Print

နို့တိုက်မိခင်များနို့ထွက်နည်းခြင်းမဖြစ်အောင်လိုက်နာသင့်သောအချက်များ

  15-Sep-2017
Preview Image


မိခင်နို့ရည်ကသာကလေးငယ်တွေအတွက်အကောင်းဆုံးဖြစ်သော်လည်း

မိခင်အများစုကနို့ထွက်မကောင်းတာကြောင့်ကလေးအတွက်လိုအပ်တဲ့ပမာဏရဲ့ ၅၀-၇၅ ရာခိုင်နှုန်းသာရရှိကြပါတယ်။မိခင်အများစုနို့ထွက်နည်းရတဲ့အကြောင်းတွေကတော့စိုးရိမ်သောကတွေရှိနေတာ၊ဒေါသထွက်နေတာ၊ကြောက်ရွံ့ထိတ်လန့်မှုတွေရှိနေတာ စတာတွေကြောင့်ဖြစ်ပါတယ်။


(၁)အစားအသောက်ကိုဂရုစိုက်ပါ။

နို့တိုက်မိခင်တွေအနေနဲ့ဟင်းသီးဟင်းရွက်တွေစုံလင်အောင်စားပေးဖို့လိုပါတယ်။သစ်သီး၊နို့၊ကွေကာ၊ထောပတ်၊ဟင်းသီးဟင်းရွက်ဆီ၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊စပျစ်သီး၊အမဲသား၊စွပ်ပြုတ်စတဲ့ အချို အချဉ် အငန် စတာတွေကိုစုံလင်အောင်စားတာကနို့ထွက်ကောင်းစေပါတယ်။


(၂)အလေ့အထအချို့ကိုပြင်ဆင်ပါ။

နို့တိုက်မိခင်တစ်ယောက်နို့ထွက်ကောင်းဖို့က အိပ်စက်တဲ့အလေ့အထ၊ အစားအသောက်အလေ့အထ၊အနားယူတာနဲ့ပျော်ရွှင်မှုတွေနဲ့လည်းသက်ဆိုင်ပါတယ်။


(၃)အစာမကြာခဏစားပါ။

နို့တိုက်မိခင်တစ်ယောက်အနေနဲ့ အစာကိုနည်းနည်းနဲ့မကြာခဏစားဖို့လိုပါတယ်။နေ့ဘက်မှာနှစ်နာရီခြားတစ်ကြိမ်လောက်စားပြိး ညဘက်မှာလေးနာရီခြားတစ်ကြိမ်စားသင့်ပါတယ်။


(၄)ကလေးကိုလေထုတ်ပေးပါ။

ကလေးကိုနို့တစ်ဖက်တိုက်ပြီးနောက်တခြားတစ်ဖက်ကိုပြောင်းတိုက်ပါ။ကလေးနို့ဝသွားပါက ကလေးငယ်ကို ၅-၁၀ မိနစ် မတ်တပ်ရပ်ပေးပြီးလေထုတ်ပေးပါကကလေးကနို့ပိုစို့နိုင်ပါတယ်။


(၅)အရေးကြီးသောအချက်အလက်များကိုမှတ်သားပါ။

နို့ထွက်နည်းခြင်းကိုကိုယ်တိုင်ပထမဆုုံးသတိပြုမိတတ်ပါတယ်။နို့ထွက်နည်းတာကိုတခြားသူကိုပြောပြဖို့ရှက်မနေပါနဲ့။ပြောပြတိုင်ပင်မှသာနို့ထွက်နည်းရတဲ့အကြောင်းကိုအဖြေရှာနိုင်မှာပါ။နို့ထွက်နည်းတာကြောင့်မိမိကိုယ်မိမိအပြစ်မတင်ပါနဲ့။ဒီလိုပြဿနာမျိုးကိုနို့တိုက်မိခင်အများစုခံစားရလေ့ရှိတာကြောင့်ပါ။


