သက်ကြီး သွေးတိုးရောဂါနှင့် ဓာတ်စာ
04-Jul-2021
၁။ သက်ကြီး သွေးတိုးရောဂါ ကုသရာမှာ ဘယ်လိုအချက်တွေကို လိုက်နာဖို့လိုပါသလဲ ဆရာ။
သက်ကြီးသွေးတိုး
ရောဂါမရအောင် ကိုယ်ခန္ဓာတစ်ချို့မှာ ဘီအမ်အိုင်(BMI-Body Mass Index) သာမန် ၁၈ ဒသမ ၉
မှ ၂၄ ဒသမ ၉ အတွင်း ရှိရပါမယ်။ BMI ဆိုတာ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့်
(မီတာ)နှစ်ထပ်ကိန်းနဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်လို့ ဒီထက်မပိုအောင် အလေးချိန် ထိန်းရပါမယ်။
ဟင်းသီးဟင်းရွက်နဲ့
အမျှင်ဓာတ်ပါတဲ့ အစားအသောက်များများ စားသုံးရမယ်။
နေ့စဉ်နာရီဝက်မှ
တစ်နာရီခန့် အားကစား (ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီး စီးခြင်း၊ ရေကူးခြင်း)
လုပ်နိုင်ပါတယ်။ ဆေးလိပ်နဲ့ကွမ်း ဖြတ်ရမယ်။ အရက်နဲ့ ဘီယာဖြတ်ရမယ်။ အဆီပါတဲ့ အစားအစာ၊
အသင့်အမြန်စား အစားအသောက် အုပ်စုဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာနဲ့ အာလူးချောင်းကြော်တို့ကို
ရှောင်ကြဉ်ရပါမယ်။ သက်ကြီး ဘဝမှာ အထူးအသုံးတည့်မယ့် သွေးထိန်းဆေးများ၊ ဆီးဆေးများဟာ
ဆီးရွှင်စေပြီး
သွေးတိုးခြင်းကို
လျော့ကျစေနိုင်ပါတယ်။
ဒုတိယ ဆေးအုပ်စုဖြစ်တဲ့
Calcium Channel Blocker အုပ်စုဝင် ဆေးဝါးများ၊ Amlodipine 5mg နှင့် Beta Blocker
အုပ်စုဝင် ဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ မိသားစု ဆရာဝန်နဲ့ တစ်ပတ်တစ်ကြိမ် ပြသပြီး
စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။ ကျန်းမာရေး အနေနဲ့ အစားအသောက်များမှာ အငန်နဲ့ အချိုမှုန့်၊
ကြက်သားမှုန့်ထည့်သုံးခြင်း ရှောင်ကြဉ်ရမယ်။ စနစ်တကျစားသောက် နေထိုင်ရမယ်။ ဆေးပုံမှန်
သောက်သုံး ပေးနိုင်ပါတယ်။
သွေးပေါင်ချိန်
အပေါ်သွေး ၁၄ဝ နှင့် အောက်သွေး ၉ဝ mmHg ထက် ကျော်တဲ့ မည်သည့် သွေးပေါင်ချိန်ကိုမဆို
သွေးတိုးရောဂါလို့ ခေါ်ဆိုနိုင်ပါတယ်။ သွေးတိုး ရောဂါဟာ မျိုးရိုးလိုက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊
အရက်သောက်ခြင်း၊ အဝလွန်ခြင်း၊ အငန်နှင့် အဆီအစိမ့်များ လွန်ကဲအောင် စားသောက်ခြင်း၊
ပိုတက်စီယမ်နဲ့ အမျှင်ဓာတ် ပါတဲ့ အစားအစာ၊ ငှက်ပျောသီး၊ ဟင်းသီးဟင်းရွက် စားသုံးမှု
နည်းပါးခြင်း၊ အလုပ် အဆင်မပြေခြင်း၊ စိတ်ဖိစီးမှု များခြင်း (ဝင်ငွေနှင့်ထွက်ငွေ မမျှတခြင်း၊
ဘဝရည်မှန်းချက် မပြည့်ဝခြင်း၊ သားသမီး ကံမကောင်းခြင်း၊) တို့ကြောင့် ဖြစ်တတ်တယ်။
နောက်ဆက်တွဲ
သွေးတိုးရောဂါအနေနဲ့ နှလုံးသွေးကြော ရောဂါများ၊ လေဖြတ်ရောဂါများ၊ ကျောက်ကပ်ပျက်စီးခြင်းတို့
ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာရင် သွေးကြောများ မာလာခြင်း၊ သွေးစီးဆင်းမှု အလျင်လျော့ကျခြင်း
တို့ကြောင့် သွေးကြောများအဆီစုပုံခြင်း၊နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ရစေပါတယ်။သက်ကြီးဘဝမှာ
အပေါ်သွေးတက်တာကို ကုသဖို့ အလွန်အရေးကြီးတယ်။ အပေါ်သွေးများရင် လေဖြတ်ခြင်း၊ နှလုံးရောဂါနဲ့
ရုတ်တရက် ကျောက်ကပ် အားနည်းရောဂါ တို့ဖြစ်စေလို့ ပုံမှန် ဆေးမှီဝဲသင့်ပါတယ်။ ဆေးခန်းတွေကို
သွားရောက်ပြသပြီး အနည်းဆုံး တစ်ပတ်တစ်ကြိမ် သွေးတိုင်းရမယ်။ မတ်တတ်ရပ်နေရင်း သွေးပေါင်ကျခြင်း
(Postural Hypotension) အပြင်၊ သွေးပေါင်တက်ခြင်း တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုပ်ပြင်းပြင်းထန်ထန်
မလုပ်ဘဲ နားနားနေနေ လုပ်သင့်တယ်။
သွေးတိုးရှိမှန်း သိရက်နဲ့ အစားအစာ မရှောင်ဘဲစားသုံးခြင်း မလုပ်သင့်ပါ။သွေးပေါင်ချိန်မယ့်အချိန် လူနာကို အဆင်သင့် အနားယူစေပြီး ထိုင်လျက် (သို့မဟုတ်)လျောင်းလျက်၊ အိပ်လျက် တိုင်းတာနိုင်ပါတယ်။ တစ်ချို့သွေးပေါင်ကျဆေး စားပြီး ချက်ချင်း သွေးပြန်တိုင်းတာ မကျသေးဘူး ထင်လို့ ပိုမို သောက်သုံးမိတာကြောင့်သွေးပေါင်ကျခြင်း (Hypotension) ၊ ရင်ဘတ်အောင့်ခြင်း၊ နားအူခြင်းတို့ ဖြစ်တတ်ပါ တယ်။ သွေးတိုးရောဂါ မဖြစ်ရအောင် အချိန်မီ ဆေးကုသမှု စနစ်တကျ ခံယူပါက သက်တမ်းစေ့ အသက်ရှည် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
Credit :
May Soe
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
