Print

အစားအသောက်နဲ့ အသက်အရွယ် အိုမင်းခြင်းကို တိုက်ခိုက်ခြင်း

  27-Nov-2017
Preview Image

အစားအသောက်များနဲ့ အသက်အရွယ်အိုမင်းခြင်းကို တိုက်ခိုက်လို့ရပါတယ်။ သင့်အနေနဲ့ သင်ရဲ့ နေ့စဉ်စားသောက်မှု ပုံစံထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ့တွေကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် သင့်အတွက် အကျိုးရှိစေမှာ အမှန်ပါပဲ။ အဲဒီအထဲမှာ အသက်အရွယ် အိုမင်းခြင်းကို တိုက်ထုတ်ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ့ တချို့ကို ဖော်ပြပေးလိုက်ရ ပါတယ်။ 


သင့်ရဲ့နှလုံးအတွက် စတော်ဘယ်ရီသီး

 ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာသူတွေအဆိုအရ စတော်ဘယ်ရီသီးကို တစ်ပတ်မှာ နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပိုပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကို်ယအစိတ်အပိုင်း တစ်ခုခုမှာဖြစ်တဲ့ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပူခြင်း၊ နာကျင်ခြင်းဈ တင်းမာနာကျင်ခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။ ထို့အပြင် အသက်အရွယ်ကြီးရင့်ခြင်းမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကို ဖြေရှာင်းပေးနိုင်ပြီး နှလုံးနဲ့ ဆက်နွှယ်နေတဲ့ ပြဿနာတွေနဲ့ ရုတ်တရက် နှလုံးရပ်၍ သေဆုံးခြင်း ပြဿနာများကို ကူညီဖြေရှင်း ပေးနိုင်ပါတယ်။


အသက်ရှည်ခြင်းအတွက် သံလွင်ဆီ

 လေ့လာတွေ့ရှိချက်တွေအရ သံလွင်ဆီမှာ antioxidant ဓာတ်တွေ အများအပြားပါဝင်နေပြီး အသက်ရှည်နုပျိုစေတဲ့ ဓာတ်တွေပေါများစွာပါဝင်ပါတယ်။ နောက်ပြီး ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေ သေဆုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် အမျိုးသမီးတွေရဲ့ Diet အစီအစဉ််တွေမှာလည်း သံလွင်ဆီကို ထည့်သွင်းအသုံးပြုပေးမယ်ဆိုရင် အကျိုးရှိတဲ့ ရလဒ်တွေကို ခံစားရမှာပါ။


သင့်ရဲ့ဦးနှောက်အတွက် Rosemary 

 Rosemary ဆိုတာ အရွက်များကို ဆေးအဖြစ် သုံးရသော အမြဲစိမ်း ဂျုံပင်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီမွှေးပျံ့တဲ့ ဆေးဖက်ဝင်အပင်မှာ Carnosic acide တွေ ပါဝင်တဲ့အတွက် free radical ကြောင့် ဦးနှောက်ပျက်စီးခြင်းနဲ့ ဆိုင်တဲ့ လေဖြတ်ခြင်း၊ အယ်လ်ဇိုင်းမားရောဂါနဲ့ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Rosemary ကို ဆေးဝါးအနေနဲ့ ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အသက်အရွယ် ကြီးရင့်ခြင်းကို နှေးကွေးသွားစေနိုင်ပါတယ်။


နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးခြင်းကို တိုက်ထုတ်ပေးမယ့် နည်းလမ်းအသစ်

 လေ့လာတွေ့ရှိချက်တွေအရ မြေပဲ၊ ပဲစေ့၊ ဂျံုနဲ့ ပဲပင်တွေမှာ ပါဝင်တဲ့ Antioxidant တွေဟာ နေရောင်ခြည်ကြောင့် ပျက်စီးတဲ့ ဆဲလ်အသေကို ဖယ်ရှားပေးကာ ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပြီး နေရောင်ခြည်ကြောင့် ဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဂျံု၊ မြေပဲနှင့် ကောက်ပဲသီးနှံတွေကို စားသုံးပေးမယ်ဆိုရင် ပရိုတင်းနဲ့ အမျှင်ဓာတ်တွေကို ရရှိစေမယ့်အပြင် အစာဆာလောင်ခြင်းကို ခံနိုင်ရည်ရှိစေပါတယ်။ 


Credit: နီနီနော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18