အမေနဲ့ကလေးအတွက် မရှိမဖြစ်အရေးပါတဲ့ သံဓာတ်
22-Oct-2017
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ အာရှနိုင်ငံအများစုက မိခင်နဲ့ကလေးအများစုဟာ သံဓာတ်လုံလုံလောက်လောက်မရရှိဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အများစုဟာ အဓိကလိုအပ်တဲ့သံဓာတ်ပါ၀င်တဲ့ အသားတွေကို လုံလောက်အောင်စားသုံးမှုမရှိဘူးလို့ဆိုပါတယ်။
ကယ်လ်ဆီရမ်ဓာတ်ချို့တဲ့သူတွေလည်း ရှိပြီးဒါဟာ နို့နှင့် နို့ထွက်ပစ္စည်းကိုမစားသုံးပဲ အသီးအရွက်စားသောက်သူသာများနေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ အစာအာဟာရ လုံလောက်စွာရဖို့ လွန်စွာအရေးကြီးပြီး အဲ့လိုစားသုံးမှသာ မိခင်ရော ကလေးပါကျန်းမာနိုင်ပါတယ်။
မိခင်တစ်ဦး ကျန်းမာရင်ရရှိမည့် အကျိုးကျေးဇူးတွေက များလှပါတယ်။ တကယ်တော့ ကိုယ်ဝန်စဆောင်ချိန်က စပြီး ကလေးမွေးဖွားသည်အထိ မိခင်ရဲ့စားသောက်ပုံစံဟာ ကလေးအပေါ်သက်ရောက်မှုရှိပါတယ်။ အာဟာရလုံလောက်အောင်မရခဲ့ ရင်ကလေးဖွံ့ဖြိုးမှုကို ထိခိုက်တာကနေ ကိုယ်ဝန်ပျက်ကျသည်အထိဖြစ်နိုင်ပါတယ်။ မိခင်ကျန်းမာမှ ပဲ ကလေးကို ကိုယ်တိုင်နို့တိုက်ကျွေးနိုင်မှာပါ။ ၆ လအထိမိခင်နို့တစ်မျိုးတည်းစို့ခဲ့တဲ့ ကလေးတွေဟာ ကိုယ်ခန္ဓာကြီးထွားမှုသာမက နို့ဗူးတိုက်ကျွေးခဲ့တဲ့ တခြားကလေးတွေထပ်လည်း နေမကောင်းဖြစ်နိုင်ချေနည်းပါတယ်။
တခြားတစ်ဖက်မှာတော့ ကိုယ်ဝန်ဆောင်ဘဝမှာ အစာအာဟာရစုံလင်အောင် မစားသုံးခဲ့ရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေပါလာနိုင်ချေရှိနေပါတယ်။ ဥပမာပြောရရင် ကိုယ်ဝန်ဆောင်ချိန် တုန်းက ဖော်လစ်အက်ဆစ် folic acid လုံလောက်အောင်မရရှိခဲ့ရင် မွေးလာတဲ့ ကလေးတွေမှာ ကျောရိုးပုံမမှန်တဲ့ ရောဂါမျိုးဖြစ်နိုင်ချေပိုများပါတယ်။
ဒီလိုရောဂါမျိုးတွေက ကာကွယ်ဖို့ မိခင်တွေ အစာအာဟာရစုံလင်အောင် စားသုံးဖို့ လိုအပ်ကြောင်း ကျန်းမာရေး ပညာပေးတာမျိုးတွေပိုလုပ်ဖို့ လိုအပ်ပါတယ်။
Credit: Reader’s Digest
Dr. Oliver
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

