အစာအိမ် အချဉ်ပေါက်သူများ ရှောင်ရမည့် အစားအစာများ
11-Feb-2021ကော်ဖီ =
ကဖင်းပါသော အစားအစာများသည် အစာအိမ် အက်ဆစ်ဓာတ်ကို လွန်ကဲစေသည်။
ချိစ်ကိတ်
= အဆီပါဝင်မှုများသော အစားအစာများသည် အစာအိမ် အက်ဆစ်ဓာတ်လျှံတက်စေပြီး ရင်ပူစေသည်။
ပန်းဂေါ်ဖီစိမ်း
= ပန်းဂေါ်ဖီစိမ်းသည် လေပွစေပြီး အစာအိမ် အက်ဆစ်ဓာတ်ကို လွန်ကဲစေသည်။
အချဉ်သစ်သီးများ
= အချဉ်ဓာတ်သည် အစာအိမ်အက်ဆစ် လွန်ကဲစေသည်။
အရက် = ဘီယာ၊
ဝိုင်နှင့်အရက်များသည် အစာအိမ်ရောင်သည်အထိဖြစ်သည်။အစပ်၊ ငရုတ်သီး၊ ချင်း စသည့် ပူစပ်သည့်
အစားအစာများသည် အစာအိမ် အက်ဆစ်ကိုပိုပြင်းစေပြီး ဗိုက်အောင့်စေသည်။
ချောကလက်
= ချောကလက်သည် အစာအိမ် အက်ဆစ်ကို မမြင့်တတ်စေသော်လည်း အစာရေမျို ပြွန်(oesophagus)
ကြွက်သားကို ပျော့ပျောင်းစေသည့်အတွက် အစာအိမ်အက်ဆစ်များကို ပြန်အန်ထွက်စေပြီး ရင်ပူစေသည်။
ခရမ်းချဉ်သီး
= ခရမ်းချဉ်ကိုယ်၌ပင် အက်ဆစ်ဓာတ် များစွာပါဝင်ပြီး အစာရေမျို ပြွန်ကိုလည်း ပျော့စေသည့်အတွက်
ရင်ပူစေသည်။ ခရမ်းချဉ်သီး အချဉ်ရည်များသည်လည်း အစာအိမ် အချဉ်ပေါက်စေသည်။
အစားကြီးခြင်း
= ညမအိပ်ခင် နှစ်နာရီမှ သုံးနာရီအတွင်း အစာအမြောက်အမြား စားထားလျှင် အစာရေမျို ပြွန်နှင့်
အစာအိမ်တို့ကြား ပြွန်ပေါက်ကို ဖိအားသက်ရောက်မှုကြောင့် အစာအိမ်အက်ဆစ်များ အပြင်ထွက်ကာ
ရင်ပူတတ်သည်။
ရှောင်ရန်
အစာအိမ်အနာ
ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊အပူအစပ်စားခြင်း၊ လက်သုပ်ချဉ်နှင့်
အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊ အကြော်)၊ အကိုက်အခဲ ပျောက်ဆေးများ၊ ကော်ဖီ၊
လက်ဖက်ရည်ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။
Credit : နေရည်ချို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။