Print

Migraine (ခေါင်းတစ်ခြမ်းကိုက်ခြင်း)

  11-Aug-2017
Preview Image

မကြာခဏ ခေါင်းပြင်းထန်စွာ ကိုက်တတ်သောအခြေအနေဖြစ်ပြီး မျိုးရိုးလိုက်လေ့ရှိသည်။ တစ်နှစ်လျှင် တစ်ကြိမ်ခန့်သော်လည်းကောင်း၊ အမျိုးမျိုးဖြစ်ပွားနိုင်သည်။ Migraine ဖြစ်ပွားခြင်းသည် ဦးနှောက်သို့သွားသော သွေးကြောများ ကျဉ်းပြီးနောက် ပြန်၍ကျယ်သွားသောကြောင့် ဖြစ်ရသည်။


 ခေါင်းကိုက်သောအချိန် သွေးကြောကျဉ်းနေချိန်တွင် ဝေဒနာရှင်မှာ မျက်လုံးထဲတွင် အရောင်းများလင်းလက်နေခြင်း၊ အရောင်များကို ပုံစံမြင်ရခြင်းဖြစ်တတ်ပြီး နောက်ပိုင်းတွင် ခေါင်းပြင်းထန်စွာ ကိုက်လေ့ရှိသည်။ ခေါင်းကိုက်ခြင်းမှာလည်း ခေါင်းတစ်ခြမ်းနှင့် မျက်နှာတစ်ခြမ်းတွင်သာ ဖြစ်ပေါ်လေ့ရှိသည်။


 သွေးကြောကျယ်သော အချိန်တွင် ခေါင်းတွင်နာကျင်သော ဝေဒနာကို ခံစားရလေ့ရှိ၏။ တစ်ခါဖြစ်လျှင် ၂၄ နာရီမှ ၄၈ နာရီအထိ ကြာလေ့ရှိပြီး ခေါင်းအကိုက်ဆုံးအချိန်တွင် တစ်ခါတစ်ရံ အန်လေ့ရှိပါသည်။ ခေါင်းကိုက်နေသောအချိန်တွင် အိပ်ရာထဲတွင် အနားယူသင့်ပြီး ထိုအချိန်တို့တွင် ဒိန်ခဲ၊ ချောကလက်၊ လိမ္မော်သီးနှင့် ဝိုင်အရက်နီတို့ကို စားသုံးခြင်းမှ ရှောင်ရှားသင့်ပါသည်။ မိမိအနေဖြင့် Aspirin နှင့် Paracetamol ကို သောက်သုံးနိုင်ပြီး ဆရာဝန်မှ သက်ဆိုင်ရာ ဆေးဝါးအသစ်များကိုလည်း ညွှန်ကြားပေးပါလိမ့်မည်။ ရောဂါဖြစ်ပွားမှုကို သက်သာစေနိုင်သော ဆေးဝါးများရှိသော်လည်း မှန်မှန်သောက်သုံးရန် လိုအပ်ပါမည်။ မကြာခဏ ဖြစ်တတ်သူများမှာ ဆရာဝန်ကို သေချာစွာပြသသင့်ပါသည်။


Credit:

ဒေါက်တာမေမိုးနွယ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18