Honey and Botulism ပျားရည်နှင့်အဆိပ်
11-Jan-2021
(ဘော့တူလဇင်) ဆိုတာရှားပေမယ့် ဖြစ်ရင်ဆိုးတဲ့ရောဂါဖြစ်တယ်။ Clostridium botulinum ဗက်တီးရီးယားကနေ ထုတ်ပေးတဲ့ အဆိပ်ကနေဖြစ်စေတယ်။ အမျိုး (၅) မျိုးရှိတယ်။
၁။
Food-borne botulism အစားအသောက်ကနေကူးစက်တာ၊ အစာဆိပ်သင့်တာလို့ခေါ်တယ်။
၂။ Wound
botulism အနာဒဏ်ရာကနေရတာ၊
၃။
Infant botulism ကလေးငယ်လေးတွေရဲ့အူထဲနေဗက်တီးရီးယားကနေဖြစ်တာ၊
၄။ Adult
intestinal toxemia လူကြီးတွေအစာလမ်းမှာဖြစ်တာ၊
၅။
Iatrogenic botulism မတော်တဆအဆိပ်များလို့ဖြစ်တာ။ အားလုံးဟာ အဆင်မသင့်ရင်သေနိုင်တယ်။
ဗက်တီးရီးယားတွေကမြေဆီမှာနေတယ်။ သူတို့ကထုတ်တဲ့အဆိပ်ဟာ အာရုံကြောကိုထိခိုက်စေတယ်။ ကလေးငယ်တွေကို ကူးစက်စေတာက ပျားရည်၊ စည်သွပ်ဗူးနဲ့ပျောင်းကနေထုတ်တဲ့အချိုရည်တွေဖြစ်တယ်။ ကြီးတဲ့သူတွေဆိုရင် စည်သွပ်ဗူးတွေ၊ စနစ်အကျနည်းတဲ့တာရှည်ခံအစားအသောက်တွေ၊ ဆေးဖက်ဝင်ဆီတွေအပြင် ဘယ်အစားအသောက်ကမဆို သိုလှောင်တာ၊ ချက်ပြုပ်တာ စနစ်မကျရင်ဖြစ်နိုင်တယ်။
ပိုးဝင်ခံရရင် ကလေးငယ်တွေမှာ ၃-၃ဝ ရက်မှာရောဂါရမယ်။ ကြီးသူတွေမှာ ၁၂-၇၂ နာရီမှာခံစားရတာတွေပေါ်လာမယ်။ ကလေးဆိုရင် မအီမသာဖြစ်မယ်။ အားနည်းနေမယ်။ ဝမ်းချုပ်မယ်။ ခေါင်းကိုကောင်းကောင်းမထိန်းနိုင်ဖြစ်မယ်။ နို့စို့နည်းမယ်။ ကြီးတဲ့သူတွေမှာ မျက်စိကြည့်တာ အရုပ်နှစ်ခုပေါ်မယ်။ ကြည့်မကောင်းဖြစ်မယ်။ မျက်ခံကျမယ်။ စကာပြောတာနှေးလေးမယ်။ မျိုချရတာခက်မယ်။ အာခေါင်ခြောက်မယ်။ ဖြစ်တာနဲ့ဆေးရုံသွားရမယ်။
Credit : ဒေါက်တာတင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
