတာ ၄ ရာနှုန်းရှိပါတယ်။
မွေးပြီးနောက်ပိုင်း ကလေးပေါက်စဘဝမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်မြှေးရောင်ခြင်း၊
သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါတွေ ဖြစ်ခဲ့ရင် ကြီးပြင်းလာမယ့် ဘဝတစ်လျှောက်လုံး
ဉာဏ်ရည်ချို့တဲ့နိုင်တာက ၅ ရာနှုန်းရှိတယ်။
ဉာဏ်ရည်နိမ့်ကျတာတွေက ကုသလို့ ပျောက်ကင်းအောင် လုပ်မရပေမဲ့
ပြုပြင်စောင့်ရှောက် ပေးခြင်းအားဖြင့် အထိုက်အလျောက် နေပျော်တဲ့ဘဝ ဖန်တီးပေးလို့ ရပါတယ်။
အဲဒီကလေးငယ်တွေမှာ စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းခြင်း၊ အလိုလို ထိခိုက်ရာရအောင် ပြုလုပ်နိုင်ခြင်း၊
ဆန့်ကျင်ဘက်လွဲမှားစွာ ပြုလုပ်တတ်ခြင်း၊ အရာရာ စိတ်တိုင်းမကျ အော်ဟစ်သောင်းကျန်းနေတတ်ခြင်း
စတဲ့ အပြုအမူတွေရှိနိုင်လို့ ပြုပြင်ကူညီပေးဖို့ လိုနိုင်ပါတယ်။ စိတ်အတက်အကျ မြန်ဆန်တတ်လို့
(mood & anxiety disorder) စတာတွေလည်း ပြုပြင်ပေးဖို့ လိုနိုင်ပါတယ်။ ဒီလက္ခဏာတွေကိုတော့
ဆရာဝန်များ ညွှန်တဲ့ဆေးနဲ့ ထိန်းနိုင်ပါတယ်။
Credit : ဒေါက်တာမြမြချယ်(ကလေးအထူးကုဆရာဝန်ကြီး)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။