Print

သင့်မျက်စိကို ကာကွယ်ပါ

  02-Nov-2020
Preview Image

မွေးဖွားရာကနေ နောက်ဆုံး မျက်စိမှိတ် သေဆုံးတဲ့အချိန်အထိ မျက်လုံးရဲ့ စွမ်းဆောင်မှုဟာ အရေးပါလှပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ တန်ဖိုးရှိလှတဲ့ မျက်လုံး

လေးတွေ ကျန်းမာနေစေဖို့၊ ပျက်စီးမှု နည်းပါးစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ၊ စားရမယ့် အစာအာဟာရတွေကို သိဖို့ လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် မျက်စိကျန်းမာဖို့-

 

( ၁ ) ကောင်းမွန်တဲ့ အမြင်အာရုံရဖို့ ကျွန်မတို့ စားတဲ့ အစားအသောက်ကနေ စတင်ပါ။

( ၂ ) ဆေးလိပ် ဖြတ်ပါ။ ဆေးလိပ် သောက်တာဟာ မျက်စိ အတွင်းတိမ်ရောဂါ၊ အမြင် အာရုံကြော ပျက်စီးခြင်းနဲ့ အမြင်လွှာပျက်စီးခြင်းတွေ ဖြစ်စေပါတယ်။

( ၃ ) အပြင်ထွက်ရင် နေကာမျက်မှန် တပ်ပါ။

( ၄ ) Computer ကို ကြာရှည်ကြည့်ခြင်းမှ ရှောင်ပါ။ မလွှဲသာလို့ ရှိရင်လည်း မျက်စိကို Computer Screen နဲ့ အနည်းဆုံး ၁၄လက်မ အကွာမှာ ထားပြီး ကြည့်ပါ။ မကြာခဏ အဝေးကို လှမ်းကြည့်ပါ။ မျက်တောင် ခတ်ပါ။

 

နောက်ထပ် အရေးကြီးတာတစ်ခုက အစားအသောက်ပါ။ မျက်စိအမြင် အားကောင်းစေဖို့၊ ကျန်းမာစေဖို့ အထောက်အကူဖြစ်စေမယ့် အစားအစာတွေ စားဖို့ ကလည်း လိုအပ်တဲ့အချက်ပါ။ ဒါကြောင့် ဘယ်လိုအစာတွေ စားသင့်လဲဆိုတာ ပြောပြပေးပါမယ်။

 

၁။ ငါး စားပေးပါ။ ငါးဆိုရာမှာ ရေအေးငါးမျိုးတွေ ဖြစ်တဲ့ Salmon ငါး၊ တူနာငါး၊ ဆာဒင်းငါးနဲ့ Mackeret ငါးတွေမှာ အကျိုးပြု အဆီဓာတ် Omega 3 Fatty Acid ပါတာကြောင့် မျက်လုံးခြောက်ခြင်း၊ အမြင်လွှာပျက်စီးခြင်းနဲ့ အတွင်းတိမ်ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုုင်ပါတယ်။ အကယ်၍ ပင်လယ်စာ မစားတဲ့သူဆိုရင်တော့ ငါးကြီးဆီဆေး ကို ဖြည့်စွက်သောက်တာ၊ သက်သက်လွတ်သမားတွေဆိုရင် Black Current အသီးရဲ့ အစေ့က အဆီ၊ နှမ်းကြတ် စေ့အဆီနဲ့ ပြုလုပ်ထားတဲ့ ဖြည့်စွက်ဆေးကို သောက် လို့ ရပါတယ်။

 

၂။ အစိမ်းရောင်အရွက် များများစားပါ။ ဟင်းနုနယ်နဲ့ ကိုက်လန်မှာ အမြင်လွှာပျက်စီးခြင်းနဲ့ အတွင်းတိမ် ဖြစ်တာကို ကာကွယ်နိုင်တဲ့ Lutein နဲ့ Zeaxanthin ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ပန်းဂေါ်ဖီ၊ ပဲနဲ့ ထောပတ်သီးတွေမှာလည်း အလားတူ အာနိသင် ရှိပါတယ်။

 

၃။ ဥ အမျိုးမျိုး စားပါ။ ဥတွေမှာလည်း Lutein နဲ့ vitamin A တွေပါဝင်လို့ မျက်စိခြောက်တာ၊ ညဘက် မမြင်ရတဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

 

၄။ လုံးတီးဆန် စားပါ။ အသက်အရွယ် ကြီးရင့်လို့ဖြစ်တဲ့ အမြင်လွှာပျက်စီးခြင်း ကို လျှော့ချပေးနိုင်ပါတယ်။

 

၅။ ဆစ်ထရစ် Citric ဓာတ်ပါတဲ့ အချဉ်အရသာပါသော အသီးတွေနဲ့ ဘယ်ရီသီးများ စားပေးပါ။ လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပရာနဲ့ ဘယ်ရီသီးတွေ မှာပါတဲ့ vitamin C ဓာတ်ဟာလည်း အမြင်လွှာပျက်စီးခြင်းနဲ့ အတွင်းတိမ်ကို ကာကွယ်ပေးနိုင်ပါတယ်။

 

.၆။ အစေ့အဆန်အမျိုးမျိုးမှာ Omega-3 အဆီနဲ့ vitamin E ပေါများတာကြောင့် မျက်စိကို အကျိုးပြုပါတယ်။

 

၇။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ရွှေဖရုံ၊ ပြောင်းဖူး စတဲ့ အရောင်စုံ အသီးများဟာလည်း မျက်စိကို ကျန်းမာစေပါတယ်။

 

၈။ ပဲကြီး၊ ပဲနောက်နဲ့ ပဲနီလေးတွေမှာ bioflavonoids နဲ့ ဇင့်ဓာတ် ကြွယ်ဝပြီး မျက်စိကို အထူးကျန်းမာစေပါတယ်။

 

၉။ ငါးကြီးဆီ၊ နှမ်းကြတ်ဆီ၊ black current အစေ့အဆီနဲ့ နေကြာစေ့တွေမှာ vitamin E, Zinc နဲ့ Omega-3 အဆီပါလို့ အမြင်အာရုံနဲ့ မျက်စိကို ကျန်းမာစေပါတယ်။

 

၁၀။ အမဲသားမှာ ဇင့်ဓာတ် ကြွယ်ဝပြီး vitamin A စုပ်ယူမှုကို ကောင်းစေသောကြောင့် မျက်စိအမြင်လွှာ ပျက်စီးတာကို ကာကွယ်ပေးပါတယ်။

 

Credit : ဒေါက်တာခင်မိုးမိုးအောင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18