Polycystic Ovarian Syndrome - PCOS (သားဥအိမ်တွင် ရေအိတ်တည်ခြင်း)
17-Oct-2021မျိုးဆက်ပွားနိုင်သည့်အရွယ်
အမျိုးသမီးများတွင် ဟော်မုန်း ချွတ်ယွင်းမှုကြောင့် သားဥအိမ်အတွင်း အရည်အိတ်များဖြစ်ခြင်းကို
သားဥအိမ်ရေအိတ်တည်ခြင်း (Polycystic Ovarian Syndrome) ဟုခေါ်သည်။
လက္ခဏာများ
အပျိုဖော်ဝင်စ
အရွယ်တွင် အဖြစ်များသည်။ ရောဂါလက္ခဏာများအနေဖြင့်
- ရာသီပုံမှန်မလာခြင်း၊
တခါတရံ လေးလနှင့် အထက် ရာသီသွေး ပျောက်သွားတတ်ခြင်း၊
- ရာသီပေါ်ပြန်လျှင်လည်း
ရက်ပေါင်းများစွာ ပေါ်တတ်ခြင်း (Prolonged period)
- ယောကျ်ားဟော်မုန်း
(Androgen) များသောကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွှေးများပေါက်ခြင်း၊ ဝက်ခြံများထွက်ခြင်း၊
ထိပ်ပြောင်ခြင်း တို့ဖြစ်နိုင်သည်။
ဖြစ်ပွားရသော
အကြောင်းရင်းများ
ဖြစ်စေသော အကြောင်းရင်းကို
သေချာစွာ မသိရသေးပေ။ သို့သော်
- မုန့်ချိုအိတ်
(Pancreas) ဟော်မုန်း - Insulin အထွက်များသူ (due to Insulin resistance)
- အဝလွန်သူနှင့်
- မိသားစုဝင်များတွင်
သားဥအိမ်ရေအိတ် တည်ဖူးသူများတွင် အဖြစ်များသည်ကို တွေ့ရသည်။
နောက်ဆက်တွဲ
ပြဿနာများ
အဝလွန်သူများတွင်
သားဥအိမ်ရေအိတ်တည်ပါက နောက်ဆက်တွဲအနေဖြင့်
- ဆီးချိုသွေးချိုနှင့်
သွေးတိုးရောဂါ
- သွေးတွင်း
အဆီဓာတ်နှင့် ကိုလက်စ်ထရော များခြင်း
- နှလုံးနှင့်
သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်လွယ်ခြင်း
- အသည်းထဲတွင်
အဆီများစုခြင်းကြောင့် အသည်းရောင်ခြင်း
- မျိုးမအောင်ခြင်း
- အိပ်ပျော်ချိန်တွင်
အသက်ရှူရပ်ခြင်း
- စိတ်ရှုတ်ထွေးခြင်း၊
စိတ်ဓာတ်ကျခြင်း
- ပုံမှန်မဟုတ်ဘဲ
သွေးဆင်းခြင်း
- သားအိမ်ကင်ဆာ
နှင့်
- ကိုယ်ဝန်ဆောင်ကာလတွင်
သွေးတိုးခြင်း၊ သွေးချိုဆီးချို တက်ခြင်း တို့ဖြစ်နိုင်ပါသည်။
ရောဂါရှာဖွေခြင်း
- ဆရာဝန်နှင့်
ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်း
- သားအိမ်တွင်း၊
မိန်းမကိုယ်အတွင်း အလုံးအကျိတ်များရှိမရှိကို စမ်းသပ်ခြင်း
- ရာသီသွေး
ပုံမှန်မပေါ်သည့် အကြောင်းရင်းနှင့် ယောကျ်ားဟော်မုန်း များနေခြင်း တို့ကို သိနိုင်ရန်
သွေးစစ်ခြင်း
- သွေးတွင်းရှိ
အဆီဓာတ်နှင့် ကိုလက်စ်ထရောဓာတ်များကို စစ်ဆေးခြင်း
- သားဥအိမ်၏
ပုံသဏ္ဍာန်နှင့် သားအိမ်အထူကို သိနိုင်ရန် တီဗွီဓာတ်မှန် (Ultrasound) ရိုက်ခြင်း တို့ကို
ပြုလုပ်နိုင်ပါသည်။
ရောဂါကုသခြင်း
- ကယ်လိုရီနည်းသော
အစာများကို ရွေးချယ်စားသုံးခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ကို
ပြုလုပ်သင့်သည်။
- ရာသီသွေးပုံမှန်ပေါ်ရန်၊
သားဥကြွေရန်နှင့် အမွှေးများပေါက်ခြင်းကို သက်သာစေရန် ဆေးများကို ဆရာဝန်ညွှန်ကြားသည့်
အတိုင်းသောက်သုံးနိုင်ပါသည်။
Lei
Ref:
Mayoclinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။