မေးခိုင်ရောဂါ
03-Oct-2021
Tetanus ကို မေးခိုင်ရောဂါဟု သုံးသည်။ ဤသို့သုံးခြင်းမှာ Tetanus ရောဂါတွင် ထင်ရှားသော လက္ခဏာတစ်ခုဖြစ်သည့် Tetanus ကို တင်စား၍ခေါ်ဆိုခြင်းဖြစ်သည်။ မေးခိုင်ရောဂါမှာ ဗက်တီးရီးယားကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ဗက်တီးရီးယားအမည်မှာ Clostridium tetani ဖြစ်၏။ဗက်တီးရီးယားမှ Exotoxin အဆိပ်ပစ္စည်းထုတ်သည်။ ယင်းအဆိပ်ပစ္စည်းသည် ကြွက်သားများသို့ သွားသော အာရုံကြောများနှင့် ကလာပ်စည်းများ (motor nerve ending and motor nerve cells ) အား ထိခိုက်စေသည်။
ကြွက်သားများသည်
ကျုံ့ညှစ်ပြီး ပြန်ဆန့်နိုင်စွမ်း မရှိကြတော့ပေ။ အစားအစာဝါးရာတွင် သုံးသော ကြွက်သားများ
ကျုံ့ညှစ်ပြီး ပြန်မဆန့်နိုင်ခြင်းကြောင့်ပါးစပ်မှာစေ့နေပြီး ဟမရဖြစ်သွားသည်။ သော့ခတ်ပြီး
ဖွင့်မရခြင်းသဘောဖြစ်သဖြင့် Lock Jaw ဟုခေါ်ပါသည်။မျက်နှာရှိ အခြားကြွက်သားများ၌လည်းဖြစ်ပါသည်။
ခန္ဓာကိုယ်၏ အခြားနေရာများမှ ကြွက်သားများလည်း မေးခိုင်ရောဂါပိုး၏ အဆိပ်ကြောင့်ကျုံ့ညှစ်ပြိးပြန်မဆန့်နိုင်မှုဖြစ်နိုင်ပါသည်။
အသက်ရှူခြင်းနှင့်ဆိုင်သော ကြွက်သားများထိခိုက်မှုရှိလျှင် အသက်ရှူလုပ်ငန်းပျက်ယွင်းပြီး
သေဆုံးသွားနိုင်ပါသည်။
နှလုံးကြွက်သားများ၏ ထူးခြားသော ဇီဝကမ္မဖြစ်စဉ်ကြောင့် မေးခိုင်ရောဂါကြောင့် နှလုံး၏ကျုံ့ခြင်း၊ ဆန့်ခြင်းအပေါ် ထိခိုက်မှုမရှိနိုင်ပါ။ဝမ်းဗိုက်ကြွက်သားများသည် မေးခိုင်ရောဂါကြောင့် ကျောက်သင်ပုန်း(သစ်သား)ကဲ့သို့ မာကျောနေတတ်ပါသည်။ လည်ပင်းသည်လည်းတောင့်တင်းနေတတ်ပါသည်။ Tetanus ရောဂါကို မေးခိုင်ဟုဆိုထားသော်လည်း ခန္ဓာကိုယ်အရိုးနှင့် ဆက်ထားသော ကြွက်သားများအားလုံးထိခိုက်နိုင်သည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။မေးခိုင်ရောဂါသည် ခန္ဓာကိုယ်နေရာ အနှံ့အပြားရှိ အရိုးဆက်ကြွက်သားအားလုံးကို ထိခိုက်စေသည်။
ကိုးကား - ဒေါက်တာ အေးကျော် ( ဇီဝ ကမ္မဗေဒ ) ကျန်းမာရေး အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
