ဦးရေပြားအား နှိပ်နယ်ခြင်း
30-Jul-2017မိမိတို့အိမ်တွင် ဦးရေပြားအား နှိပ်နယ်ပြီး အနားယူနိုင်ရန်အတွက်......
၁) ရေစိုနေတဲ့ ဆံပင်အတွင်း ပျော့ဆေးထည့်ပြီး တစ်ခေါင်းလုံး ပျံ့နှံ့အောင် ပြုလုပ်ပေးပါ။
၂) လက်မ ၂ ချောင်းကို နားနောက်ဘက် ဆံစပ်နေရာမှာထားပြီး ကျန်လက်ချောင်းများ တစ်ခေါင်းလုံးအနှံ့ ငုံမိအောင် အုပ်ထားပါ။
၃) လက်ချောင်းများကို စက်ဝိုင်းပုံသဏ္ဍာန်ပြုပြီး ခပ်ဖြည်းဖြည်းနှင့် အသာအယာ နှိပ်နယ်ပေးပါ။
၄) တစ်ခေါင်းလုံး နေရာအနှံ့ နှိပ်မိသည်အထိ လက်ချောင်းလေးများကို ရွေ့ပေးပါ။
၅) လက်ထိပ်များကို အသုံးပြုပြီး စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း နဖူးစပ်ကနေ လည်ကုပ်တိုင်အောင် နှိပ်ပါ။ ပြီးတစ်ခါ လည်ကုပ်ကနေ ဦးရေပြားကို ထိပ်ပိုင်းနဲ့ နဖူးစပ်အလယ်ပိုင်းအထိ ပြန်နှိပ်ပါ။ ဒီလိုနှိပ်စဉ်မှာ လက်မကိုတော့ နားထင်နဲ့ နားသယ်စပ်တစ်လျှောက်တွေမှာပဲ နှိပ်ပေးပါ။
၆) မျက်စိမှိတ်ပြီး နှိပ်နယ်ခြင်းကို ရပ်နားကာ ခေတ္တအနားယူလိုက်ပါ။ ဦးရေပြားအကြောအခြင်များ ပြေလျော့ပေါ့ပါးပြီး နေလို့ကောင်းသွားပါလိမ့်မယ်။
Credit: Dr. May Hnin Phyu(7887 Healthcare Call Center)