ကင်ဆာလူနာများနှင့် စိတ်ထိခိုက်နာကျင်မှု
20-Dec-2020မိမိစိတ်ထိခိုက်မှုကို
ကိုယ်တိုင်ဖြေရှင်းသည့်နည်းလမ်းများ
၁။ ဆောင်ရွက်ရန်
• သင့်စကားနားထောင်မည့်
မိတ်ဆွေနှင့် ပြောဆိုဆွေးနွေးပါ။ စိတ်ရောကိုယ်ပါဖြေလျော့ အနားယူပါ။ တရားထိုင်ပါ၊ သီချင်းနားထောင်ပါ။
လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
• ရှေ့ရေးအတွက်ပူပင်နေမှုကိုရပ်ပါ။
သင့်ရောဂါအကြောင်းမေ့ထားပြီး လုပ်ဆောင်စရာရှိသည်များကို ဆောင်ရွက်ပါ။
• အဆင်မပြေသော
အပေါင်းအသင်း၊ အဖွဲ့အစည်းများကို ရှောင်ကျဉ်ပြီး အဆင်ပြေမည့် အဖွဲ့အစည်းများထံမှ အကူအညီရယူပါ။
• ယုံကြည်စိတ်ချရသော
ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ ဖြစ်ပေါ်လာနိုင်သည့် ရောဂါနှင့်
ကုထုံးများ၏
နောက်ဆက်တွဲလက္ခဏာများ ကြိုတင်မေးမြန်းပါ။
• ဘာသာရေးဆိုင်ရာ
ကိုးကွယ်ယုံကြည်မှုကို စောင့်ထိန်းလိုက်နာပါ။
• ကိုယ်ပိုင်မှတ်စုစာအုပ်
မှတ်တမ်းများကို ထိန်းသိမ်းထားပါ။
• မိမိရောဂါနှင့်
သက်ဆိုင်သော ပညာပေးဆောင်းပါးများပါဝင်သည့် စာစောင်များကို သိမ်းဆည်းပါ။
၂။ ရှောင်ကြဉ်ရန်
• ယခင်ကသုံးနှုန်းလေ့ရှိသည့်
ကင်ဆာဟူသည်သေမိန့် ဟူသောစကားအတိုင်း ယုံကြည်ခြင်း။
• ကင်ဆာဖြစ်ရခြင်းမှာ
မိမိ၏အမူအကျင့်တစ်ခုခုကြောင့်ဟု မိမိကိုယ်ကို အပြစ်တင်ခြင်း၊ ယခင်ကစိတ်ကောင်းမထားခဲ့၍
ကင်ဆာဖြစ်ရသည်ဟု အပြစ်မြင်ခြင်း။
• မိမိတစ်ဦးထဲ
တိတ်တိတ်ဆိတ်ဆိတ်နေခြင်း၊ အခြားသူများထံမှ အကူအညီမယူဘဲနေခြင်း။
• စိတ်ပူပန်မှုများခြင်း၊
စိတ်ဓာတ်ကျခြင်းတို့အတွက် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရန် ရှက်ခြင်း၊
စိတ်ကသိကအောက်ဖြစ်ခြင်း။
၃။ စိတ်ထိခိုက်မှု
စစ်ဆေးခြင်း၏ အကျိုးကျေးဇူးများ
• စိတ်ထိခိုက်မှုကို
စစ်ဆေးပြီးလိုအပ်သူများကို ကုသမှုပေးခြင်းဖြင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများကိုသက်သာစေခြင်း၊
စိတ်ကျရောဂါသက်သာစေခြင်းများကို ၂၀၀၀ နှင့် ၂၀၁၁ ခုနှစ် လေ့လာမှုများအရ သိရှိရပါသည်။
• ထိုသို့သက်သာစေခြင်းဖြင့်
ကင်ဆာကုသမှုအောင်မြင်ရန် အခွင့်အလမ်းများပြီး သက်တမ်းပိုရှည်စေကြောင်း တွေ့ရှိရပါသည်။
၄။ အကြံပြုလမ်းညွှန်ချက်များ
• ကင်ဆာလူနာများအားလုံးကို
စိတ်ထိခိုက်မှုတိုင်း စကေးဖြင့်စစ်ဆေး ကုသမှုပေးသင့်ပါသည်။
• ရောဂါကို
ကုသခြင်းမျိုးမဟုတ်ဘဲ လူနာကိုကုသခြင်းမျိုးဖြစ်စေရန် ဂရုပြုရမည်။
• စိတ်ထိခိုက်နာကျင်မှုကို
Sixth Vital Sign အဖြစ် အမြဲစစ်ဆေးသင့်သည်။
Credit : Wellness magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။