Anti HCV positive ဖြစ်တယ်ဆိုရင် ဘာဆက်လုပ်ရမှာလဲ....???
03-Jun-2021
လူတစ်ယောက်ဟာသွေးစစ်လိုက်လို့
anti-HCV positive ဖြစ်တယ်ဆိုရင် ငါတော့ စီပိုးရှိတယ်ဆိုပြီး ထိတ်လန့်တုန်လှုပ် ချောက်ချားကုန်ကြပါတယ်။တကယ်တော့
anti HCV positive ဆိုတာ စီပိုးရှိတယ်လို့ပြောတာ မဟုတ်ပါဘူး။ တစ်ကြိမ်တစ်ခါ က စီပိုးဝင်ခဲ့ဖူးတယ်ဆိုတာကိုပြောတာပါ။
HCV RNA ဆိုတာကမှ စီပိုးပါ။ အဲဒါကြောင့်
Anti-HCV positive ဖြစ်တယ်ဆိုရင် စီပိုးရှိမရှိ HCV RNA လို့ခေါ်တဲ့ စီပိုးအကောင်အရေအတွက်ကို
ဆက်စစ်ရပါမယ်။ အဲဒီလိုစစ်တဲ့အခါမှာ HCV RNA negative လို့အဖြေထွက်ရင် စီပိုးမရှိဘူးပေါ့။
အဲ့ဒီတော့ ဘာမှကုစရာမလိုဘူးပေါ့။ ဒါပေမဲ့ စီပိုးတစ်ကြိမ်တစ်ခါက ဝင်ခဲ့ဖူးတယ်ဆိုတယ်အတွက်
၆လတစ်ခါတော့ အသည်းကောင်းမကောင်းပုံမှန်စစ်ဆေးသင့်ပါတယ်။
HCV RNA စီပိုးအကောင်ရေတွေ များနေတယ်ဆိုရင်တော့ စီပိုးသေဆေးတွေနဲ့
ကုဖို့လိုပါမယ်။ အဲဒီလို ကုဖို့အတွက် နောက်တစ်ဆင့် ဆက်လုပ်ရမှာကတော့ ၁၊၂၊၃၊၄၊၅၊၆ ဆိုတဲ့
စီပိုးအမျိုးအစားအုပ်စု ခြောက်မျိုးထဲက ဘာအမျိုးအစားဖြစ်တယ်ဆိုတာကို စစ်ရပါမယ်။ စီပိုးအမျိုးအစားပေါ်လိုက်ပြီး
ကုရတဲ့အချိန်ကွာခြားပါတယ်။ ပြီးတော့ စီပိုးပျောက်တဲ့နှုန်းဟာလည်း စီပိုးအမျိုးအစားပေါ်မူတည်ပြီး
ကွဲပြားမှုရှိပါတယ်။
အကြမ်းအားဖြင့်
ပြောရမယ်ဆိုရင် အမျိုးအစား ၁ ဟာ ကုရတာ အခက်ဆုံးပြီး အမျိုးအစား ၂ ကတော့ကုရတာ အလွယ်ဆုံးပါ။
ကျန်အမျိုးအစားတွေဖြစ်တဲ့ ၃၊၄၊၅၊၆ ဆိုရင်တော့ အလယ်အလတ် ပျောက်နှုန်းတွေ ရှိပါတယ်။ စီပိုးအကောင်ရေရှိတဲ့လူတိုင်းကို
ဆေးကုသင့်ပါတယ်။ ဘာလို့လဲဆိုတော့ စီပိုးပျောက်အောင်ကုမှ အသည်းကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
ဒါကြောင့်မို့လို့ Anti HCV positive ဖြစ်တဲ့လူတိုင်းဟာ
စီပိုးရှိတယ်ဆိုရင် အသည်းကင်ဆာ ဖြစ်နိုင်တဲ့အတွက် ပေါ့ပေါ့ဆဆ မနေဘဲ လိုအပ်သလို စနစ်တကျ
ဆက်လက်စစ်ဆေးပြီး စီပိုးလုံးဝပျောက်ကင်းသည် အထိ ကုသသင့်ပါတယ်။စီပိုးရှိလူတိုင်းကို
ကုသင့်ပေမယ့်လည် အောက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေမှာတော့ ပြင်းထန်တဲ့ ပက်ဂလိတ်တက်
အင်တာဖရွန်ထိုးဆေးတွေသုံးပြိး မကုသင့်ပါဘူး
က၊၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
ခ၊ ဆိုးဝါးပြင်းထန်တဲ့
စိတ်ကျရောဂါရှိသူများ
ဂ။ အသည်းခြောက်ရောဂါ
နောက်ဆုံးအဆင့် ရောက်နေသူများ
ယ။ အခြားဆိုုးဆိုးဝါးဝါးရောဂါရှိသူများ
ဒါပေမဲ့ အခုခေတ်နောက်ဆုံးပေါ်စီပိုး
သေဆေး စားဆေးတွေနဲ့ ကုမယ်ဆိုရင်တော့ စပိုးရှိတဲ့ လူနာတိုင်းနီးပါးကို ကုလို့ရနေပါပြီ။
Credit - ပါမောက္ခ
ခင်မောင်ဝင်း (အသည်း)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
