Print

ရေချိုး သန့်စင်မှုနှင့် ပတ်သက်၍ သိသင့်သည်များ

  25-Sep-2017
Preview Image


 သက်သောင့်သက်သာနဲ့ ရေချိုးခြင်းဟာ မျက်နှာကိုရော ခန္ဓာကိုယ်ကိုပါ စစ်မှန်တဲ့ ပြုစုနည်းပဲ ဖြစ်ပါတယ်။ ဒါနဲ့အတူ ရေချိုးတာနဲ့ ပတ်သက်တဲ့ အထက်ဖော်ပြပါ အချက်များကိုလည်း သိထားသင့်ပါတယ်။


• ရေနွေးနဲ့ ချိုးတာဟာ ချွေးပေါက်တွေကို ပွင့်ထွက်စေသလို ပိတ်ဆို့မှု၊ ပြည့်ကျပ်မှုတွေကိုလည်း လျော့နည်းစေပါတယ်။ သတိထားဖို့ကတော့ မိမိရဲ့ အသားအရမှာ အတွန့်အရေးအကြောင်းတွေ ရှိမယ်၊ ဆံခြည်မျှင် သွေးကြောလေးတွေ ပြတ်တာမျိုးဖြစ်စေ၊ မျက်နှာသွေးရောင် အလွယ်တကူ ဖြန်းတာမျိုးဖြစ်စေ ဖြစ်လာခဲ့ရင် ရေပူပူချိုးတာ၊ ရေနွေးကန်ထဲ စိမ်တာ (Jacuzzis) မျိုးကို ရှောင်သင့်ပါတယ်။ 


• ရေချိုးကန်ထဲကို မွှေးရနံ့ဆီ (essential oil) အစက် အနည်းငယ်ထည့်ပါ။ ဒီလို ထည့်တဲ့ နေရာမှာ ကိုယ်လိုအပ်တဲ့ ပုံစံအပေါ် ကြည့်ပြီးထည့်ရပါမယ်။ ဒီလိုထည့်တဲ့နေရာမှာ ကို်ယ်လိုအပ်တဲ့ ပုံစံအပေါ် ကြည့်ပြီး ထည့်ရပါမယ်။ လန်းဆန်းတက်ကြွမှု (Invigorating) ဖြစ်ချင်တာလား။ သက်သောင့်သက်သာရှိစေ၊ သောကဖိစီးမှုလျော့ပါ (Relasing) စေလိုတာလား၊ အေးငြိမ်းချမ်းမြေ့ (soothing) စေလိုတာလား စသဖြင့် စဉ်းစားပြီး မွှေးရနံ့ထုံသင်းတဲ့ ရေကို ချိုးရင်းအပန်းဖြေပါ။ 


• ရေမချိုးခင် အရင်ဆုံး အကြောအခြင်တွေကို ဖြေလျှော့ပါ။ ဦးဆုံးလည်ပင်း ကြွက်သားပြီးရင် ပခုံး၊ လက်မောင်း၊ ရင်ဘတ်၊ ကျောပိုင်း၊ ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်၊ ဒူးနဲ့ ခြေထောက်ပိုင်းကို ဖြေလျှော့ပေးရပါမယ်။ 


• ဒီလိုဖြေလျှော့နေစဉ်မှာ လေရှူရှိုက်မှုအပေါ် အာရုံစူးစိုက်ထားပါ။ လေကို နှာခေါင်းကနေ ၁ ကနေ ၄ ရေတွက်ချိန် ကြာတဲ့အထိ ပြင်းစွာရှူသွင်းပါ။ နှာခေါင်းကနေရင်ဘတ်၊ ရင်ဘတ်ကနေ ဝမ်းဗိုက်ပိုင်းပြည့့် သွားတဲ့အထိ ရှူသွင်းချိန်ကို ၁ ကနေ ၈ အထိ ရေတွက်ချိန် ကြာတဲ့အထိနေပြီးမှ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ ဒီနည်းအတိုင်း အကြိမ်အနည်းငယ်ရှူသွင်း ရှူထုတ်လုပ်ပါ။ 


• ရေစိမ်ချိုးတာဖြစ်စေ၊ ရေချိုးတာဖြစ်စေ တစ်ကိုယ်လုံး ရေစိုသွားပြီဆိုရင် ၁၅ မိနစ်လောက် အကြာမှာ (၁၅ မိနစ်ထက် ပိုသွားရင် အရေပြား ပွရောင်းရောင်း ဖြစ်လာတတ်ပါတယ်) နှလုံးသားဘက်ကို အချိန်ယူပြီး ပွတ်သပ်ပေးပါ။


• ရေချိုးပြီးသွားရင် ရေခြောက်အောင် သုတ်ပြီးတဲ့နောက် အစိုဓာတ် ထိန်းပေးတဲ့ ခရင်မ်နဲ့ လိုးရှင်း တစ်မျိုးမျိုးကို လိမ်းပေးပါ။ ဒါမှမဟုတ် မွှေးရနံ့ဆီကို အရေပြားစိုထိုင်းထိုင်းဖြစ်နေစဉ်မှာ လိမ်းပေးနိုင်ပါတယ်။ မွှေးလည်းမွှေး အစိုဓာတ်လည်းရပြီးသား ဖြစ်သွားစေနိုင်တာပါ။


Credit: နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18