ဦးနှောက်အမြှေးရောင်ရောဂါ
14-Jun-2021ဦးနှောက်အမြှေးရောင်ရောဂါသည်
ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သောရောဂါဖြစ်သည်။နှာချေခြင်း၊ ချောင်းဆိုးခြင်း၊
နမ်းရှုံ့ခြင်း၊ အသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်း တို့မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။အသက်ရှုုလမ်းကြောင်းမှတဆင့်ကူးစက်တတ်သော
ရောဂါဖြစ်သည်။
မည်သည့်အသက်အရွယ်မဆို ဦးနှောက်အမြှေးရောင်ခြင်းဖြစ်နိုင်ပါတယ်။ ကလေးငယ်များ (မွေးစမှ အသက် ၁၈နှစ်အထိ )၊ အသက်အရွယ်ကြီးသူများ၊ ကိုယ်ခံအားကျနေသူများ( HIV ပိုးရှိသူ၊ ကင်ဆာရောဂါရှိသူများ စသည်ဖြင့် ) တွင် ပို၍အဖြစ်များပါတယ်။
နမိုးနီးယားအဆုတ်ရောင်ရောဂါ၊
တီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ တုပ်ကွေးရောဂါ၊ ပါးချိတ်ရောင်ခြင်း၊ ရေရုံရောဂါ
စသည်တို့၏နောက်ဆက်တွဲ ဆိုးကျိုုးအနေဖြင့် ဖြစ်နိုင်ပါတယ်။မည်သည့်ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးဝင်ဝင်
နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ဦးနှောက်အမြှေးရောင်ခြင်းဖြစ်နိုင်သည်။
ရောဂါလက္ခဏာများကတော့
အစပိုင်းတွင် ကိုယ်ခန္ဓာတွင် အနီစက်များပေါ်ခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊
ဇက်တောင့်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်း တို့ဖြစ်တတ်သည်။ နောက်ပိုင်းရောဂါပြင်းထန်လာပါကအလင်းရောင်မကြည့်နိုင်ခြင်း၊
ခြေဖျားလက်ဖျားများအေးစက်ခြင်း၊ မှိန်းနေခြင်း၊ ဂယောင်ဂတမ်းပြောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို
့ထိဖြစ်နိုင်ပါတယ်။
စကားမပြောတတ်သေးသည့်ကလေးငယ်များတွင်
အစားမစားတော့ခြင်း၊ ဂျီကျနေခြင်း၊ ငယ်ထိပ်ဖောင်းနေခြင်း၊ ပျော့ခွေသွားခြင်း၊ စူးစူးဝါးဝါးအော်ငိုနေခြင်း၊
ကိုယ်ခန္ဓာတောင့်တင်းနေခြင်း စသည်တို့ဖြစ်တတ်ပါတယ်။
နောက်ဆက်တွဲ
ဆိုးကျိုးများမှာ အမြင်အာရုံ၊ အကြားအာရုံချို့တဲ့ခြင်း၊ အတက်ရောဂါကျန်ခဲ့ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊
ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ချို့တဲ့ခြင်း၊ သွေးလန် ြ့ခင်း၊ အသက်သေဆုံးခြင်းတို့
အထိဖြစ်နိုင်ပါတယ်။
Credit : Dr.Moon (7887 Healthcare Call Center )
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။