အရက်ကြောင့်ဖြစ်ရတဲ့ အသည်းခြောက်ရောဂါ
31-May-2021
အသည်းရောဂါများအနက်
အရက် (Alcohol) သောက်သုံးမှုကြောင့် ဖြစ်ပွားတဲ့ရောဂါများဟာ လူနေမှုစနစ် (life
style) ပုံစံမူတည်ပြီး တိုးတက်များပြားလာသလို၊ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေလည်း
ဖြစ်ပါတယ်။
အသည်းခြောက်ခြင်း
(Cirrihosis) ဟာ အရက်ကြောင့် ဖြစ်တယ်ဆိုတာ သိရှိခဲ့ပါတယ်။ အသည်းအဆီဖုံးခြင်း
(Fatty liver)၊ ရုတ်တရက် အသည်းရောင်ရမ်းခြင်း (Alcoholic Hepatitis)၊ အသည်းရောင် “ဘီ”
ပိုးနဲ့ “စီ” ပိုးရောဂါများကို ပိုမိုဆိုးရွားစေခြင်း (Enhance
Hepatitis B and C)၊ အသည်းအဆိပ်ဖြစ်စေတဲ့ ဆေးဝါးများရဲ့ အန္တရာယ်ကို ပိုဆိုးစေခြင်း
(Enhance Drug Tosicity) ရောဂါတို့ဟာ အရက်ကြောင့်ဖြစ်နိုင်သည်။ အရက်သောက်ခြင်းဟာ အသည်းကင်ဆာဖြစ်စေနိုင်တဲ့
အဓိကအကြောင်းတစ်ခုကို သတ်မှတ်လာပါတယ်။
ဒါပေမယ့်လည်း
အရက်သောက်သုံးသူ အားလုံးမှာ အသည်းရောဂါဖြစ်မယ်လို့တော့ မဆိုနိုင်ပါဘူး။ အရက်သောက်သုံးမှုပုံစံ၊
အရက်အမျိုးအစား သောက်တဲ့ပမာဏ၊ အချိန်ကာလ၊ လူမျိုးနှင့်အလေ့အထ၊ အသက်အရွယ်၊ မျိုးရိုးဗီဇ၊
ကျားမခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အာဟာရ၊ အစားအသောက်၊ တခြားပူးတွဲရှိနေတဲ့ ရောဂါတွေအပေါ်မူတည်ပြီး
အသည်းရောဂါဖြစ်ပွားတာကို တွေ့ရပါတယ်။
အရက်ကို နေ့တိုင်းသောက်တဲ့သူနဲ့
ရက်ခြားသောက်တဲ့သူဟာလည်း မတူပြန်ပါဘူး။ နေ့စဉ်ဆက်တိုက် သောက်သုံးသူများဟာ ရောဂါဖြစ်ပွားမှုပိုတာတွေ့ရပါတယ်။
ရက်ခြားသောက်သူတွေမှာတော့ အရက်ကြောင့်အသည်းပျက်စီးမှုကို ပြုပြင်ဖို့ အချိန်ရတဲ့အတွက်
ရောဂါဖြစ်ပွားမှုနှေးတာ တွေ့ရပါတယ်။ ဒါ့ကြောင့် အနည်းဆုံး တစ်ပတ်နှစ်ရက်လောက် အရက်မသောက်ဖို့
တိုက်တွန်းလေ့ရှိပါတယ်။
ပြင်းထန်တဲ့
ရုတ်တရက် အသည်းရောင်မှုဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အဆင့်ဖြစ်လို့ အထူးဂရုပြုရပါမယ်။ လူနာရဲ့
ခန္ဓာကိုယ်ပေါ်မှာ Spider လို့ခေါ်တဲ့ အနီအစက်အပြောက်တွေ များလာမယ်၊ မျက်လုံးဝါ၊ အသားဝါဟာ
ပိုဆိုးလာမယ်၊ ရေဖျဉ်းဝင်လာမယ်၊ ကယောင်ကတမ်းဖြစ်လာမယ်၊ ဆီးသွားနည်းလာမယ်ဆိုရင်တော့
ရောဂါပြင်းထန်မှု ဆိုးရွားတဲ့အဆင့်ကို ရောက်နေပြီလို့ဆိုနိုင်ပါတယ်။ ဒီအခြေအနေမှာ အစာအိမ်သွေးယိုပြီး
သွေးအန်တတ်သလို၊ ရုတ်တရက် အဆုတ်သွေးကြော ပိတ်ဆို့ခြင်း (Pulmonary Embolism) ဖြစ်ကာသတိလစ်
သေဆုံးနိုင်ပါတယ်။
အရက်ကြောင့်
အသည်းကင်ဆာဖြစ်ခြင်းကတော့ အသည်းခြောက်တဲ့သူတွေမှာ ဖြစ်တာများပါတယ်။
အရက်ကြောင့်
အသည်းရောဂါတွေ ဖြစ်ပွားရာမှာ အရက်သောက်သုံးမှုဟာ အဓိက အကြောင်းတရားများဖြစ်တဲ့အတွက်
အရက်ကို လုံးဝဖြတ်နိုင်မှသာ အသည်းရောဂါများ ကင်းစင်ပပျောက်နိုင်မှာ ဖြစ်ပါတယ်။
Credit : ပါမောက္ခဒေါက်တာဝင်းနိုင်(အသည်းအထူးကုဆရာဝန်ကြီး)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
