ဆေးလိပ်နှင့်သင့်ကျန်းမာရေး
22-Aug-2021“ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်သည်” ထိုသတိပေးစာတန်းတွေ ဆိုင်းဘုတ်တွေသည် ဆေးလိပ်ကို နှစ်ခြိုက်စွာသောက်နေသူတွေ အတွက်တော့ အပျင်းပြေဖတ်စရာ သတိပေးဆိုင်ဘုတ် အဆင့်လောက်ပင်ရှိပေသည်။ အများပြည်သူနှင့် ဆိုင်သောနေရာများ၏ “ဆေးလိပ်မသောက်ရ” သတိပေးဆိုင်းဘုတ်များအောက်တွင်ပင် ဆေးလိပ်သောက်နေသူတွေ၊ ဆေးလိပ်တိုတွေ မရေနိုင်အောင်ရှိသည်။ ပွင့်လင်းမြင်သာလာသော စီးပွားရေးစနစ်နဲ့အတူ ဆေးလိပ်၊ အရက်ရောင်းဝယ်မှုများကို ထိန်းချုပ်လာခြင်း၊ ဆေးလိပ်ဗူးများတွင်ကြောက်မက်ဖွယ် ခံတွင်းကင်ဆာရောဂါ ပုံများ ၆၀%ထက်မနည်း မကပ်မနေရသတ်မှတ်ချက်များ ရှိလာခြင်း၊ နိုင်ငံပိုင်မီဒီယာများတွင် ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ဆက်စက်ပစ္စည်းများ၏ ဆိုကျိုးများကိုနေ့စဉ်လိုုလို ဖော်ပြနေခြင်းများ ရှိသော်လည်း ဆေးလိပ်သောက်သူဦးရေသည် သိသိသာသာကျဆင်းသွားခြင်းမရှိပေ။ အသက်၁၈ နှစ်အောက်ကလေးများကို ဆေးလိပ်မရောင်းရန် စည်းကမ်းသက်မှတ်ချက်ရှိပြီး ဆေးလိပ်ဗူးများတွင် သေချာစွာရိုက်နှိပ်ဖော်ပြ ထားသော်လည်း ကျောင်းနေအရွယ် အဖြုအစိမ်းလေးများ၏ လက်ထဲတွင်ဆေးလိပ်များတွေ့နေရသေးသည်။ ဆေးလိပ်တစ်လိပ်ဟာ လူ့အသက်ကို ၁၁ မိနစ်တိုစေနိုင်ကြောင်း သိရပါတယ်။ အင်္ဂလန်မှာ တစ်နေ့လျှင် ဆေးလိပ်သောက်တဲ့ ငယ်ရွယ်သူ ၃၀၀ ဦးခန့်ဟာ ဆေးလိပ်ကြောင့် သေဆုံး ရပါတယ်။ အင်္ဂလန်လိုဆေးလိပ်သောက်ခြင်းကိုတင်းကြပ်စွာထိန်းချုပ်ထားသောနေရာမျိုးတွင်တောင်ထိုပမာဏလောက်ဆိုလျင် ကျွန်တော်တို့နိုင်ငံတွင်ရော ? တရက်တရက်ဘယ်လောက်တောင်ထိခိုက်နေကြရပြီလဲ?။ တန်ဖိုးရှိသောလူငယ်တွေရဲ့ အသက်တစ်ရက်ကို ဘယ်နှချောင်းလောက် ကြွေလွင့်နေရပြီလဲ ဆိုတာစဉ်းစား စရာပေ။ လူငယ်သဘာဝအသစ်အစမ်းကို စမ်းသပ်ကြည့်လိုသော စိတ်နှင့်ဆေးလိပ်ကို အစပြုစမ်းသောက်ကြည့်ရာ မှသေသည်အထိမဖြတ်နိုင်ပဲ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းပိုင်း ဆိုင်ရာ ရောဂါများနှင့် အသက်ဆုံးရံှးသွား ရသူဒုနဲ့ဒေးရှိသည်။ အဆုတ်ကင်ဆာရောဂါသည်တွေရဲ့ ၉၀%ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်သည်။ ထိုနေရာတွင် အရေးပါသော အချက်တချက်က ဆေးလိပ်ကို ကိုယ်တိုင်သောက်သုံးသူအပြင် တဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်သူ ဥပမာ-ဆေးလိပ်သောက်သူဖခင်၏ ဇနီး၊သားသမီးများတွင်လည်း အဆုပ်နှင့်အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်သည်။ ဆေးလိပ်မသောက်ရင် မနေနိုင်အောင် စွဲလမ်းမှုဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ရရှိတဲ့ နီကိုတင်းဓါတ်က ဆယ်စက္ကန့်အတွင်း သင်ရဲ့ဦးနှောက်ထဲ ရောက်ရှိသွားပြီး ပိုကောင်းတဲ့ စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကို ရရှိစေပါတယ်။ ဒီနည်းလမ်းက ဆေးလိပ်သမားတွေကို စိတ်အပန်းပြေစေပါတယ်။ ဒါပေမယ့် ခဏခဏသောက်ဖြစ်တဲ့ လူတွေအတွက် ဒီလိုအခြေအနေကို ရရှိစေဖို့ နီကိုတင်းဓါတ်ကို ပိုမိုပြီး လိုအပ်လာပါတယ်။ ဦးနှောက်ကနေ နီကိုတင်းဓါတ်လိုလာပြီဆိုတာကို အချက်ပေးပြီး ဆေးလိပ်ထပ်သောက်ဖို့ ခိုင်းစေပါတယ်။ ဒီလိုနဲ့ပဲ ခန္ဓာကိုယ်ထဲမှာ နီကိုတင်း သံသရာလည်ပါတော့တယ်။ ဆေးလိပ်ရှိုက်ဖွာလိုက်တာနဲ့ တစ်ပြိုင်နက် လတ်တလော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှာ - * အဆုတ်လေပြွန်ကို ကျဉ်းစေခြင်း * နှလုံးခုန်နှုန်းကို မြန်စေခြင်း * သွေးဖိအားကိုတိုးစေခြင်း * သွေးကြောငယ်များကို ကျဉ်းစေခြင်း * ဆေးလိပ်တွင် ပါဝင်သော ကာဗွန်မိုနောက်ဆိုဒ်က ခန္ဓာကိုယ် တစ်ရှူးများရဲ့ အောက်ဆီဂျင် လိုအပ်မှုကို အဟန့်အတား ဖြစ်စေခြင်း တို့ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ရေရှည် ဆိုးကျိုးများလည်း ခံစားရမှာ ဖြစ်ပါတယ်.. အဆုတ်ကင်ဆာ (Lung Cancers)၊ အဆုတ်လေပြွန် ကျဉ်းစေသော ရောဂါ (Emphysema)၊ နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါ (Chronic Bronchitis) စတဲ့ အဆုတ်ရောဂါများအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလည်း ဖြစ်ပွားစေပါတယ်.။. နောက်ထပ် ဖြစ်နိုင်တဲ့ရောဂါများကတော့ ခံတွင်းနှင့် လည်ချောင်းကင်ဆာများ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ရောဂါများ ဖြစ်ပွားစေပါတယ်.. သွား၊ လက်ချောင်း ၊ ဆံပင်တို့ကိုလည်း ဆေးလိပ်ငွေ့ အရောင်းစွန်းထင်းမှု ရှိစေခြင်း၊ ခံတွင်းနှင့် အဝတ်အစားများကိုလည်း အနံ့အသက်စွဲစေခြင်း တို့ကြောင့် လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း အနှောက်အယှက် ဖြစ်စေပါတယ်။.. အသက် ၃၀ မှ ၄၀ နှစ်အတွင်း အမျိုးသားတွေမှာ ဆေးလိပ်သောက်သူတွေဟာ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်းErectile Dysfunction(ED) ဖြစ်ပွားမယ့် အန္တရာယ်ငါးဆယ်ရာခိုင်နှုန်းပို များပါတယ်။ ထိုဆိုးကျိုများလှသောဆေးလိပ်ကို ဖြတ်လိုက်လျင် ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ဘယ်လောက်အကျိုးများမည်နည်း ? ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့်နောက်ဆုံးဆေးလိပ်သောက်ပြီး မိနစ် (၂၀)အကြာတွင် ဆေးလိပ်သောက်သူရဲ့ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းများမှာ ပုံမှန်နေရာကို ပြန်လည်ကျဆင်းလာပါတယ်။ ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အတွင်း ဆေးလိပ်သောက်သူရဲ့ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးကို ထိခိုက်နိုင်ခြေမှာ (၅၀)ရာခိုင်နှုန်းကျဆင်းပါတယ်။(၁၀)နှစ်မှ (၁၅)နှစ်ကြာ ဆေးလိပ်ဖြတ်ထားသူတွင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေမှာ လက်ရှိဆေးလိပ်သောက်သူရဲ့ တစ်ဝက်သာရှိပါတယ်။ ဆေးလိပ်ဖြတ်သူတွေမှာ ဘဝနေထိုင်မှုပုံစံ ပိုမိုမြင့်မားပြီး အအေးမိ နှာစေးတုပ်ကွေးမိခြင်း ပိုမိုလျော့ကျလာပြီး မိမိကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာနိုင်ကာ လေပြွန်ရောင်ရမ်းခြင်းနှင့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှု ကိုလည်း လျော့ကျစေပါတယ်။ ထို့ အပြင်- · အစားအသောက် စားရသည်မှာ ပိုမိုကောင်းမွန်လာသည်။ (ခံတွင်းပိုလိုက်လာပါတယ်။) · အနံခံအာရုံလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ · နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ – လှေကားတက်ခြင်း (သို့)အိမ်မှုကိစ္စပြုလုပ်ခြင်း မှာလည်း ယခင်ကဲ့သို့မောနေခြင်းမရှိတော့ပေ။ ဆေးလိပ်ဖြတ်လိုက်ရုံဖြင့်`ဤမျှအကျိုးကျေးဇူးများလျင် အစပြုသောက်သုံးခြင်းမရှိခဲ့လျင် ပို၍ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မှာ မလွဲမသွေဖြစ်သည်။ နိုင်ငံတော်မှ လည်းဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆက်စက်ပစ္စည်းများတင်သွင်းမှု၊ ထုတ်လုပ်မှုတို့ကိုပိုမိုတင်းကျပ်စွာ ထိန်းချုပ်ပြီး အများပြည်သူနှင့်ဆိုင်သောကားဂိတ်၊ လေဆိပ်ကဲ့သို့သော နေရာများတွင်း ဆေးလိပ်သောက်ရန် နေရာများသတ်မှတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။ နိုင်ငံပိုင်မီဒီယာများ၊ ဂျာနယ်နှင့်သတင်းစာ မဂ္ဂဇင်းများတွင် ဆေးလိပ်ဆေးရွက်ကြီးများ၏ ဆိုးကျိုးများကို လူငယ်များပိုမိုသိမြင်လာစေရန် ဖော်ပြသင့်ပေသည်။ ထိုဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများနှင့် ဆေးလိပ်ဖြတ်ခြင်းဖြင့် ရရှိလာနိုင်သည့် ကောင်းကျိုးများကို သိရှိနားလည်ပြီးဆေးလိပ်စွဲနေသူတွေကို ဆေးလိပ်ပြတ်စေရန်၊ အစပြု သောက်သုံးခြင်းမှ ရှောင်ကြဉ် နိုင်စေရန်ရည်ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကိုရေးသားလိုက်ပါတယ် ခင်ဗျာ။ Dr. Naing (7887 Healthcare Call Centre) Credits to http://networkkyaukme.blogspot.com/2011/04/blog-post_3739.html https://hellosayarwon.com/ http://shwewun.blogspot.com/2012/11/blog-post_5039.html