အပူရှိန်ကြောင့် နွမ်းနယ်မှု (Heat Exhausation)
28-Sep-2017လူတစ်ယောက်သည် ပူသောရာသီ၌ဖြစ်စေ ပူသောပတ်ဝန်းကျင်၌ဖြစ်စေ နေသည်မှာကြာလာပါက ချွေးအလွန်ထွက်၍ ခန္ဓာကိုယ်တွင်းမှ ရေနှင့်ဆားဓာတ်များ လျော့ပါးကုန်သဖြင့် သွေးဖိအားကျကာ မောပန်းနွမ်းနယ်နိုင်သည်။ ဤသည်ကို အပူကြောင့် နွမ်းနယ်ခြင်း သို့ အပူမောပန်းခြင်းဟုခေါ်၏။
အပူနွမ်းခြင်း လက္ခဏာများ
. နေထိုင်၍ မကောင်းခြင်း
. သတိမေ့ခြင်း
. အားနည်းသည်ဟုခံစားရခြင်း
. ချွေးအလွန်ထွက်ခြင်း
. ခေါင်းမူးခြင်း
. ပျို့ခြင်း
. ကြွက်တက်ခြင်း
. သွေးဖိအားကျခြင်း
. အေး၍ စိုသောအရေပြားရှိခြင်း
ဖြစ်နိုင်သူများ
. အသက် ၂နှစ်အောက်ကလေး
အသက် ၆၅ နှစ် အထက်လူကြီး
. နှလုံးဆီးချို ကျောက်ကပ်ရောဂါ ရှိသူ
.အဝတ်ထူဝတ်ထားသူ
.စစ်သား
. အားကစားသမား
ဖြစ်နိုင်သောအကြောင်းအရာများ
. အလွန်ပူအိုက်သောရာသီ (ပြင်ပအပူချိန် ၉၃ဒီဂရီ ဖာရင်ဟိုက်ကျော်သည့်အခါ)
. နေပူထဲလမ်းလျှောက်သူ
. အရက်သောက်ထားသူ
.သွေးကြောကျယ်ဆေးများ သောက်နေရသူ
. အဝတ်ထူထူဝတ်၍ အပူထဲနေသူ
. ဝလွန်းသူ
. အအေးပိုင်းမှ အပူပိုင်းရောက်လာသူ
ကုသမှု
.နေပူထဲမှ အရိပ်ထဲခေါ်ပါ
. အဝတ်ထူထူ ဝတ်ထားလျှင် ချွတ်ပါ
. ရေပတ်ဝတ်တိုက်ပါ ပန်ကာဖွင့်ပါ
. ရေအေးတိုက်ပါ၊ ကော်ဖီအရက်သကြားမတိုက်ပါနှင့်
.သွေးဖိအားနည်းပါက လှဲအိပ်ပါစေ
. သစ်သီးဖျော်ရည်တိုက်ပါ
.သွေားအားသိပ်ကျပါက ဓာတ်စားရေသွင်းပါ
Dr. ZIN
crd- ဒေါက်တာမောင်မောင်ညို