HIV/ AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)
03-Nov-2021ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ အေအိုင်ဒီအက်စ် -AIDS ဆိုသည်မှာ HIV ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်အတွင်းသို့
ဝင်ရောက်ပြီး ခန္ဓာကိုယ်၏ခုခံအားကိုနှောင့်ယှက်ပြီး အသက်ဆုံးရှုံးစေနိုင်သည် အထိဖြစ်စေသော
ရောဂါတစ်မျိုးဖြစ်သည်။
ကူးစက်ပုံ
- လိင်မှကူးစက်တတ်သောရောဂါဖြစ်သည်။
- ထို့အပြင် ရောဂါပိုးရှိသော သူနှင့် ဓား၊ဆေးထိုးအပ် မျှဝေသုံးခြင်း
- ရောဂါပိုးရှိသောသွေးကိုသွေးမိခြင်း၊
- ရောဂါပိုးရှိသော
အမေမှ ကလေးသို့ ကူးစက်နိုင်သည်။
ရောဂါအလွယ်တကူ ကူးစက်နိုင်သော အခြေအနေများ
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အထူးသဖြင့် လိင်တူဆက်ဆံခြင်း၊ စအိုနှင့်လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း။
- အခြား လိင်မှတဆင့် ကူးစက်တတ်သော ရောဂါရှိလျှင် ဥပမာ- ရေယုန်ပေါက်နေခြင်း၊ ကာလသားရောဂါအနာပေါက်နေခြင်း။
- ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးသုံးသူများ။
- လိင်တံထိပ်အရေပြား ဖြတ်မထားသော သူများ။
- ရောဂါကြောင့်သွေးခဏခဏ
သွင်းနေရသူများ တွင် ပိုကူးနိုင်သည့် အနေအထားတွင်ရှိသည်။
လက္ခဏာများ
HIV စတင်ဝင်ရောက်သည့်အချိန်မှစ၍ AIDS ရောဂါဖြစ်သည်အထိ အဆင့်အပိုင်းများပေါ်မူတည်၍ ရောဂါလက္ခဏာပြောင်းလဲနိုင်သည်။
* Primary Acute HIV infection( ပိုးစတင်ဝင်ရောက်သည့်ကာလ)
အအေးမိဖျားနာကဲ့သို့သော လက္ခဏာများကိုခံစားရနိုင်သည်။
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ခန္ဓာကိုယ်အရိုးအဆစ် ကြွက်သားများနာကျင်ခြင်း
- အနီကွက်ထခြင်း
- လည်ချောင်းနာခြင်း
- လည်ပင်းအကျိတ်များကြီးခြင်း
အထက်ပါလက္ခဏာများသည်
အပြင်းထန်ပါဘဲ မသိလိုက်မသိဘာသာဖြစ်ပေါ်သည့်အတွက် ပိုးဝင်ရောက်မှန်းမသိလိုက်ဘဲ ဖြစ်တတ်သည်။
သို့သော်ထိုအချိန်တွင် ခန္ဓာကိုယ်တွင်း၌ ပိုးကောင်ရေပွားပြီး ခုခံအားကိုဒုက္ခပေးနေသောအချိန်ဖြစ်သည်။
* Chronic latent infection(Chronic HIV)-ပိုးငုပ်နေသည့် အချိန်
ခန္ဓာကိုယ်ရှိ
အကျိတ်များကြီးသည်မှလွဲ၍ မည်သည့်လက္ခဏာမှ မပေါ်ဘဲ လူကောင်းပကတိကဲ့သို့ ရှိနေတတ်သည်။ ဆေးမသောက်ဘဲ
နှစ်ပေါင်း ၁၀ နှစ်အထိ ကြာနိုင်ပြီး၊ ရောဂါပိုးအတွက်ဆေးသောက်ပါက ၁ဝနှစ်ထက်ပို၍ ကြာနိုင်ပါသည်။
