အူအတက်ရောင်ခြင်း(Appendicitis)
04-Nov-2021အူအတက်ရောင်တယ်ဆိုတာ
Appendix လို့ခေါ်တဲ့ အတက် ကလေးရောင်နေခြင်း ကို ဆိုလိုပါတယ်။အူအကြီး large
intestine နဲ့ ဆက်ထားတဲ့ တစ်သျှူး tube လေးဖြစ်ပါတယ်။ သူရဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်ညာဖက်အခြမ်းမှာ
စူးရှစွာနာကျင်ခြင်း ဖြစ်ပါတယ်။ ပိုးဝင်နေတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ထုတ်ပစ်ရပြီး အကယ်၍များ
ခွဲစိတ်မှုမပြု လုပ်ခဲ့ရင်တော့ ဝမ်းဗိုက်ထဲကိုပိုးတွေပျံ့နှံ့နိုင်ပြီး အသက်အန္တရာယ်ကိုထိခိုက်နိုင်ပါတယ်။
Credit :ပါမောက္ခ ဦးချစ်စိုး (Page 19 )
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။