မိသားစုအတွင်းမှ လိင်ကျန်းမာရေးပြဿနာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ခြင...
25-Oct-2021
မြန်မာနိုင်ငံ၊ ရှေးကျသော မိသားစု၊ အိမ်ထောင်စုတွင် လိင်ကိစ္စ၊ လိင်ပြဿနာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြား ဆွေးနွေးခွင့် မရရှိပေ။ လိင်ကိစ္စ၊ လိင်ပြဿနာကို ထုတ်ဖော်ပြောကြားလျှင် ညစ်ညမ်းသည်။ မိုက်ရိုင်းသည်။ အောက်တန်းကျသည်ဟု ဆူပူခံရ၏။ အရိုက်ပင် ခံရတတ်၏။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာနှင့်အဝှမ်း နိုင်ငံအသီးသီး တွင် အရွယ်မရောက်မီ၊ အချိန်မတန်မီ အိမ်ထောင်ကျကြ၏။ တရားဝင်လက်ထပ်ခြင်း မရှိဘဲ၊ တိတ်တိတ်ပုန်း ပေါင်းသင်းကြရာမှ ကိုယ်ဝန်ရရှိကြ၏။ သားဖျက်ကြ၏။
သားမဖျက်နိုင်သော
မိန်းကလေးအဖို့ မွေးကင်းစကို စွန့်ပစ်ခဲ့ကြသည်။ ရင်ကွဲ၊ ရင်နာစရာ ဖြစ်ရပါသည်။အနှီအရွယ်
မရောက်မီ ယောကျ်ားလေးနှင့် မိန်းကလေးတို့သည် ဘုမသိဘမသိဘဲ ပြစ်မှုဥပဒေကို ပြုမူ ကျူးလွန်ကြပေသည်။
ဤတွင် အလျဉ်းသင့်၍ ကိုယ်ဝန်ဖျက်ချခြင်း အပြစ်ဒဏ်များကို ဥပဒေ ဗဟုသုတ အလို့ငှာ၊ ပြဌာန်းချက်၊
ပြစ်မှု ဥပဒေ (ရာဇဝတ်ကြီး ဥပဒေ) ကို ကောက်နှုတ်ဖော်ပြပါမည်။
၁။ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၃၁၂
ကိုယ်ဝန်ပျက်စေခြင်း
(လှုပ်ရှားသော ကိုယ်ဝန်ဖြစ်လျှင်) ထောင်ဒဏ် ခုနစ်နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း
ချမှတ်နိုင်၏။
၂။ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၃၁၂-က
မိန်းမကို ပဋိသန္ဓေ
မတည်နိုင်အောင် ခွဲစိတ်ကုသခြင်းပြုလျှင် ထောင်ဒဏ် သုံးနှစ် ကျခံရမည့်အပြင် ငွေဒဏ်ကိုလည်း
ချမှတ်နိုင်သည်။
၃။ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၃၁၂-ခ
ယောကျ်ားကို
ပဋိသန္ဓေ ပေးနိုင်စွမ်း မရှိအောင် ခွဲစိတ်ကုသခြင်း ပြုလျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည့်အပြင်
ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်။
၄။ ပြစ်မှု ဥပဒေ၊
ပုဒ်မ ၃၁၅
ကလေးအရှင် မွေးဖွားခြင်းကို တားဆီးလျှင်၊ မွေးဖွားပြီးနောက် မွေးကင်းစ ကို သေစေလျှင် ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ငွေဒဏ်ချမှတ်ခြင်း ခံရမည်။
၅။ ပြစ်မှု ဥပဒေ၊ ပုဒ်မ ၃၁၈
ကလေးအလောင်းကို
တိတ်တဆိတ် ဖျောက်ဖျက်လျှင်၊ မွေးဖွားခြင်းကို ထိန်ချန် လျှင် ထောင်ဒဏ် နှစ်နှစ်အထိနှင့်
ငွေဒဏ်ချမှတ်ခြင်း ခံရမည်။
Credit:ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
