Print

ဆီးချို သွေးချိုရောဂါဖြစ်ရန်အန္တရာယ်ရှိသောသူများ

  15-Nov-2021
Preview Image

 - အသက် (၄၀) ကျော်သူများ

- ဆီးချိုသွေးချိုရောဂါမျိုးရိုးရှိသူများ

- အချိုစားသူများသောသူများ

- လိုအပ်သည်ထက် ပိုမိုစားသောသူများ

- ကိုယ်လက်လှုပ်ရှားမူနည်းသူများ

- ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ ဖြစ်ခဲ့ဖူးသူများ

- ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်အလေးချိန် အလွန်အမင်းတက်သောသူများ

- အသက်ငယ်ငယ်နှင့် နှလုံးသွေးကြောကျဉ်းသူများဆီးချိုသွေးချိုရောဂါသည်

လူ့ဘဝနေထိုင်မှုဟန်နှင့် များစွာဆက်စပ်နေပါတယ်။ ယခုခေတ်ကာလတွင် ငယ်ရွယ်စဉ်ကလေးဘဝမှ စ၍ အန္တရယ်ရှိသော လူ့ဘဝတွင် နေထိုင်မှုဟန်များနေကြသည်။

 

အဆီစားများသည်။ အချိုစားများသည်။ အငန်စားများသည်။ အသင့်စားနိုင်သော အစားအစာများ၊ အပြင်စာများ (အပြင်စာများတွင် အချိုမှုန့် ၊ ဆား၊ ဆီ အသုံးပြုမှုများသည်) အစားများလာကြသည်။ အချိုရည်သောက်သုံးမူများလာသည်။ထိုအပြင် ကိုယ်လက်လှုပ်ရှားမူ နည်းလာကြသည်။ ဂိမ်း(Game) ကစားခြင်း ၊ ကွန်ပြူတာကြည့်ခြင်း၊ အင်တာနက် ထိုင်ကြည့်ခြင်း ၊ ရုပ်ရှင် ၊ ဗွီဒီယိုများ တစ်နေကုန်ထိုင်ကြည့်ခြင်း များလာကြသည်။ အထက်ဖော်ပြပါအန္တရာယ်ရှိသော လူ့ဘဝနေထိုင်မှုဟန်များသည်။ အသက်ငယ်ငယ်နှင့် ဆီးချိုသွေးချိုရောဂါကို လက်ယပ်ခေါ်သလိုဖြစ်နေ

ပါသည်။ ထို့ကြောင့်လည်း အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါသည် ယခင်က အသက် (၄ဝ) ကျော်သူများတွင်သာ အတွေ့ရများသော်လည်း ယခုအခါ ဆယ်ကျော်သက်များ ၊ ငယ်ရွယ်သူများတွင်လည်း အများအပြား တွေ့ရပါသည်။လူတိုင်းလူတိုင်း ငယ်ရွယ်စဉ်မှစ၍ အန္တရာယ်ရှိသော လူ့ဘဝနေထိုင်မှုဟန်မှသည် ကျန်းမာသောလူ့ဘဝနေထိုင်မှုဟန်သို့ပြောင်းလဲရန် အရေးကြီးလှပါသည်။


ဒေါက်တာအေးအေးဝင်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18