(၆)စိတ်နှင့်ကိုယ်လန်းဆန်းကျန်းမာပါစေ။

တစ်ခါတစ်ရံမှာနို့ထွက်နည်းရတာကခက်ခက်ခဲခဲအကြောင်းအရာမဟုတ်ပါဘူး။စိတ်ရှုပ် ထွေးတာ၊စိတ်ပျက်အားငယ်တာ၊ညဘက်မှာကလေးငယ်မအိပ်နိုင်တာကြောင့်အိပ်ရေးပျက်တာနဲ့အနားမယူရတာကြောင့့်ဖြစ်နိုင်ပါတယ်အနည်းငယ်ပြောင်းလဲမှုလေးလုပ်ပြီးစိတ်နဲ့ကိုယ်တက်ကြွလန်းဆန်းအောင်ဆောင်ရွက်ပါ။


(၇)ထိုင်ပုံအနေအထားမှားယွင်းခြင်း

မိခင်တွေအနေနဲ့ကလေးငယ်ကိုနို့တိုက်ရာမှာထိုင်ပုံအနေအထား၊နို့တိုက်ပုံံုအနေအထားတွေမမှန်ကန်တာကြောင့် နို့ထွက်နည်းတာမျိုးလည်းဖြစ်တတ််ပါတယ်။ဆရာဝန်နဲ့သူနာပြုတွေထံက နို့ထွက်ပိုကောင်းစေတဲ့အနေအထားမျိုးကိုသင်ယူဖို့မရှက်ပါနဲ့။


(၈)မကြာခဏတိုက်ကျွေးခြင်း

နို့တိုက်ကျွေးတဲ့အပေါ်မူတည်ပြီးလည်း နို့ထွက်ကောင်း၊မကောင်းကွာခြားတတ်ပါတယ်။ကလေးငယ်ကနို့ကိုကုန်အောင် စို့လိုက်တာကကုန်အောင်မစို့တာထက်နို့ထွက်ကောင်းစေပါတယ်။ကလေးငယ်ကနို့ကိုကုန်အောင် မစို့တဲ့အခါကျန်ရှိတဲ့နို့ကိုညှစ်ပစ်လိုက်ပါ။


(၉)ရေလုံလောက်စွာသောက်သုံးပါ။

နို့ထွက်ကောင်းစေဖို့မိခင်ရဲ့ကိုယ်မှာရေဓါတ်လုံလောက်ဖို့လိုပါတယ်။ရေများများသောက်ပါ။အရည်ရွှမ်းတဲ့အသီးတွေစားပါ။ဖျော်ရည်လုပ်သောက်ပါ။ကလေးငယ်ကိုနို့တိုက်ကျွေးရင်တောင်ဘေးမှာရေပုလင်းထားပြီးသောက်ပါ။ဒါမှနို့ထွက်ကောင်းမှာဖြစ်ပါတယ်။


(၁၀)ကောင်းစွာအနားယူပါ။

အိမ်မှာပဲကလေးငယ်ကိုပြုစုစောင့်ရှောက်နေတဲ့အိမ်ရှင်မ(သို့)အလုပ်လုပ်နေသူဘယ်လိုပဲဖြစ်ပါစေ နို့ထွက်ကောင်းစေဖို့နဲ့မိခင်ကျန်းမာသန်စွမ်းဖို့အနားယူဖို့လိုပါတယ်။နို့တိုက်မိခင်တစ်ယောက်အနေနဲ့ကလေးထိန်းတာ၊အိမ်မှုကိစ္စတွေလုပ်တာတွေနဲ့အချိန်ကုန်ပြီး အနားမယူနိုင်တာ၊ခဏတဖြုတ် မအိပ်စက်နို်င်တာမျိုးတွေမဖြစ်အောင်သတိထားဖို့လိုပါတယ်။


Credit:အာရောဂျံ Magazine အလင်း (ဆေးဝါး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18