ခိုလင်း
15-Oct-2017ခိုလင်း (Choline) ကိုယခင်က ဗီတာမင်ဘီအုပ်စုဝင်အဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါ ဗီတာမင်များစာရင်းတွင် ထည့်သွင်းမထားတော့ပါ။ သို့သော် အသက်ရှင်သန်ရေးအတွက် အရေးပါသဖြင့် သိထားသင့်ပါသည်။
Choline ရနိုင်သည့် အစားအစာများ
Choline ကို တိရစ္ဆာန်များ၏အသား၊ ကလီစာအမျိုးမျိုးမှ ရရှိနိုင်ပါသည်။ အခြားအစားအစာများ တွင်လည်း ပါဝင်နေပါသည်။
ခန္ဓာကိုယ် ဇီဝကမ္မလုပ်ငန်းများအတွက် အသုံးဝင်ပုံ
Choline သည် သွေးထဲမှ အဆီဓာတ်များကို ကလာပ်စည်း (Call ဆဲလ်) များအတွင်းသို့ ဝင်သွားနိုင်အောင် ကူညီပါသည်။ အသည်း၏ကလာပ်စည်း (Call ဆဲလ်) များအတွင်း အဆီဓာတ်များ စုမနေအောင် ကူညီပါသည်။ ခန္ဓာကိုယ်အတွင်း Acetyl – choline ခေါ် ဓာတုပစ္စည်းထုတ်လုပ်ရာတွင်လည်း ပါဝင်ပါသည်။
Choline ချို့တဲ့ရသည့် အကြောင်းရင်းများ
ကြီးထွားနေသည့် ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ အသည်းခြောက်ရောဂါ (Cirrhosis) ရှိသူများ၊ ပါးစပ်မှမစားနိုင်သဖြင့် သွေးကြောထဲသို့ အာဟာရဓာတ်များ ကာလကြာရှည်စွာ သွင်းပေးနေရသည့် (Long-term total parental nutrion) အခြေအနေတို့တွင် Choline ချို့တဲ့မှု ဖြစ်နို်င်ပါသည်။
Choline ချို့တဲ့ခြင်းတို့၏ လက္ခဏာများ
Choline ချို့တဲ့ခြင်းကြောင့် အသည်း၏ ကလာပ်စည်းများအတွင်း အဆီများစုနေခြင်း (Fatty Liver)၊ အသည်းခြောက်ခြင်း (Cirrhosis) တို့ ဖြစ်နိုင်ပါသည်။
Choline လိုအပ်ချက်
အသက်အရွယ်အလိုက် တစ်နေ့လျှင် ရရှိသင့်သည့် Choline ပမာဏ (Recommended intake – RL) နှင့် တစ်နေ့တွင် အများဆုံးစားသုံးနိုင်သည့် (ပို၍မစားသုံးသင့်သည့်) ပမာဏ (Tolerable upper intake – UI) တို့ကို အောက်ပါဇယားတွင် (မီလီဂရမ်ဖြင့်) ဖော်ပြထားပါသည်။
Credit:
ပါမောက္ခခင်မောင်ဝင်း (အသည်း)