Print

သစ်သီးနဲ့ ဖယောင်း အန္တရာယ်

  13-Feb-2021
Preview Image

အခုခေတ်မှာ သစ်သီးရောင်းချသူများနဲ့ ကုမ္ပဏီ အများအပြားဟာ အသီးတွေ ရေ ရှည်ခံအောင် ထိန်းသိမ်းထားဖို့ အထူး ပြုလုပ်ထားတဲ့ ဖယောင်းတွေ အသုံးပြုကြပါတယ်။ ပန်းသီး၊ လိမ္မော်သီးစတဲ့ သစ်သီးတွေကို ရေနံ အဓိကသုံး ဖယောင်းကော် သုတ်လိမ်းထားပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ဖယောင်းက အသီးတွေ တာရှည်ခံအောင် ထိန်းသိမ်းခြင်းနဲ့ ဘက်တီးရီးယား၊ မှိုတွေ ဖြစ်ပွားမှုမှ တားဆီးပေးကြောင်း အကြောင်းပြချက်ကောင်း တစ်ခု ပေးကြပါတယ်။ တကယ်တော့ ယင်းဖယောင်းကော်တွေဟာ သစ်သီးကို အရောင်တောက်ပြီး ပိုပြီးရောင်းပန်းလှစေတာပါ။ စိတ်မကောင်းစရာ အချက်က ဒီဖယောင်းတွေမှာ အင်ဂျင်စက်ဆီမှာ တွေ့ရတဲ့ အလားသဏ္ဍာန်တူ ပါဝင်ပစ္စည်းတွေ တည်ရှိပြီး အဲဒီအရာတွေက ကျန်းမာရေးကို အမျိုးမျိုး ထိခိုက်စေနိုင်ပါတယ်။

နောက် သစ်သီးတွေမှာ လူလုပ်ဆိုးဆေးနဲ့ သစ်သီး အလုံးလှအောင် ရည်ရွယ်ချက် နဲ့ ဆေးဆိုးထားကြောင်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အစားအသောက် ကုန်ပစ္စည်းတွေမှာ ကျယ်ပြန့်စွာ အသုံးပြုတဲ့ ဆိုးဆေးများမှာ ကင်ဆာရောဂါ အန္တရာယ် ပိုဖြစ်စေခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရပါတယ်။ ဒီအန္တရာယ် ဖြစ်စေနိုင်တဲ့ ဖယောင်းတွေ ဘယ်လိုရှောင်ရှားနိုင်မလဲ။

ပုံမှန် ဖယောင်းလွှာ အများစုမှာ ကျန်းမာရေး အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ကြောင်း လူသိများပါတယ်။ ဒါပေမယ့် ထုတ်ကုန်ပစ္စည်း ဖြန့်ချီတဲ့ တချို့ကုမ္ပဏီတွေဟာ သဘာဝ ပစ္စည်းပါဝင်တဲ့ ဖယောင်းသာ အသုံးပြုကြပါတယ်။ ဒါ့ကြောင့် အန္တရာယ် မဖြစ်စေနိုင်တဲ့ သစ်သီးသုတ်လိမ်း ဖယောင်းလွှာ အမျိုးအစားတွေ တွေ့နိုင်ပါတယ်။ အဲဒီအနက် တချို့ကတော့ -


Credit ; Trend Myanmar


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18