Print

သွေးကြောတွင်းသွေးခဲခြင်း

  04-Aug-2021
Preview Image

သွေးကြောအတွင်း သွေးခဲဖြစ်ပေါ်ခြင်းကို ခေါ်သည်။ ၎င်းမှာ သာမန်အားဖြင့် မဖြစ်ဘဲ သွေးကြောမှာ ဒဏ်ရာရရှိလျှင်ဖြစ်စေ၊ Throm – bosis ဖြစ်နိုင်သည်။ ကိုယ်ခနွာအနှံ့တွင် ဖြစ်နိုင်ပြီး ဖြစ်ပွားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းပေါ်တွင် မူတည်၍ လက္ခဏာများ ကွဲပြားသည်။ သွေးခဲမှာ သွေးကြောတစ်လျှောက် အခြားတစ်နေရာသို့ ပါသွားပါက ၎င်းကို embolus ဟုခေါ်သည်။ သွေးကြောတွင်းသွေးခဲခြင်း ဖြစ်နိုင်သော

နေရာများမှာ နှလုံးသွေးကြောနှင့် ခြေသလုံးကြွက်သားနေရာရှိ သွေးကြောကြီးများဖြစ်ကြသည်။ ထို့အပြင် အသက်ကြီးသောအရွယ်တွင် ဦးနှောက်သွေးကြောအတွင်း၌ လည်း ဖြစ်လေ့ရှိသည်။

အသက်ကြီးသော အမျိူးသမီးတို့တွင် သနွေတားဆေးသောက် သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖြစ်ပွားနှုန်းပိုမိုများပြားလာသည်။ ထို့ကြောင့် အမျိုးသမီးတို့တွင် ခွဲစိတ်ခွဲစိတ်ကုသရန်ရှိပါက (၆) ပတ်မျှကြိုတင်၍ သနွေတားဆေးဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းများ ပြုလုပ်ပေးရမည်။ ခြေထောက်နှင့်ပေါင်ရိုး သွေးကြောကြီးများထဲတွင် သွေးကြောတွင်းသွေးခဲ ဖြစ်ပွားခြင်းကို သာမန်အကြောထုံးခြင်းကို သာမန်အကြောထုံးခြင်း၊ Superficial varicose veins နှင့် မရောထွေးစေသင့်ပေ။ ပထမရောဂါတွင် ကလေးမွေးဖွားပြီးချိန်နှင့် ခွဲစိတ်ကုသပြီးချိန်တွင် အိပ်ရာထဲတွင် ကြာရှည်စွာ မလှုပ်မယှက်ဘဲနေခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ၎င်းသွေးကြောများထဲတွင် သွေးလှည့်ပတ်မှု နှေးကွေးရာမှ သွေးခဲလာပြီး ၎င်းသွေးခဲလေးသည် သွေးလှည့်ပတ်မှုမှတစ်ဆင့် အဆုတ်သို့ရောက်ရှိကာ အန္တရာယ်ဖြစ်စေပါသည်။

 

ထိုသို့ဖြစ်လျှင် ခြေထောက်မှာ ရောင်ရမ်းပြီး ခြေထောက်ကို အပေါ်သို့ မြှောက်လျှင် အလွန်နာကျင်လေ့ရှိသည်။ ယခုအခါတွင် ခွဲစိတ်ကုသပြီးချိန်နှင့် ကလေးမီးဖွားပြီးချိန်တွင် စောစီးစွာလှုပ်ရှားမှု ပြုခြင်းဖြင့် ဤကဲ့သို့ အဖြစ်နည်းသွားသည်ကို တွေ့ရပါသည်။ ပိတ်ဆို့သွားသော သွေးကြောမှာ တဖြည်းဖြည်းပြန်လည်ပွင့်လာနိုင်သလို၊ အခြားသွေးကြောများကလည်း ကျယ်လာသောကြောင့် ခြေထောက်ရောင်ရမ်းမှု တဖြည်းဖြည်းကျသွားနိုင်၏။ ထိုအခါတွင် Emboli မဖြစ်စေရန် သွေးခဲမှုကို နည်းပါးစေသည့် ဆေးဝါးတို့ကို (၆) ပတ်မှ (၁၂) ပတ်အထိ ပေးရန်လိုအပ်ပါသည်။

 

ခြေထောက်ကို ထောက်မပေးထားနိုင်သော ပတ်တီးစီးထားပြီး လူနာကို တတ်နိုင်သမျှ အစောဆုံးလှုပ်ရှားမှု လုပ်ခိုင်းရမယ်။ anti-coagulant tablets သွေးမခဲသည့် ဆေးဝါးများပေးထားချိန်တွင် လိုအပ်သော သွေးခဲမှုအနေအထား ရရှိနေရန် သွေးစစ်ဆေးခြင်းများလည်း မှန်မှန်ပြုလုပ်ပေးရမည်။ နှလုံးသွေးကြော ပိတ်ဆို့ခြင်း ဖြစ်ပွားပြီးနောက် ကုသနိုင်သော နည်းများစွာရှိသည်။ ယခုအခါတွင် Aspirin ဆေးဝါးကို သောက်သုံးခြင်းဖြင့် နောက်ထပ်၍ ဤသို့မဖြစ်စေရန် ကာကွယ်နိုင်ကြောင်း တွေ့ရှိရပြီးဖြစ်သည်။ သွေးကြောတွင်းသွေးခဲခြင်း ကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တို့၏ သွေးလှည်ပတ်မှုကို ပျက်ယွင်းစေသော ကုသမှုတွင် ပျက်စီးနေသော သွေးလှည့်ပတ်ခြင်း ပြန်လည်ကောင်းမွန်ရန်နှင့် အခြားသော သွေးကြောများကိုလည်း ကာကွယ်ရန် ဦးတည်၍ကုသပေးရပါသည်။

 

Credit:ဒေါက်တာမေမိုးနွယ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18