Acute sinusitis (ရုတ်တရတ်နှာခေါင်းလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ထိ...
23-Sep-2021အကျဉ်းရှင်းလင်းချက်
ထိပ်ကပ်နာ ဖြစ်ရခြင်းသည်
လူ့ဦးခေါင်းခွံတွင်နှာခေါင်းပေါက်နှင့်ဆက်သွယ်ထားသော ဦးခေါင်းခွံတွင်းလေလမ်းကြောင်း
ပိတ်ဆို့မှုကြောင့်ဖြစ်သည်။နှာခေါင်းတွင်းရှိအခန်းလေးများရောင်ရမ်းကာ နှပ်ရည်များထွက်၍ပိတ်ဆို့ခြင်းဖြစ်သည်။နှာခေါင်းလမ်းကြောင်းပိတ်ဆို့မှုကြောင့်
အသက်ရှူရခက်သည့်အပြင် မျက်လုံးနှင့်မျက်နှာများဖောင်းအစ်လာပြီး ခေါင်းကိုက်နိုင်ပါသည်။များသောအားဖြင့်
တုပ်ကွေးဖြစ်ခြင်းမှအစပျိုးတတ်ပြီး ဘတ်တီးရီးယားပိုးမဝင်ပါက တစ်ပတ်မှ (၁ဝ)ရက်အတွင်းသက်သာပျောက်ကင်းသွားတတ်ကြပါသည်။
ဆေးဝါးများဖြင့်ကုသသော်လည်း (၁၂)ပတ်ကျော်အထိမပျောက်ကင်းပါက နာတာရှည်ထိပ်ကပ်နာဟုသတ်မှတ်ထားပါသည်။နာတာရှည်ထိပ်ကပ်နာဖြစ်ပွားပါက
နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ပါသည်။
အဓိကလက္ခဏာများ
- နှာခေါင်းနှင့်လည်ချောင်းမှ ခပ်ပျစ်ပျစ် အဝါရောင် သို့မဟုတ် အစိမ်းရောင်အရည်များထွက်ခြင်း
- နှာခေါင်းပိတ်၍အသက်ရှူရခက်ခြင်း
- နဖူး၊မျက်လုံး၊ပါးနှင့်နှာခေါင်းဝန်းကျင်
ဖောင်းအစ်၍နာကျင်ခြင်း
အခြားလက္ခဏာများ
- နားအတွင်းလေဖိအားများ၍နားအူနေခြင်း
- ခေါင်းကိုက်ခြင်း
- အပေါ်မေးရိုးနှင့်သွားများကိုက်ခြင်း
- အနံ့၊အရသာခံစားမှုအာရုံလျော့ခြင်း
- ချောင်းဆိုးခြင်း (အထူးသဖြင့် ညပိုင်းတွင်ဆိုးခြင်း)
- နှာခေါင်းနှင့်ပါးစပ်မှအနံ့အသက်ဆိုးများထွက်ခြင်း
- ပင်ပန်းနွမ်းလျခြင်း
- ဖျားနာခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
- ဗိုင်းရပ်စ်ပိုးကြောင့်တုပ်ကွေးဖြစ်ခြင်းမှတစ်ဆင့်ထိပ်ကပ်နာဖြစ်ခြင်း (အဖြစ်များသည်။)
- ဘတ်တီးရီးယားပိုးဝင်ခြင်း
ဖြစ်နိုင်ချေများသူများ
- ဓာတ်မတည့်ခြင်းလက္ခဏာရှိသူများ
- နှာခေါင်းလမ်းကြောင်းပုံစံမမှန်သူများ (နှာခေါင်းတွင်းအလုံး၊အကျိတ်ရှိသူများ၊နှာခေါင်းတွင်းရှိနှာနုရိုးသွေဖယ်ခြင်းများ)
- Cystic fibrosis ဟုခေါ်သောရောဂါရှိသူများ
- ခုခံအားကျဆင်းမှုရောဂါ
(HIV/AIDS)ရောဂါရှိသူများ
နောက်ဆက်တွဲ ပြဿနာများ
- နာတာရှည်ထိပ်ကပ်နာဖြစ်တတ်ခြင်း
- ဦးနှောက်အမြှေးပါးရောင်ခြင်း
- ဗိုင်းရပ်စ် သို့မဟုတ် ဘတ်တီးရီးယားပိုးသည် အရေပြားနှင့်အရိုးများသို့ပျံ့နှံ့ကာ အရေပြားဆဲလ်နှင့်အရိုးများကိုပါရောင်စေပါသည်။
