Aromatherapy (ရနံ့ကုထုံး)
30-Oct-2017ရှေးဟောင်းကုထုံးတမျိုးဖြစ်တဲ့ ရနံ့ကုထုံးဟာ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကအစပြုခဲ့ပြီးယနေ့ထက်တိုင်ထင်ရှားကျော်ကြားနေဆဲဖြစ်ပါတယ်။
ရနံ့ကုထုံးတွင် ရနံ့ဆီများနှင့် လိမ်းသပ်နှိပ်နယ်ခြင်း။ရေချိုးရာတွင် ရနံ့ဆီဖြင့်စိမ်ချိုးခြင်း။ ရနံ့အဆီ ရှူဆေးများရှူခြင်း တို့အပြင် ရနံ့ဆီမှ အလှဆီ၊ အမွှေးအကြိုင်များထုတ်လုပ်ခြင်း တို့ပေါ်ပေါက်လာပါသည် ။ရနံ့ကုထုံးကို အဓိကအားဖြင့် စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့လျော့ကျစေဖို့ အဓိကထားအသုံးပြုကြပါသည်၊ စိတ်လှုပ်ရှားမှုကို သက်သာစေခြင်း၊ အစာမကြေ၊ခေါင်းမူးခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာများသက်သာခြင်း၊အရိုးအဆစ်ရောင်ရမ်းခြင်းတို့ကိုလည်းသက်သာစေပါသည်၊ ကင်ဆာရောဂါကုထုံး၏ ဘေးထွက်ဆိုးကျိုးမာျးကိုသက်သာစေနိုင်ခြင်း၊ အမျိုးသမီးများ မီးဖွားစဉ် နာကျင်ကိုက်ခဲခြင်းကိုလျော့ကျစေနိုင်ခြင်း အတိတ်မေ့ရောဂါကိုကူသနိုင်ခြင်းတို့အတွက််လည်း အသုံးပြုကြပါသည်။
ရနံ့အမျိုးအစားပေါ်မူတည်ပြီးခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်များအပေါ်အကျိုးသက်ရောက်မှုကွဲပြားသွားပါသည်၊(ဥပမာ- သံပရာရနံ့ကြောင့်စိတ်ကြည်လန်းခြင်း၊ လာဗင်ဒါရနံ့ကြောင့် အိပ်ချင်စိတ်ဖြစ်လာခြင်း။ ရိုစ့်မယ်ရီရနံ့ကြောင့်နိုးကြားလာခြင်း)
ရနံ့အဆီအများစုသည် ဘက်တီးရီးယားနှင့် မှိုပိုးများကိုသတ်နိုင်ခြင်း။ ရောင်ရမ်းတာကိုလျော့ကျစေခြင်း၊ ဗိုင်းရပ်ပိုးများသေစေခြင်း၊ဓာတ်တိုးမှုကိုဆန့်ကျင်ပေးခြင်း(anti -oxidant)၊ အင်းဆက်နဲ့ခြင်များပြေးစေနိုင်ခြင်း၊အူလမ်းကြောင်း လှုပ်ရှားမှုကောင်းစေခြင်း ၊ဆံသားမှာဗောက်/ဒက် များသန့်စင်ပေးနိုင်ခြင်း စသည့် အာနိသင်များရှိပါသည်။
ရနံ့အဆီများသည်ရေမွေးနှင့်မတူပါ၊ရေမွေးသည် တချို့သောလူများတွင် ဓာတ်မတည့်ခြင်း၊ယားခြင်းစတာတွေဖြစ်တတ်ပြီး ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်သောအာနိသင်မရှိပါ၊
ဘေးထွက်ဆိုးကျိူးများ
ယေဘုယျအားဖြင့် ရန့ံအဆီများသည် အန္တရာယ် မရှိပါဘူး။ ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများအနေဖြင့် မျက်လုံး၊ အရည်ထုတ်လုပ်နိုင်သောအလွှာပါး(mucous membrane)နှင့်အရေပြားတွင်ယားယံခြင်းတို့ဖြစ်စေပါသည်။တချိုု့သောရနံ့ဆီများကိုရှုရှိုက်ခြင်းဖြင့် ဓာတ်မတည့်သူများတွင် အလာဂျီဖြစ်နိုင်ပါသည်။ သိုလှောင်သိမ်းဆည်းပုံစနစ်မကျခြင်း၊အထားကြာခြင်းတို့ကြောင်းဒြပ်ပေါင်းများ ဓာတ်တို့းသွားပြီးပြောင်းလဲနိုင်တာကြောင့် သေချာစွာသိမ်းဆည်းရန်လိုအပ်ပါသည်။
Credit :အာရောဂျံ magazine.