မီးယပ်သွေးဆုံးခြင်း
06-May-2021အသက် ၄၅ မှ
၅၀ နှစ်အကြားတွင် 'မ'ဟော်မုန်း အီစတြို ဂျင်ထုတ်လုပ်မှု ရပ်တန့် သွားပြီး ရာသီသွေးမပေါ်တော့ခြင်းကို
မီးယပ်သွေးဆုံးခြင်းဟုခေါ်ပါသည်။ မီးယပ်သွေး ဆုံးခြင်းသည် ရုတ်ချည်းဖြစ်ပေါ်လေ့မရှိဘဲ
မီးယပ်သွေးလုံးဝပျောက်ကွယ်မသွားခင် ၁ နှစ်မှ ၅ နှစ်အတွင်း ရာသီသွေးထိန်ခြင်းနှင့် မမှန်ခြင်းတို့ဖြစ်တတ်သည်။
တခြားသောမဟော်မုန်းထုတ်လုပ်နိုင်သော နေရာများဖြစ်သည့် အက်ဒရီနယ်ဂလင်းနှင့် အဆီတစ်သျှူး
များမှလည်း သွေးဆုံးပြီးချိန်တွင် လိုအပ်သည့် ဟောမုန်းများကို ထုတ်ပေးလျက်ရှိသော် လည်း
ပမာဏမှာ မလုံလောက်သည့်အတွက် ထိုကာလအတွင်း ခန္ဓာကိုယ်မအီမသာဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊
စိတ်ဓာတ်ကျခြင်းစသော ရောဂါလက္ခဏာများ ပေါ်ပေါက် လာပါသည်။
မဟော်မုန်းလျော့နည်းမှုကြောင့်
သွေးဆုံးပြီးနှင့် သွေးမဆုံးမီကာလအတွင်းခံစားရသောရောဂါလက္ခဏာများ
အမျိုးသမီးထု၏ ၉၀%သည် ထိုရောဂါလက္ခဏာများကို ခံစားရနိုင်သည်။ ပုံမှန်အားဖြင့် ရောဂါလက္ခဏာ စတင်သည်မှ ၂ နှစ်မှ ၁၀ နှစ်အထိ ကြာရှည်နိုင်ပြီး တစ်ချို့အမျိုးသမီးများတွင် မပျောက်ဘဲဖြစ်နေတတ်သည်။
(၁) ခန္ဓာကိုယ်ဖိန်းတိန်း၊
ရှိန်းတိန်းဖြစ်ခြင်း
- ညဘက်ချွေးစီးပြန်ခြင်း
- ညဘက်အိပ်ရေးပျက်ခြင်း
- မောပန်းလွယ်ခြင်း
(၂) ရင်တုန်ခြင်း
(၃) စိတ်ခံစားလွယ်ခြင်း
- စိတ်အပြောင်းအလဲမြန်ခြင်း
- စိုးရိမ်ပူပန်စိတ်များခြင်း
- စိတ်ဓာတ်ကျခြင်း
- အာရုံစူးစိုက်မှုလျော့နည်းခြင်း
(၄) မွေးလမ်းကြောင်းခြောက်သွေ့ခြင်း
- ကာမဆန္ဒ လျော့နည်းခြင်း
သွေးဆုံးပြီးနောက်
ပေါ်ပေါက်လာသော ရောဂါလက္ခဏာများ
- အရိုးပွခြင်း
- နှလုံးနှင့်
သွေးကြောဆိုင်ရာရောဂါများ
- ခုခံအားလျော့နည်းခြင်း
- ဦးနှောက်နှင့်
နာ့ဗ်ကြောဆိုင်ရာ ရောဂါလက္ခဏာများ
- သူငယ်ပြန်ခြင်း
- အသားအရေရှုံ့တွဲအိခြင်း
- ဆံပင်ကျွတ်ခြင်း
ကုထုံး
“မ” ဟော်မုန်းအစားထိုးကုထုံး
သဘာဝအတိုင်း
ခန္ဓာကိုယ်မှထွက်သော မဟော်မုန်းများမဟုတ်သည့်အတွက် ကောင်းကျိုးနည်း၍ ဆိုးကျိုးများစေပါသည်။
Credit : Ziwaka magazine, October 2014, Pg.82
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။