Frozen Shoulder (ပခုံးကြွက်သားတောင့်တင်းနာကျင်ခြင်း)
02-Nov-2021လက်မောင်းကွင်းရိုး ပတ်လည်တွင် အုပ်ပေးထားသည့် အကာ Capsule ယောင်
ယမ်းလာသည့်အတွက်
နာကျင်ခြင်း၊ တောင့်ခြင်း၊ လက်မောင်း၏လှုပ်ရှားမှုများ
မလုပ်နိုင်ခြင်း
ဖြစ်ပေါ်ခံစားရသည့် ရောဂါဖြစ်သည်။ရောဂါဖြစ်ပွားခြင်းတွင် အဆင့်
၃ဆင့်ရှိသည်။
Freezing -
ထိုအဆင့်တွင် ပို၍ပို၍ နာကျင်လာပြီး လက်မောင်း၏လှုပ်ရှားမှု ခက်ခဲလာနိုင်ပါသည်၊ ၆ပတ်မှ
၉လအထိ ခံစားရနိုင်ပါသည်။
Frozen - ထိုအဆင့်တွင်
နာကျင်မှုများသက်သာသွားသော်လည်း တောင့်တင်းပြီး
မလှုပ်နိုင်ခြင်းများကျန်နေသေးသည်၊
၄လမှ ၆လအထိကြာနိုင်သည်။
Thawing - ထိုအဆင့်တွင်
နာကျင်တောင့်တင်းခြင်းများသက်သာသွားပြီး လှုပ်ရှားမှုများ
လည်း ပုံမှန်ပြန်ဖြစ်သွားသည့်
ကာလဖြစ်သည်၊ ပြန်လည်ကောင်းမွန်ရန် ၆လမှ ၂နှစ်
အထိကြာနိုင်ပါသည်။
လက္ခဏာများ
လက်မောင်းထိပ်နှင့်
လက်ဖျံနေရာတို့တွင် တောင့်တင်းနာကျင်ခြင်းသည် အဓိကခံစားရသော လက္ခဏာဖြစ်သည်။ နေ့စဉ်ပြုလုပ်နေကျ
နိစ္စဓူဝအလုပ်များဖြစ်သည့် ရေချိုးခြင်း၊ အဝတ်ဝတ်ခြင်း၊ ကားမောင်းခြင်း၊ အိပ်ခြင်းစသည့်
ပြုလုပ်ခြင်းများကိုပါ ထိခိုက်နိုင်ပါသည်။
ဖြစ်ပွားရသော
အကြောင်းရင်းများ
- ဆီးချိုရောဂါ၊
လေဖြတ်ရောဂါရှိသူများ၊
- ခွဲစိတ်မှုပြုလုပ်ပြီး
(သို့) နာကျင်မှုတစ်ခုခုကြောင့် ကြာရှည်စွာ မလှုပ်ရှားဘဲ နေသူများ၊
- များသောအားဖြင့်
အသက် ၄ဝ မှ ၇ဝ ကြားတွင် ဖြစ်ပေါ်တတ်သည်၊ အသက် ၄ဝအောက် လူများတွင် အဖြစ်နည်းသည်။
စစ်ဆေးမှုများ
ဆရာဝန်၏ စမ်းသပ်မှုတွင်
လက်မောင်းအကွေးအဆန့် လှုပ်ရှားရာတွင် နာခြင်း၊
တောင့်ခြင်း၊
ကောင်းမွန်စွာ မလှုပ်ရှားနိုင်ခြင်းတို့ ရှိနိုင်သည်။
- ဓာတ်မှန်
ရိုက်ခြင်း (X-ray)
- သံလိုက်ဓာတ်မှန်
ရိုက်ခြင်း (MRI)
- တယ်လီဗေးရှင်း
ဓာတ်မှန်ရိုက်ခြင်း (USG Scan)
ကုသခြင်း
- ရှေးဦးစွာ
အနာသက်သာနိုင်မည့် NSAID အကိုက်အခဲပျောက်ဆေးဝါးများဖြင့် ကုသခြင်း၊
- မသက်သာပါက
Corticosteroids ဆေးများအရိုးထဲအတွင်းသို့ ထိုး၍ကုသခြင်း၊
- အပူအိတ်ကပ်ခြင်း၊
အပူအိတ်ကပ်ပြီးလျှင် ညင်သာစွာ လက်ဆန့်တန်းကြည့်ခြင်း၊
- သက်သာစေမည့်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊
သက်သာပျောက်ကင်းရန်သည်
နှစ်နှင့်ချီ၍ ကြာမြင့်နိုင်ပါသည်။
အထက်ကုထုံးများဖြင့်
ကုသနေလျှက် ၆လကြာသည်အထိ မသက်သာပါက သို့မဟုတ် ရောဂါလက္ခဏာများပိုဆိုးလာပါက ခွဲစိတ်နည်းဖြင့်ကုသခြင်းများ
ပြုလုပ်နိုင်ပါသည်။
ခွဲစိတ်နည်းများ
-
Manipulation under anaesthesia မေ့ဆေးပေးပြီး တောင့်နေသည့် အရိုးကွင်း တနည်း အကာ
Capsule ကိုဆန့်ထုတ်ခြင်း
- Shoulder
arthroscopy အရိုုးတွင်းသို့ မှန်ပြောင်းထည့်ကြည့်ပြီး မာခဲနေသည့် အရွတ်များကိုဖယ်ထုတ်ခြင်း
ပြန်လည်ကောင်းမွန်ရန်
အပြီးတိုင်
သက်သာပျောက်ကင်းရန်မှာ ခွဲစိတ်ပြီးနောက်ပိုင်းတွင် လေ့ကျင့်ခန်း Physiotherapy ပုံမှန်ဆက်လုပ်ရန်
အရေးကြီးသည်။ ၆ပတ်မှ ၃လအထိ ကြာမြင့်နိုင်ပါ
သည်။ အများစုတွင်
နောက်တစ်ခေါက်ပြန်၍ ရောဂါလက္ခဏာများ မဖြစ်ပေါ်တတ်ပါ။
DR hp
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။