Green Cross Hospital (မော်တင်ဆေးရုံ)
17-Aug-2017Green Cross Hospital (မော်တင်ဆေးရုံ)သည်ကုတင်(၄ဝ)ဆန့်ဆေးရုံ(၁)ရုံဖြစ်ပြီး (၂၄)နာရီပတ်လုံး နေ့စဉ်ပိတ်ရက်မရှိ လူနာများကို ကုသပေးလျှက်ရှိပါသည်။ ရန်ကုန်မြို့အတွင်းတွင် နေထိုင်လျှက်ရှိသော လူအများသာမက မြန်မာပြည်အရပ်ရပ်တွင်နေထိုင်ကြသည့် လူအများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များကို အတွေ့အကြုံရင့်ကျက်သောပါရဂူကြီးများ၊ ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများ၊ အတွင်းလူနာ၊ ပြင်ပလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အပြည့်အဝ ဝန်ဆောင်မှုပေးလျှက်ရှိသော ဆေးရုံကြီး တစ်ရုံဖြစ်သည့်အပြင် သင်္ဘောသားဆေးစစ်ခြင်းလုပ်ငန်းအား ISO 9001-2008 လက်မှတ်ရရှိပြီး ဖြစ်သောကြေင့် နိုင်ငံခြားသွား၍ အလုပ်လုပ်မည့်သူများ၊ ပညာဆည်းပူးမည့်သူများ၊ ပြည်တွင်းကုမ္ပဏီများတွင် အလုပ်လုပ်မည့် သူများအတွက်သာမက မိမိကိုယ်တိုင် Check-up လုပ်မည့်သူများအတွက်လည်း အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် အချိန်တိုအတွင်း သက်သာသောစျေးနှုန်းဖြင့် ဝန်ဆောင်မှုများပေးနေကြောင်း အသိပေးအပ်ပါသည်။ အဆိုပါ ဆေးရုံသည် ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ (၁၁)ရပ်ကွက်၊ အမှတ်(၁ဝ၁၊ အေ)၊ လမ်းသစ်လမ်း တွင်တည်ရှိ ပါသည်။ ထိုဆေးရုံကြီးအနီးတွင် Junction(မော်တင်)နှင့် သူနာပြုတက္ကသိုလ်လည်း ကပ်လျှက်ရှိပါသည်။
အကြောအဆစ်လေ့ကျင့်ကုသခြင်း(Physiotherapy)