အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်းအတွက် ကာကွယ်ခြင်း (Dyspepsia)
20-Aug-2017၁။ ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မှု
- ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း
- ဆေးလိပ်သောက်ခြင်းကိုရပ်ခြင်း၊ လုံးဝမသောက်ခြင်း
- အရက်သောက်ခြင်းကိုလျှော့ချခြင်း ၊ အစားမရှိချိန်တွင် အရက်သောက်ခြင်းကိုရှောင်ကျဉ်သင့်သည်။
၂။ ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ
- အစားနည်းနည်းကို ခဏခဏစားခြင်း ၊ အစားအများကြီးတစ်ပြိုင်တည်းစားသောက်ခြင်းကိုရှောင်ကျဉ်ပါ။
- အစားကို ဖြည်းဖြည်းချင်းစားပေးပါ။
- အစာပျော့ပျော့များကိုစားပေးပါ။
- ဟင်းမချက်ခင်နှင့် မစားခင် အစားများကိုအတုံးသေးသေးတုံးပေးပါ။
- အစာစားနေချိန်မှာ ရေသောက်ခြင်းကိုရှောင်ပေးပါ။
- အဆီများသောအစားအစာများကိုရှောင်ကျဉ်ပါ။
- ကဖင်းဓာတ်များသောအစားအစာများက်ုရှောင်ကျဉ်ပါ။
- အစားစားပြီးပြီးခြင်း လဲလျောင်း မနေပါနှင့်။
- အဝတ်အစား ကျပ်ကျပ်ဝတ်ခြင်းကိုရှောင်ကျဉ်ပါ။
၃။ ဆေးဝါးများကိုသေချာအသုံးပြုရန်
- အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၏အကြောင်းအရင်းများစွာရှိသည့်အတွက် ဆရာဝန်နှင့်သေချာပြသ၍ ကုသသင့်သည်။
- တစ်ချို့သောဆေးများသည်အစာမကြေခြင်းကိုဖြစ်စေသည့်အတွက် ဆေးမသောက်ခင်ဆရာဝန်နှင့်သေချာတိုင်ပင်သင့်သည်။
၄။ စိတ်ဖိစည်းမှုများလျော့ချခြင်း
Dr Myo Myint