Print

နာတာရှည် ဒူးနာခြင်း

  06-Oct-2021
Preview Image

နာတာရှည် ဒူးနာခြင်း

နာတာရှည် ဒူးနာခြင်းဆိုသည်မှာ ဒူးခေါင်း တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နာကျင်ရောင်ရမ်းခြင်းဖြစ်သည်။ နာတာရှည် ဒူးနာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများစွာ ရှိပြီး ကုသမှုပုံစံလည်း များစွာကွဲပြားနိုင်သည်။

နာတာရှည် ဒူးနာခြင်းနှင့် ရေတိုဒူးနာခြင်းဖြစ်ရသော အကြောင်းအရင်းများ ကွဲပြားပါသည်။ ရေတိုဒူးနာခြင်း အများစုသည် ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဖြစ်ပေါ်တတ်သည်။ နာတာရှည် ဒူးနာခြင်းသည် ထိခိုက်ဒဏ်ရာတစ်မျိုးတည်းကြောင့် ဖြစ်ရခြင်းမဟုတ်ဘဲ အခြားအကြောင်းအရင်းများစွာရှိနိုင်ပြီး ကုသမှုမခံယူဘဲ ပျောက်ကင်းသွားလေ့မရှိပါ။

နာတာရှည် ဒူးနာခြင်း ဖြစ်စေရသည့် အကြောင်းအရင်းများမှာ

·         အရိုး အဆစ်များ ပျက်စီးရောင်ယမ်းခြင်းကြောင့် ဖြစ်သော Osteoarthiritis ရောဂါ

·         အရွတ်ရောင်သော Tendonitis ရောဂါ

·         ထပ်တလဲလဲ ထိခိုက်မှုကြောင့်ဖြစ်သော Bursitis ရောဂါ

·         ဂုံညင်းရိုးအောက် အရိုးနု ပျက်စီးမှုကြောင့်ဖြစ်သော Chondromalacia Patella

·         Gout ရောဂါ

·         ဒူးခေါင်းရိုးနောက် အရည်စုသော Baker’s cyst ရောဂါ

·         လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ

·         အဆစ်လွဲခြင်း

·         အရိုးကင်ဆာ စသညများကြောင့် ဖြစ်ပါသည်။

နာတာရှည်ဒူးနာခြင်းကို ပိုဆိုးစေသည့် အခြေအနေများမှာ

·         ဒူးဆစ်တွင် ထပ်တလဲလဲ ထိခိုက်ဒဏ်ရာရရှိဖူးပြီး စနစ်တကျ ကုသမှု မခံယူခြင်း

·         ဒူးဆစ် အားသုံးရသော ကိစ္စများကို အလွန်အကျွန် လုပ်ဆောင်ခြင်း

·         ပိုးဝင်ခြင်း

·         လေ့ကျင့်ခန်းများလုပ်သောအချိန်တွင် ကိုယ်နေဟန်ထားမမှန်ခြင်း

·         လေ့ကျင့်ခန်း မလုပ်ခင်နှင့် လုပ်ပြီးချိန်တွင် သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်း

·         ကြွက်သားများ ဖြေလျှော့ရာတွင် ပုံသဏ္ဍာန် မမှန်ခြင်းတို့ကြောင့်ဖြစ်သည်။

အဝလွန်သောသူများတွင် ဒူးခေါင်းပေါ် ပို၍ ဝန်ပိသောကြောင့် နာတာရှည် ဒူးနာခြင်း ပို အဖြစ်များပါသည်။ နာတာရှည် ဒူးနာခြင်းကို အဖြစ်များစေသော အခြားအကြောင်းအရင်းများက အသက်အရွယ်၊ ယခင်က ဖြစ်ဖူးသော ဒဏ်များ၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စသည်များ ဖြစ်ပါသည်။

နာတာရှည် ဒူးနာခြင်း၏ လက္ခဏာများမှာ

·         အမြဲတစေ နာကျင်မှု ရှိခြင်း

·         ဒူးဆစ်အသုံးပြုချိန်တွင် စူးရှသော နာကျင်မှုကို ခံစားရခြင်း

·         ဒူးဆစ်တွင် ပူ၍ မသက်မသာဖြစ်ခြင်း စသည်တို့ဖြစ်သည်။

ရောဂါရှာဖွေစစ်ဆေးမှုများအနေဖြင့် သွေးစစ်ခြင်း၊ ကိုယ်ခန္ဓာအပြင်ပိုင်းစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ CT  ရိုက်ခြင်း၊ MRI ရိုက်ခြင်းများကို ပြုလုပ်နိုင်ပါသည်။

နာတာရှည် ဒူးနာခြင်းကို ကုသမှုများမှာ

·         လေ့ကျင့်ခန်းဖြင့် ကုသနည်းများ

·         စိတ်တည်ငြိမ်စေသော လေ့ကျင့်ခန်းများ

·         ခွဲစိတ်ကုသခြင်းများ

·         ဆေးထိုးကုသခြင်းများ စသည်တို့ရှိပါသည်။

နာတာရှည် ဒူးနာခြင်းကို ကာကွယ်ရန် လုပ်ဆောင်ရမည့်အရာများမှာ

·         ကိုယ်လက်လေ့ကျင့်ခန်းမစမီ သွေးပူလေ့ကျင့်ခန်းလုပ်ပါ။

·         ဒူးဆစ်ကို ဝန်မပိစေသော လေ့ကျင့်ခန်းများလုပ်ပါ။

·         ကိုယ်အလေးချိန်လျှော့ချပါ။

·         အပြေးလေ့ကျင့်ခန်းလုပ်မည်ဆိုလျှင် ကုန်းအဆင်းများတွင်သာ လုပ်ဆောင်ပါ။

·         ညီညာသော လမ်းများတွင်သာ ပြေးခြင်း၊ လမ်းလျှောက်ခြင်းများ ပြုလုပ်ပါ။

·         ခြေထောက်နှင့် အံဝင်ခွင်ကျပြီး သက်တောင့်သက်သာရှိသော အပြေးဖိနပ်များကို သာ အသုံးပြုပါ။

Dr.Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18