သတိထားသင့်သော နာကျင်မှု (၇) မျိုး
01-Feb-2021 ဒီဘက်ခေတ်မှာ ကျန်းမာရေး အသိပညာပေး ဂျာနယ်တွေ
မဂ္ဂဇင်းတွေ ဆောင်းပါးတွေ အများအပြား ထွက်ရှိနေကြတဲ့အတွက် ပြည်သူတွေမှာ ကျန်းမာရေး ဗဟုသုတ
အထိုက်အလျောက် ရှိနေကြပါပြီ။ ဝမ်းဗိုက်ခပ်ပြင်းပြင်းအောင့်လာရင် အူအတက်ရောင်တာများလား။
ရင်ဘတ်အောင့်လာတဲ့အခါ နှလုံးရောဂါဖောက်တော့မလား။ ခါးနေရာ အောင့်တဲ့အခါ ကျောက်ကပ်တစ်ခုခုများဖြစ်နေပြီလား
စသဖြင့် သောကပွားလာတတ်ကြပါတယ်။
ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်နေရာမှာ ဖိညှစ်ထားသလို ဆုပ်ဆွဲထားသလို
နာကျင်တာမျိုးဆိုရင် နှလုံးရောဂါဖောက်တဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ အချို့ဝေဒနာသည်တွေက သူတို့
ခံစားရမှုကို ရင်ဘတ်ပေါ် ဆင်တက်ထိုင်သလို ပဲလို့ ဖော်ပြတတ်ကြပါတယ်။ နှလုံးသွေးကြော သိပ်ကျဉ်းလာတဲ့အတွက်
နှလုံးကြွက်သားတွေဆီ သွေးနဲ့အတူ လေသန့်ဓာတ်တွေ ရောက်ရှိမှု မလုံလောက်တဲ့အတွက် နှလုံးကြွက်သားတွေ
ဒဏ်ဖြစ်လို့ ခံစားရတာပါ။ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဝေဒနာ ပိုဆိုးရွားတတ်ပါတယ်။ စိတ်လှုပ်ရှားမှု
ပြင်းထန်တဲ့ အခါမှာလည်း ခံစားရတတ်ပါတယ်။
တစ်ခါတစ်ရံ ကွဲထွက်မတတ် ခေါင်းကိုက်တတ်ပြီး
ဘာဆေးသောက်သောက် မသက်သာတဲ့အခါမျိုး ရှိတတ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် အတော်များများက ဦးနှောက်ကင်ဆာများ
ဖြစ်နေမလားလ့ို စိုးရိမ်တတ်ကြတယ်။
ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်ခြင်း၊ လှုပ်ရှားမှု
လိုက်လျောညီထွေ မဖြစ်တာကြောင့် ကျောအောက်ပိုင်း ကြွက်သားတွေ နာကျင်ကိုက်ခဲ တတ်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံ နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နေတတ်ပါတယ်။ ကာယကံရှင်မှာ ဆီးချိုရောဂါနဲ့
သွေးတိုးရှိနေမယ်။ လှုပ်ရှားမှု လုပ်တဲ့အခါ ပိုဆိုးဝါးခဲ့မယ်ဆိုရင် နှလုံးရောဂါရဲ့ လက္ခဏာဖြစ်ဖို့
များလာပါပြီ။ တစ်ခါတစ်ရံ ကျောရိုးဆစ်ကြားခုခံပြား ပျက်စီးလို့လည်း ဝေဒနာခံစားရတတ်ပါတယ်။
ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ခါးကိုက်တာမျိုးတွေ ခံစားရတတ်ပါတယ်။ ကျောရိုးတစ်လျှောက်
ရှိနေတဲ့ သွေးလွှတ်ကြောမကြီးရဲ့ ရောဂါတစ်မျိုး Aortic Dissection မှာလည်း ကျောအောင့်တတ်ပါတယ်။
ဆွေမျိုးသားချင်းတွေထဲမှာ သွေးကြောမရောဂါဖြစ်ပွားသူရှိဖူးရင် အရေးကြီးပါပြီ။ အမြန်ဆေးရုံပြသဖို့
လိုအပ်တတ်ပါတယ်။
ဗိုက်အောင့်ခြင်း
ဗိုက်အောင့်ဝေဒနာဟာ ခန့်မှန်းရခက်တဲ့ ဝေဒနာပါ။
ဒါပေမယ့် ခံစားရတဲ့ နေရာအပေါ်မူတည်ပြီး အကြမ်းဖျင်းတော့ သိနိုင်ပါတယ်။ ရင်ညွန့်နေရာမှာ
အောင့်ရင်တော့ အစာအိမ်ရောဂါပါ။ အရပ်အခေါ်တော့ လေအောင့်တာလို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံ
မုန့်ချိုအိတ်ရောင်ခြင်းကြောင့်လည်း ဗိုက်အောင့်တတ်ပါတယ်။ အရေးကြီးတဲ့ရောဂါပါ။
ပြင်းပြင်းထန်ထန်ခြေထောက်လှုပ်ရှားမယ်ဆိုရင်
ခြေသလုံးတွေ နာကျင်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ အနည်းငယ် ရောင်နေသလို ဖြစ်နေတတ်ပါတယ်။
အကြောင်းရှိနေလို့ အကျိုးရလဒ်သဖွယ် ဖြစ်တဲ့အတွက် ပူပင်စရာ မရှိပါဘူး။ ဒါပေမယ့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ
ခြေထောက်တစ်ဖက် ရောင်ဖောင်းနေမယ်။ နီနေမယ်။ နာကျင်နေမယ်ဆိုရင် ခြေထောက်သွေးပြန်ကြောမှာ
သွေးခဲဆို့နေတာ ဖြစ်နိုင်ပါတယ်။ ခြေထောက်
သွေးပြန်ကြောမှာ ပိတ်ဆို့နေတတ်တဲ့ သွေးခဲဟာ တစ်ခါတစ်ရံပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောငယ်တွေဆီ
ရောက်ရှိ ပိတ်ဆို့သွားနိုင်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဝေဒနာဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုနည်းသူတွေ
ခရီးအသွားများပြီး အထိုင်ကြာသူတွေမှာ ခြေထောက် သွေးပြန်ကြောအတွင်း သွေးခဲပိတ်ဆို့မှုရောဂါ
ဖြစ်ပွားတတ်ပါတယ်။ အသက် ၆၀ ကျော်၊ ကိုယ်ဝန်ဆောင်၊ အဝလွန်သူနဲ့ သွေးကြောထုံးရောဂါရှိသူတွေမှာ
ဖြစ်နိုင်ခြေ မြင့်မားတတ်ပါတယ်။
Credit : ဒေါက်တာ မြင့်သန်း(သန္ဓေသား)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။