Print

ငါးအဆီနှင့်ကျန်းမာရေး

  14-Aug-2017
Preview Image

ငါးအဆီတွင် Alpha- linolenic acid (Omega-3) ပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့နည်းစေကြောင်း တွေ့ရှိရပါသည်။ ငါးအဆီသည် သွေးတွင်းရှိဆဲလ်များ ၊သွေးကြောများအတွင်းတွယ်ကပ်မှု မရှိစေရန်နှင့် သွေးခဲများ မဖြစ်ပေါ်စေရန် ဟန့်တားပေသဖြင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။သို့ဖြစ်၍ ငါးနှင့်ငါးအဆီတို့ကို စားသုံးခြင်းဖြင့် နှလုံးရောဂါကြောင်း ရုတ်တရက်သေဆုံးမှုမှ ကာကွယ်နိုင်ကြောင်းတွေ့ရှိရပါသည်။


သုတေသနတွေ့ရှိချက်များအရ တစ်ပတ်လျှင် ငါးကို တစ်ဆယ်ကျပ်သားခန့် စားသုံးလျှင်ပင် နှလုံးရောဂါကြောင့်သေဆုံးခြင်းကို ၃၆ရာခိုင်နှုန်းအထိ လျော့ကျစေကြောင်း တွေ့ရှိရပါသည်။နှလုံးရောဂါရှိသူများသည် တစ်နေ့လျှင် (Omega – 3) တစ်ဂရမ်ကို သုံးနှစ်ခွဲကြာအောင် စားသုံးခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးခြင်းကို ၂၅ ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း သုတေသနများတွင် တွေ့ရပါသည်။၄င်း(Omega-3) တစ်ဂရမ်သည် ငါးများကို  တစ်ကြိမ်စားလျှင် ၁၀ ကျပ်သားဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်သုံးကြိမ်စားခြင်းနှင့် ညီမျှကြောင်းတွေ့ရှိရပါသည်။


သိုဖြစ်၍ ငါးများ(သို့)ပင်လယ်စားများကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားသုံးသင့်ကြောင်း တွေ့ရှိရပြီး ကိုယ်ဝန်ဆောင်မိခင်များတွင် ငါးကိုတစ်ပတ်လျှင် ၂၀ကျပ်သားထက်ပိုစားပါက ကလေး၏ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်သည်ဟု ဆိုကြသည်။စားသုံးသင့်သော ငါးများမှ ငါးသလောက်၊ငါးသေတ္တာ၊ငါးကွမ်းရှပ်ကဲ့သို့သော ငါးများဖြစ်ပါသည်။


Dr.Soe

Credit : ပါမောက္ခဒေါက်တာပိုင်းစိုး

ကျန်းမာရေးပညာပေးဆောင်းပါးပေါင်းချုပ်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18