- အနံ့ခံအာရုံလျော့ခြင်း(ဦးခေါင်းခွံအတွင်းရှိအနံ့နှင့်သက်ဆိုင်သောအာရုံကြောကိုရောင်စေသောကြောင့်ဖြစ်သည်။)
- အကယ်၍ပိုးသည်အမြင်အာရုံလမ်းကြောင်းသို့ရောက်သွားပါက
မျက်စိအမြင်အာရုံချို့ယွင်းခြင်းတို့ဖြစ်တတ်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- ခဏတာ ထိပ်ကပ်နာဖြစ်ခြင်းသည် များသောအားဖြင့် အလိုအလျောက်ပျောက်ကင်းသွားတတ်ကြပြီး ဆရာဝန်နှင့်ကုသရန်မလိုအပ်ပေ။
- သို့သော်ရောဂါလက္ခဏာမှာ ရက်ရှည်ပြီး ပို၍ဆိုးလာခြင်း၊အဖျားရက်ရှည်ခြင်း၊ခဏခဏပြန်ဖြစ်ခြင်းနှင့်နာတာရှည်ထိပ်ကပ်နာဖြစ်ခြင်းတို့ဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြသသင့်ပါသည်။
- မျက်နှာဖောင်းအစ်လာခြင်း၊မခံနိုင်အောင်ခေါင်းကိုက်ခြင်း၊အဖျားကြီးခြင်း၊မူးဝေခြင်း၊ပုံရိပ်နှစ်ထပ်မြင်ရခြင်း၊ဇာတ်ခိုင်ခြင်းတို့ဖြစ်ပေါ်ပါက
ဆရာဝန်နှင့်အမြန်ဆုံးသွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
- နှာခေါင်းတွင်းသို့မှန်ပြောင်းဖြင့် ကြည့်ရှှုစစ်ဆေးခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- နှာခေါင်းနှင့်နှာခေါင်းလမ်းကြောင်းမှအသားစယူကာ ပိုးကိုစစ်ဆေးခြင်း
- ဓာတ်မတည့်သောလက္ခဏာများရှိမရှိ
စစ်ဆေးခြင်း တို့ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
- ပိုးသတ်ထားသောဆားရည်ဖြင့်နှာခေါင်းတွင်းသို့ အစက်ချ၍ဆေးခြင်း
- ရောင်ရမ်းမှုကို လျော့နည်းစေသောဆေးပါသည့် နှာခေါင်းဖျန်းဆေးများအသုံးပြုခြင်း
- နာကျင်မှုများရှိပါက အကိုက်အခဲပျောက်ဆေးများအသုံးပြုခြင်း
- ပဋိဇီဝဆေးဝါးများဖြင့်ကုသခြင်း
(များသောအားဖြင့်မလိုအပ်ပေ၊သို့သော်ဘတ်တီးရီးယားပိုးဝင်မှုကြာရှည်ခြင်း၊ပြင်းထန်ခြင်းတို့ဖြစ်ပါက
ပဋိဇီဝဆေးဖြင့်ကုသရန်လိုအပ်ပါသည်။)
-
Immunotherapy (ဓာတ်မတည့်သောသူများတွင် မတည့်သောအရာကိုမိမိကိုယ်၏ခုခံအားစနစ်မှယဉ်သွားအောင်ပြုလုပ်ခြင်း)
ကာကွယ်ခြင်း
- ရေနှင့်အသီးဖျော်ရည်များသောက်သုံးပါ။
- ကော်ဖီသောက်သုံးခြင်း၊အရက်သောက်သုံးခြင်းတို့ကိုရှောင်ကြဉ်ခြင်း
- ရေနွေးငွေ့လေးရှူပေးခြင်း၊ရေနွေးနွေးလေးဖြင့်ရေချိုးပေးခြင်း
- မျက်နှာကိုရေနွေးဝတ်လေးနှင့်နှိပ်နယ်ပေးခြင်း
- နှာခေါင်းကိုပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးခြင်း
တို့ဖြင့်ကာကွယ်နိုင်ပါသည်။
Credit : Dr Toe
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။