Print

အသက်သုံးဆယ်အရွယ်တွင်ကလေးယူမည်ဆိုလျှင်

  29-Sep-2017
Preview Image


အသက်သုံးဆယ်အရွယ်တွင်အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ ကလေးယူဖို့ စိတ်ကူးထားတယ််ဆိုရင်အသက်သုံးဆယ်ဝင်တယ့်အစောပိုင်းအချိန်မှာကလေးရအောင် ကြိုးစားတာက 35 နှစ်ကျော်နောက်ပိုင်းမှယူထားတာထက် ကလေးရဖို့အခွင့်အလမ်းပိုများပြီး ကလေးလည်းကျန်းမာမှာဖြစ်ပါတယ်။


ကောင်းကျိုးများ

       ကံကောင်းတာတစ်ခုကအသက်သုံးဆယ်အမျိုးသမီးတွေဟာ သက်လုံကောင်းပြိးပြန်လည်ဖွံ့ဖြိုးမှုမြန်ဆန်တဲ့အရွယ် ဖြစ်တာကြောင့်ကလေးယူဖို့ သင့်တော်တဲ့အချိန်လို့ဆိုနိုင်ပါတယ်။နောက်ပြီးဒီအရွယ်ဟာ အသက် နှစ်ဆယ်တုန်းကလို မိုက်ရူးရဲဆန်တဲ့စိတ်တွေပျောက်ပြီးအသက်လေးဆယ်လို ရင့်ကျက်မယ့်အချိန်ရဲ့အကူးအပြောင်းကာလဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာသာမကရုပ်ပိုင်းဆိုင်ရာမှာပါ အကောင်းဆုံးတိုးတက်နေတဲ့ကာလလည်းဖြစ်ပါတယ်။

         နောက်ပြီးဒီအရွယ်ဟာအလုပ်လုပ်ကိုင်တတ်တဲ့အရွယ်ြ ဖြစ်တာကြောင့်အရင် အချိန်တွေနဲ့စာရင်ငွေရေးကြေးရေးမပူပန်ရတဲ့ အရွယ်လည်းဖြစ်နေပါပြီ။ဒီတော့ဒီလိုအချိန်မှာကလေးတစ်ယောက် ကြီးပြင်းအောင်စောင့်ရှောက်ဖို့ကလူအားရော၊ငွေအားပါပြည့်စုံနေတဲ့ အချိန်လို့ပြောလို့ရပါတယ်။ဒီတော့ကလေးယူဖို့ဆုံးဖြတ်ပြီးရင် ဗဟုသုတရှိအောင်လေ့လာတာတွေပြုလုပ်ပါ။ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မပြတ်အောင်နေပါ။ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ဆွေးနွေးပွဲတွေရှိရင်အချိန်ရရင်ရသလို တက်ရောက်ပေးပါ။အလုပ်တစ်ဖက်နဲ့ကိုယ်ဝန်ဆောင်မယ်ဆိုရင် လည်းနည်းစနစ်တကျဘာတွေဘယ်လိုလုပ်မလဲဆိုတာအစီအစဉ်ချပါ။


ဆိုးကျိုးများ  

     ကလေးယူမယ်ဆိုရင် အသက် ၃၅ နှစ်အရွယ်ကို နောက်ဆုံးအစီအစဉ်ဆွဲထားတာကအကောင်းဆုံးပါပဲ။ဒီထက် နည်းနည်းကြီးသွားတာနဲ့ မျိုးပွားနိုင်တဲ့စွမ်းရည်ကျဆင်းသွားတာကြောင့်ကိုယ့်အတွက်လည်း မကောင်းသလိုုကလေးမှာလည်းအန္တရာယ်ရှိတယ်လို့ကျွမ်းကျင် သူတွေကဆိုပါတယ်။ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာ အသက်သုံးဆယ်အစောပိုင်းကာလတွေမှာနည်းတတ်ပြီး အသက် ၃၅ နှစ်မှာဆိုရင် ပျက်ကျနိုင်ခြေ ၁၈ ရာခိုင်နှုန်းရှိပါတယ်။ အသက် ၄၀ နားနီးရင်တော့ ၃၄ ရာခိုင်နှုနး်အထိမြင့်တက်သွားပါပြီ။နောက်ပြီးသားအိမ်တွင်းမှာ မဟုတ်ဘဲ တခြားနေရာမှာကိုယ်ဝန်ရှိတာ ectopic pregnancy ဖြစ်နိုင်ခြေလည်းများပါတယ်။


အကြံပြုချက်များ

     ကျွမ်းကျင်သူတွေနဲ့ဆွေးနွေးပြီးပြုလုပ်လို့ရမယ့်အကြံပြုချက်တွေရယူပါ။ ဥပမာ-လိင်ကိစ္စဆောင်ရွက်တဲ့အခါဘာတွေလိုက်နာသင့်လဲ။] ကျန်းမာရေးကောင်းအောင် အစားအသောက်အနေအထိုင်ဘယ်လိုတွေဆင်ခြင်သင့်လဲဆိုတာ စနစ်တကျလိုက်နာပါ။


Credit:အိဖြူ(ဆေးဝါးတက္ကသိုလ်) အာရောဂျံ Magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18