အသည်းမာ အသည်းခြောက်ခြင်း
24-Nov-2021ဘာကြောင့်ဖြစ်ရတာလဲ
• အရက်သောက်ခြင်း
• အသည်းရောင်ရောဂါဗိုင်းရပ်စ်များ
B နှင့် C
• အရက်ကြောင့်မဟုတ်သော
အသည်းအဆီဖုန်းခြင်း
• ခုခံအားစနစ်ယိုယွင်းမှုဆိုင်ရာ
ရောဂါများ
• အသည်းခြေလမ်းကြောင်းဆိုင်ရာ
ရောဂါများ
• မျိုးရိုးဗီဇ
• နာတာရှည်
သွေးပြန်ကြောပိတ်ဆို့ခြင်း
• ဇာစ်မြစ်
အတိအကျမရှိခြင်း
ဘယ်လိုလက္ခဏာတွေ
တွေ့ရနိုင်သလဲ
• အသည်းကြီးလာခြင်း
• အသားဝါခြင်း
• ရေဖျဉ်းစွဲခြင်း
(ဝမ်းဗိုက်အတွင်း ရေစုခြင်း)
• လက်ဖဝါးနီရဲလာခြင်း
• အရေပြားပြာနှမ်းခြင်း
• အရေပြား၌
ပင့်ကူသဏ္ဍာန် သွေးကြောငယ်များ တွေ့ရခြင်း
• လိင်ဆန္ဒကုန်ခမ်းခြင်း
• ဆံပင်ကျွတ်ခြင်း
• အမျိုးသမီးများ၌
ရင်သားထွက်လာခြင်း
• ဝှေးစေ့ သေးသိမ်လာခြင်း
• ပန်းသေ၊ ပန်းညှိုးခြင်း
• အမျိုးသမီးများတွင်
ရင်သားသိမ်လာခြင်း
• မီးယပ်သွေး
ကမောက်ကမဖြစ်ခြင်း
• မီးယပ်သွေးထိမ်ခြင်း
• နှာခေါင်းသွေးယိုခြင်း၊
အရေပြား၌ အနီအစက်အပြောက်ပေါ်ခြင်း၊ သွေးခြည်ဥခြင်း
• ဘေလုံးကြီးခြင်း
• ဝမ်းဗိုက်၌
သွေးကြောများ ထင်ရှားစွာပေါ်လာခြင်း
• အရေပြားအရောင်အသွေး
ပျက်ယွင်းခြင်း
• ခြေချောင်း၊
လက်ချောင်းထိပ်၌ တင်းပုတ်သဏ္ဍာန်ဖြစ်ခြင်း
• လက်ချောင်းများ
ကွေးလာခြင်း
• ဦးနှောက်ယိုယွင်းခြင်း
ဘယ်လိုကုရမလဲ
• ရောဂါဇာစ်မြစ်ကို
ရှာဖွေဖော်ထုတ် ဖယ်ရှားရမည်။
• အာဟာရပြည့်ဝအောင်
ဆောင်ရွက်ပေးရမည်။
• ဖြစ်ပေါ်လာသော
နောက်ဆက်တွဲအရှုပ်အထွေးများကို ကုသပေးရမည်။
• လိုအပ်ပါက အသည်းအစားထိုး ကုသရမည်။
Credit:ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။