* Early symptomatic HIV infection
- ဖျားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အကျိတ်များရောင်ရမ်းခြင်း
- ဝမ်းလျှောခြင်း
- ကိုယ်အလေးချိန်ကျသွားခြင်း
- အဖြူဖတ်များ ပါးစပ်အတွင်းပေါ်ခြင်း
- ရေယုန် ပြင်လိုက်ထခြင်း
*
Progression to AIDS( AIDS အဆင့်သို့ကူးပြောင်းခြင်း)
HIV ပိုးအတွက် ဆေးသောက်ခြင်းမရှိပါက အောက်ပါရောဂါလက္ခဏာများ ၁၀ နှစ်အတွင်းဖြစ်ပေါ်လာနိုင်သည်။
- မကြာခဏဖျားခြင်း
- ညဘက်ချွေးထွက်ခြင်း
- ကြာရှည်စွာ ဝမ်းလျှောခြင်း
- လျှာနှင့် ပါးစပ်များထဲတွင် အဖြူကွက်၊ အဖြူစက်များပေါက်ခြင်း
- ကိုယ်အလေးချိန်သိသိသာသာ ကျသွားခြင်း
ဆရာဝန်နှင့်
သွားရောက်ပြသင့်သောအချက်များ
ရောဂါပိုးကူးစက်ခံရသည်ဟုထင်လျှင်
သို့ တူညီသည့်လက္ခဏာများပေါ်ပေါက်ပါက ဆရာဝန်ထံသို့ သွားရောက်ပြသသင့်သည်။
နောက်ဆက်တွဲပြဿနာများ
HIV ရောဂါပိုးသည် ခန္ဓာကိုယ်အတွင်းရှိ ခုခံအားကို ဖျက်ဆီးသည့်အတွက် အမျိုးမျိုးသောရောဂါများနှင့် ကင်ဆာများဖြစ်ပေါ်နိုင်ပါသည်။.
- တီဘီရောဂါဖြစ်ခြင်း - HIV ရောဂါပိုးရှိသူများတွင် တီဘီရောဂါသည်အဖြစ်အများဆုံးဖြစ်ပြီး သေစေနိုင်သောရောဂါလည်းဖြစ်သည်။
- Cytomegalovirus ရောဂါ
- Candidiasis- candida ဟုခေါ်သောမှိုတစ်မျိုးကြောင့်ဖြစ်သောရောဂါ
- Cryptococcal meningitis- Cryptococcal ဟုခေါ်သောမှိုရောဂါကြောင့်ဖြစ်သည့် ဦးနှောက်အမြှေးရောင်ရောဂါ။
- Toxoplasmosis Toxoplasma ဟုခေါ်သော ကပ်ပါးကောင်ကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါ
- Cryptosporidiosis- Cryptosporidium ဟုခေါ်သော ကပ်ပါးကောင်ကြောင့်ဖြစ်သည့် ဝမ်းလျှောရောဂါ
- Kaposi ကင်ဆာ
- အကျိတ်ကင်ဆာ
- သားအိမ်ခေါင်းကင်ဆာ
စသည်ဖြင့် နေရာအနှံ့နီးပါးတွင်ဖြစ်ပေါ်နိုင်သည်။
စစ်ဆေးမှုများ
ပိုးဝင်ရောက်ပြီး
ပြန်လည်ခုခံသည့် ခုခံအားဓာတ် Antibody စစ်ဆေးခြင်း - ပိုးဝင်ရောက်ပြီးချက်ချင်းမပေါ်တတ်။
အနည်းဆုံး ၁၂ပတ်ကြာတတ်ပါသည်။ မိမိကိုယ်တိုင် အိမ်တွင် အလွယ်တကူ စမ်းသပ်နိုင်သည်။Antibody
ထွက်ရန် ၁၂ပတ်ကြာတတ်သည့်အတွက် နောက်ပိုင်းတွင် ပိုး antigen ရှာသည့်နည်းလမ်းကို သုံးလာကြပါသည်။
ထိုစစ်ဆေးမှုသည် ၁၂ပတ်စောင့်စရာမလိုဘဲ မြန်မြန်သိနိုင်ပါသည်။
- ခုခံအား CD4 count စစ်ဆေးခြင်း
- Viral load ဗိုင်းရပ်စ်ပိုးအကောင်ရေစစ်ဆေးခြင်း
