Print

ဝမ်းဗိုက်နာခြင်း (Abdominal Pain)

  04-Apr-2021
Preview Image

ဝမ်းဗိုက်နာခြင်း (Abdominal Pain)

(၁) ဝမ်းဗိုက်အောင့်ခြင်း ၊ နာခြင်းတွင် ဆန်းစစ်ရမည့်အချက်များ

(၂) လူနာအခြေအနေအဆက်မပြတ်နာခြင်း ၊ ပြတ်တောင်းပြတ်တောင်းနာခြင်း

အထူးသတိပြုရှောင်ကြဉ်ရမည့် အချက်များ

၁။ ဝမ်းဗိုက်ပြင်အား နှိပ်ခြင်း၊ နယ်ခြင်း လုံးဝမပြုလုပ်ရ။

၂။ လူနာ၏ ရောဂါအခြေအနေကို အတိအကျ မသိပဲ ဆေးတိုက်ခြင်းမပြုရ။

၃။ ဆေးရုံပို့ရမည့်လူနာအား ရေ၊ အစာတိုက်ကျွေးခြင်းမပြုရ။

၄။ ရေနွေးအိတ်တင်ခြင်း၊ ဝမ်းနှုတ်ဆေးကျွေးခြင်းမပြုလုပ်ရ။

ပြုစုနည်း

၁။ လူနာအား လဲလျောင်းစေပြီး မည်သည့်အစာ၊ ရေမျှမတိုက်ကျွေးရ။

၂။ ပက်လက်အနေအထားဖြင့် ဒူးကိုကွေး၍ထောင်ထားစေပြီးသက်သာသောအနေအထားတွင်ထားပါ။( အသက်ရှူခက်ခဲသည် အထိ နာကျင်ပါက လူနာကို ထိုင်လျှက်အနေအထား၊ ကုန်းလျှက်အနေအထားတွင်ထားပါ။

၃။ လူနာ၏ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းများ မှတ်သားပါ။

၄။ ဆေးရုံ၊ဆေးခန်းသို့ ပို့လျှင် အန်ဖတ်များကို ဆရာဝန်/ဆရာမ များထံပြသပါ။

 

Credit : အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18