အရက်အဆိပ်သင့်ခြင်း (Alcohol Poisoning)
08-Oct-2017အရက်အဆိပ်သင့်ခြင်းသည် အသက်ဆုံးရှုံးစေသည်အထိ ကြောက်ဖို့ကောင်းသော အရက်အလွန်အကျွံသောက်ခြင်း၏ ဆိုးကျိုးဖြစ်ပါသည်။ အရက်အများကြီးအချိန်တိုအတွင်းသောက်ပါက အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နှင့် ခန္ဓာကိုယ်တုံ့ပြန်မှုများကို ထိခိုက်စေပြီး သတိလစ်ခြင်းနှင့် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါသည်။ အရက်တွင်ပါ၀င်သည့် အခြားပစ္စည်းများမှာ အရက်ပါသောဖျော်ရည်များ၊ ပါးစပ်ဆေးရည်များ၊ ဟင်းချက်ပစ္စည်းအချို့၊ ဆေးဝါးများ၊ သန့်ရှင်းရေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် အချို့အိမ်သုံးပစ္စည်းများတို့ဖြစ်သည်။
လက္ခဏာများ
• စိတ်ရှုပ်ထွေးခြင်း
• ပျို့အန်ခြင်း
• တက်ခြင်း
• အသက်ရှူနှေးခြင်း
• အသက်ရှူမူမမှန်ခြင်း
• အသားများပြာနှမ်း သို့ ဖြူဖျော့လာခြင်း
• ကိုယ်အပူချိန်ကျခြင်း
• သတိလစ်မေ့မျော၍ခေါ်မရခြင်း
အရက်အဆိပ်သင့်ခြင်း ဖြစ်နိုင်၊မဖြစ်နိုင်သည် အောက်ပါအချက်များပေါ်တွင်မူတည်သည်။
• ကိုယ်ခန္ဓာအချိုဒအစားနှင့် အလေးချိန်
• ကျန်းမာရေးဓာတ်ခံ
• လတ်တလောစားထားသည့်အစားအသောက်
• အရက်နှင့်တွဲ၍မှီဝဲထားသော ဆေးဝါးများ
• အရက်ပါ၀င်မှုရာခိုင်နှုန်း
• အရက်သောက်နှုန်း
• သောက်သူ၏ခံနိုင်ရည်စွမ်းအား တို့ဖြစ်သည်။
အရက်အလွန်အကျွံသောက်တယ်ဆိုတာ ဘယ်လောက်လည်း။
• အရက်အလွန်အကျွံသောက်သည်ဟု သတ်မှတ်ရန်မှာ အမျိုးသားဆိုလျှင် ၂နာရီအတွင်း ၅ပက်နဲ့အထက်၊ အမျိုးသမီးဆိုလျှင် ၄ပက်နှင့်အထက် အရက်သေစာသောက်သုံးနှုန်းကို ဆိုလိုပါသည်။
အရက်တစ်ပက်ကို ဘယ်လိုသတ်မှတ်လည်း
• ဘီယာ (၅%အရက်)ဆိုလျှင် ၁၂အောင်စ
• မုယောအရက် (၇%အရက်)ဆိုလျှင် ၈-၉အောင်စ
• ၀ိုင်အရက် (၁၂%အရက်)ဆိုလျှင် ၅အောင်စ
• အရက်ပြင်းများ (၄၀%အရက်)ဆိုလျှင် ၁.၅အောင်စ
နောက်ဆက်တွဲဆိုးကျိုးများ
• သီးခြင်း၊ အစာနင်ခြင်း၊ အန်ထွက်ခြင်း၊ အန်ဖတ်ဆို့ခြင်း
• အသက်ရှူရပ်ခြင်း
• ရေဓာတ်ခမ်းခြောက်ခြင်း
• သကြားဓာတ်ကျဆင်းပြီး တုန်တက်ခြင်း
• အပူချိန်အကျလွန်ပြီး နှလုံးခုန်ရပ်နိုင်ခြင်း
• နှလုံးခုန်မူမမှန်ခြင်း
• ဦးနှောက်ထိခိုက်ခြင်း
• အသက်သေဆုံးခြင်း
ဘယ်လိုစောင့်ကြည့်ကုသကြမလည်း။
• အသက်ရှူနှုန်းထား နှင့် အန်ဖတ်မဆို့စေရန် စောင့်ကြည့်ကာကွယ်ခြင်း
• အောက်စီဂျင်ပေးခြင်း
• အကြောထဲသို့ ရေဓာတ်ပြန်ဖြည့်ပေးခြင်း
• နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန် ဗီတာမင်နှင့် သတ္တုဓာတ်များ ပြန်ဖြည့်ပေးခြင်း
ပြင်းထန်ပါက ကျောက်ကပ်ဆေးရသည်အထိ ရောက်သွားနိုင်ပါသည်။
အရေးပေါ်အခြေအနေဖြစ်သည့်အတွက် ဆေးမီးတိုများနှင့်ကုခြင်းမှ အထူးရှောင်ကြဉ်ပါ။
မှားယွင်းနေသော အယူအဆများ
• မူးနေစဉ် အိပ်ပစ်လိုက်ခြင်းသည် မကောင်းပါ။ သတိလစ်သွားစေနိုင်ပါသည်။
• ကော်ဖီပြင်းပြင်းသောက်ခြင်းသည်လည်း မကယ်စွမ်းနိုင်ပါ။
• ရေအေးနှင့်လောင်းချိုးခြင်းသည်လည်း ရုတ်တရက်သတိလစ်စေနိုင်သည်။
• လမ်းမြန်မြန်လျှောက်ခြင်းသည်လည်း အကျိုးမထူးပါ။
ကာကွယ်ကုသနည်း
• အရက်ကို ချင့်ချိန်၍ သောက်ပါ။ ဖြည်းဖြည်းပဲသောက်ပါ။
• အစာမရှိပဲ အရက်ချည်းသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
• အချင်းချင်းပညာပေးဆွေးနွေးပါ။
• ကလေးငယ်များ မတော်တဆသောက်မိခြင်းကင်းရန် အရက်နှင့်ပတ်သတ်သည်များကို သေချာသိမ်းဆည်းထားပါ။
Cr: Dr. Su Nay Ni Htay
Reference: NHS choices