အစာအိမ် အချဉ်ပေါက်သူများ ရှောင်ရမည့် အစားအစာများ
11-Nov-2020
ကော်ဖီ = ကဖင်းပါသော အစားအစာများသည် အစာအိမ်
အက်ဆစ်ဓာတ်ကို လွန်ကဲစေသည်။
ချိစ်ကိတ် = အဆီပါဝင်မှုများသော အစားအစာများသည်
အစာအိမ် အက်ဆစ်ဓာတ်လျှံ
တက်စေပြီး ရင်ပူစေသည်။
ပန်းဂေါ်ဖီစိမ်း = ပန်းဂေါ်ဖီစိမ်းသည် လေပွစေပြီး
အစာအိမ် အက်ဆစ်ဓာတ်ကို လွန်ကဲစေသည်။
အချဉ်သစ်သီးများ = အချဉ်ဓာတ်သည် အစာအိမ်အက်ဆစ်
လွန်ကဲစေသည်။
အရက် = ဘီယာ၊ ဝိုင်နှင့်အရက်များသည်
အစာအိမ်ရောင်သည်အထိဖြစ်သည်။
အစပ်၊ ငရုတ်သီး၊ ချင်း စသည့် ပူစပ်သည့်
အစားအစာများသည် အစာအိမ် အက်ဆစ်ကို
ပိုပြင်းစေပြီး ဗိုက်အောင့်စေသည်။
ချောကလက် = ချောကလက်သည် အစာအိမ် အက်ဆစ်ကို
မမြင့်တတ်စေသော်လည်း အစာရေမျို ပြွန်(oesophagus) ကြွက်သားကို
ပျော့ပျောင်းစေသည့်အတွက် အစာအိမ်
အက်ဆစ်များကို ပြန်အန်ထွက်စေပြီး ရင်ပူစေသည်။
ခရမ်းချဉ်သီး = ခရမ်းချဉ်ကိုယ်၌ပင် အက်ဆစ်ဓာတ်
များစွာပါဝင်ပြီး အစာရေမျို ပြွန်
ကိုလည်း ပျော့စေသည့်အတွက် ရင်ပူစေသည်။
ခရမ်းချဉ်သီး အချဉ်ရည်များ
သည်လည်း အစာအိမ် အချဉ်ပေါက်စေသည်။
အစားကြီးခြင်း = ညမအိပ်ခင် နှစ်နာရီမှ
သုံးနာရီအတွင်း အစာအမြောက်အမြား စားထားလျှင် အစာရေမျို ပြွန်နှင့် အစာအိမ်တို့ကြား
ပြွန်ပေါက်ကို ဖိအားသက်ရောက်
မှုကြောင့် အစာအိမ်အက်ဆစ်များ အပြင်ထွက်ကာ
ရင်ပူတတ်သည်။
ရှောင်ရန်
အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊
အရက်သောက်ခြင်း၊
အပူအစပ်စားခြင်း၊ လက်သုပ်ချဉ်နှင့်
အသုပ်များစားခြင်း၊ မာသောအရာများ
(ထမင်းကြော်၊ အကြော်)၊ အကိုက်အခဲ ပျောက်ဆေးများ၊
ကော်ဖီ၊ လက်ဖက်ရည်
ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။
Credit : Internet a’gufwm
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
