ဗီတာမင်များ (Vitamins) သက်စောင့်ဓာတ်
27-Oct-2017
ဤအရေးပါသော ဓာတ်များကို အချို့က (၉၆) ပါးပျောက်စေနိုင်သော အထူးအားဖြည့် ဆေးများအဖြစ် မှတ်ယူမှုလွဲတတ်ကြ၏။ အမှန်တွင် ဗီတာမင်တို့သည်။ ခန္ဓာကိုယ်၏ အရေးကြီးသော လုပ်ဆောင်ချက်များတွင် အသုံးချရန် လိုအပ်သော ဓာတုဒြပ်ပေါင်းများဖြစ်ပြီး အနည်းစီမျှသာ လိုအပ်သည်။ ၎င်းတို့မရှိပါက ကိုယ်ခန္ဓာယန္တရားကြီး လည်ပတ်ရန် မဖြစ်နိုင်သလို ၎င်းတို့ချို့တဲ့နေပါကလည်း မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ရာတွင် ကိုယ်ခန္ဓာတွင် လုံလောက်သော ဗီတာမင်ဓာတ်ရှိပါက ပိုသောဗီတာမင်ဓာတ်များကို ထပ်မံသုံးစွဲခြင်း မရှိတော့ပေ။ ထို့ကြောင့် နေ့စဉ်လိုအပ်သော ပမာဏကိုသာ ဖြည့်တင်းပေးရန်လိုအပ်ပြီး ကိုယ်ခန္ဓာကို မလိုအပ်ဘဲ ဗီတာမင်ဓာတ်များ ပိုလျှံစွာ ဖြည့်တင်းမပေးသင့်ပေ။
အဘယ်ကြောင့်ဆိုသော် ဗီတာမင်လွန်ကဲစွာ စားသုံးမိပါက အန္တရာယ်ရှိနိုင်၍ ဖြစ်သည်။ မျှတသော အစားအစာတွင် ပရိုတင်းဓာတ် (အမဲသား၊ ကြက်သား၊ ငါး၊ ဒိန်ခဲ)၊ နို့၊ ပေါင်မုန့်၊ ကောက်ပဲသီးနှံ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စသည်တို့ ပါဝင်ပြီး ၎င်းတို့မှ ကိုယ့်ခန္ဓာကိုယ်အတွက် လုံလောက်သော ဗီတာမင်ဓာတ်များ ရရှိပေမည်။ ယခုအခါတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက် လုံလောက်သော ဗီတာမင်များပါဝင်ပါသည့် ဆေးစက်ချတိုက်နိုင်သည့် ဗီတာမင်ဆေးရည်များ၊ ဆေးလုံးများကို ဝယ်ယူရရှိနိုင်သလို သက်ကြီးရွယ်အိုများအတွက် လိုအပ်သော အာဟာရကိို မစားသုံးနိုင်ပါက ဖြည့်တင်းပေးမည့် ဗီတာမင်ဆေးများလည်း ဝယ်ယူရရှိနိုင်ပါသည်။
Credit: Dr.May Moe Nwe
Ref: A-Z Family Health Adviser
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