- Drug resistance- ဗိုင်းရပ်စ်ပိုးသတ်ဆေး နိုင်မနိုင်စမ်းသပ်ခြင်း။
- နောက်ဆက်တွဲ
ရောဂါများအတွက် စစ်ဆေးခြင်း။
ကုသခြင်း
AIDS ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်သေးသော်လည်း HIV ပိုးပွားခြင်းကို ဟန့်တားနိုင်သည့် ဆေးများသောက်ခြင်းဖြင့် ရောဂါကိုဟန့်တားသက်သာစေပါသည်။ ဆေးများပေးရာတွင်လည်း တစ်မျိုးတည်းသာမပေးဘဲ ဆေးများပေါင်းပေးခြင်းဖြင့် ထိရောက်စွာ ကုသနိုင်သည်။
ဆေးအမျိုးအစားများမှာ-
Non-nucleoside reverse transcriptase inhibitors (NNRTIs)
Nucleoside or nucleotide reverse transcriptase inhibitors (NRTIs)
Protease inhibitors (PIs)
Entry or fusion inhibitors
Integrase
inhibitors
အရေးကြီးသည်မှာ
ခုခံအား CD4count အရေအတွက် ဘယ်လောက်ရှိရှိရောဂါရှိမှန်းသိသည်နှင့် ဆေးသောက်ရန်လိုအပ်ပေသည်။
လူနေမှုပုံစံပြုပြင်နေထိုင်ခြင်း
ရောဂါအတွက်ဆေးသောက်ရုံသာမက အခြားကောင်းမွန်သည့်နည်းလမ်းများကိုလည်းလုပ်ဆောင်သင့်ပေသည်။
- အာဟာရဖြစ်စေမည့် အစားများပြည့်ဝအောင်စားခြင်း
- မသန့်ရှင်းသောအစားအသောက်များကို ရှောင်ခြင်း
- လိုအပ်သောကာကွယ်ဆေးများထိုးခြင်း-ဥပမာ အဆုတ်ရောင်ကာကွယ်ဆေး။
- တိရိစ္ဆာန်များနှင့် လက်ပွန်းတတီးနေထိုင်ခြင်းမှ ရှောင်ကြည်ပါ။
- မိမိတွင် HIV ပိုးရှိပါက အခြားသူများထံသို့မကူးစက်စေရန် သတိထားနေထိုင်သင့်သည်။
- HIV ပိုးဝင်ရောက်ပြီး
AIDS ရောဂါခံစားနေရသည့် ရောဂါဝေဒနာရှင်များကို စိတ်ပိုင်းဆိုင်ရာအရ ပြုစု ကုသရန်မှာ
အလွန်ပင်အရေးကြီးလှပါသည်။
ကာကွယ်ခြင်း
HIV ရောဂါပိုးအတွက်
ကာကွယ်ဆေးမရှိသလို ပျောက်ကင်းအောင်လည်းမကုသနိုင်သေးပါ။ ထို့ကြောင့်ကာကွယ်ခြင်းသည်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။မိမိ၏
လိင်ဆက်ဆံဖော်သည် ရောဂါပိုးရှိမရှိမသေချာပါက လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ မိမိတွင်
ရောဂါပိုးရှိနေပါကလည်း မိမိ၏လိင်ဆက်ဆံဖော်ကို ပြောပြပါ။သန့်ရှင်းသောတစ်ခါသုံး အပ်ကိုသာ
အသုံးပြုပါ။ HIV ရောဂါပိုးရှိသူအမျိုးသမီး ကိုယ်ဝန်ဆောင်ပါက ကလေးသို့မကူးစက်စေရန် ဆေးကုသမှုလျှင်မြန်စွာခံယူပါ။
အမျိုးသားများ လိင်တံအရေပြားဖြတ်ထားခြင်းဖြင့် HIV ကူးစက်နိုင်မှုကို အတန်အသင့်ကာကွယ်နိုင်သည်။
Ref: Mayoclinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။