အစာအိမ် အချဉ်ပေါက်သူများ ရှောင်ရမည့် အစားအစာ
24-Oct-2020ကော်ဖီ - ကဖင်းပါသော အစားအစာများသည် အစာအိမ်အက်ဆစ်ဓါတ်ကို
လွန်ကဲစေသည်။
ချိစ်ကိတ် - အဆီပါဝင်မှုများသော အစားအစာများသည် အစာအိမ်အက်ဆစ်ဓါတ်
လျှံတက်စေပြီး ရင်ပူစေသည်။
ပန်းဂေါ်ဖီစိမ်း – ပန်းဂေါ်ဖီစိမ်းသည် လေပွစေပြီး အစာအိမ်အက်ဆစ်ဓါတ်ကို
လျှံတက်စေသည်။
အချဉ်သစ်သီးများ - အချဉ်ဓါတ်သည် အစာအိမ်အက်ဆစ် လွန်ကဲစေ
သည်။
အရက် - ဘီယာ၊ ဝိုင်နှင့်အရက်များသည် အစာအိမ်ရောင်သည်အထိ
ဖြစ်သည်။
အစပ် – ငရုတ်သီး၊ချင်း စသည့် ပူစပ်သည့် အစားအစာများသည်
အစာအိမ်အက်ဆစ်ကို ပိုပြင်းစေပြီး ဗိုက်အောင့်စေသည်။
ချောကလက်- ချောကလက်သည် အစာအိမ်အက်ဆစ်ဓါတ်ကို မမြင့်တက်စေသော်လည်း
အစာရေမျို ပြွန် (oesopha gus) ကြွက်သားကို ပျော့ပြောင်း စေသည့်အတွက် အစာအိမ်အက်ဆစ်များကို
ပြန်အန်ထွက်စေပြီး ရင်ပူစေသည်။
ခရမ်းချဉ်သီး- ခရမ်းချဉ်သီးကိုယ်၌ပင် အက်ဆစ်ဓါတ်များစွာပါဝင်ပြီး အစာရေမျို
ပြွန်ကိုလည်း ပျော့စေသည့်အတွက် ရင်ပူစေသည်။ ခရမ်းချဉ်သီး အချဉ်ရည်များသည်လည်း အစာအိမ်
အချဉ်ပေါက်စေသည်။
အစားကြီးခြင်း ညမအိပ်ခင် နှစ်နာရီ မှသုံးနာရီအတွင်း အစာအမြောက်အမြား
စားထားလျှင် အစာရေမျိုပြွန် နှင့် အစာအိမ်တို့ကြားပြွန်ပေါက်ကို ဖိအားသက်ရောက်မှုကြောင့်
အစာအိမ်အက်ဆစ်များ အပြင်ထွက် ကာ ရင်ပူတတ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:သီဟ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT သို့မဟုတ် Telenor မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။