Print

အမျိုးသမီးများနှင့် လိင်အင်္ဂါရေယုန်

  23-Jul-2021
Preview Image

အမျိုးသမီးများတွင် အမျိုးသားများထက် သာမန်ရေယုန်ဗိုင်းရပ်စ်ပိုး ( အမျိုးအစား ၂ )ကူးစက်ခြင်းခံရရန် အခွင့်အလမ်း ၄ဆခန့်ပိုများပါတယ်။

ဘာကြောင့်အမျိုးသမီးများတွင် လိင်အင်္ဂါရေယုန် ဖြစ်နိုင်ခြေပိုပါသလဲ??

 

- လိင်အင်္ဂါတွင် ကိုယ်တွင်းမှထွက်သော အရည်များဖြင့်စိုစွတ်နေသော မျက်နှာပြင်ဧရိယာ ပိုများခြင်း

 

- အမျိုးသမီးများဓမ္မတာသွေးပေါ်ချိန်တွင်ဖြစ်သော ဟော်မုန်းအပြောင်းအလဲများသည်ကိုယ်ခံအားစနစ်ကို သက်ရောက်မှုရှိပြီး သာမန်ရေယုန်ဗိုင်းရပ်စ်ပိုးဝင်ရောက်ရန် ပိုမိုလွယ်ကူစေခြင်းတို့ကြောင့် ဖြစ်ပါသည်။

အမျိုးသမီးများတွင် ပထမအကြိမ်ဖြစ်သော လိင်အင်္ဂါရေယုန်

 

ပထမအကြိမ်ဖြစ်သော ရေယုန်သည် နောက်ထပ်ဖြစ်သော အကြိမ်များထက် ပို၍နာကျင်ပြီး ပို၍ကြာရှည်တတ်ပါသည်။ပို၍လည်းပြင်းထန်ပြီး နောက်ဆက်တွဲဆိုးကျိုးများ ပိုများတတ်ပါသည်။လိင်အင်္ဂါရေယုန်ဖြစ်ပွားလျှင် မိန်းမကိုယ်နှုတ်ခမ်းသားများ၊ မိန်းမကိုယ်အတွင်းပိုင်း၊ သားအိမ်ခေါင်းနှင့် ဆီးစွန့်ပြွန်စသည်တို့တွင် ဖြစ်ပွားပါသည်။တင်ပါးနှင့်ပေါင်များတွင်လည်း ဖြစ်နိုင်ပါသည်။ပထမအကြိမ်ဖြစ်သောရေယုန်သည် အများအားဖြင့် ၃ပတ်ခန့် ကူးစက်နိုင်စွမ်းရှိပါသည်။လိင်အင်္ဂါတဝိုက် အင်ပျဉ်ကဲ့သို အဖုအပိန့်ထခြင်းအပြင် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များရောင်ခြင်းနှင့် ဆီးသွားလျှင် ပူလောင်သကဲ့သို့ ခံစားရခြင်းများ ဖြစ်နိုင်ပါသည်။ ပထမအကြိမ်ဖြစ်သော လိင်အင်္ဂါရေယုန်၏ နောက်ဆက်တွဲဆိုးကျိုုးများတွင် ဆီးသွားရခက်ခဲခြင်း (၁ဝ မှ ၁၅%ခန့်)၊ ဦးနှောက်အမြှေးပါးရောင်ခြင်း(၂၅%ခန့်) တို့ပါဝင်ပါသည်။

 

အမျိုးသမီးလိင်အင်္ဂါရေယုန်၏ ရောထွေးသောလက္ခဏာများ

 

အမျိုးသမီးများတွင် လိင်အင်္ဂါရေယုန်ရောဂါသည် ပို၍ပြင်းထန်တတ်ပြီး ရေယုန်ရောဂါကြောင့် မဟုတ်သော လက္ခဏာများပါတွေ ့ရတတ်ပါသည်။ ဆီးစပ်ကိုက်ခြင်း၊ အဖြူဆင်းခြင်းတို့ဖြစ်တတ်ပြီး အခြားရောဂါများအဖြစ်မှားယွင်းတတ်ပါသည်။နောက်ထပ်ဖြစ်သော ရေယုန်တွင် လိင်အင်္ဂါတစ်ဝိုက် နေမထိထိုင်မသာဖြစ်ခြင်းလောက်သာ ခံစားရပြီး ရေကြည်ဖုများ မပေါ်ဘဲလည်း ဖြစ်နိုင်ပါသည်။မိန်းမကိုယ်မှ အရည်ဆင်းခြင်းနှင့် မိန်းမကိုယ်တွင် တစ်စုံတစ်ရာလက္ခဏာခံစားရခြင်းများရှိလျှင် ရေယုန်ရောဂါပိုးစစ်ဆေးကြည့်ရန် လိုအပ်ပါသည်။


Credit:ဒေါက်တာခိုင်ခိုင်ဇော် (အရေပြားရောဂါများအကြောင်းတစေ့တစောင်း)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18