ပြည့်ပြည့်လေးလှချင်သူများအတွက် လိုက်နာစရာလေးများ
30-Dec-2021*အစားအသောက်*
၁ ။ တစ်နေ့တာပုံမှန်လိုအပ်တဲ့ ကယ်လိုရီထက် ၅၀၀ ပိုစားပေးရပါမယ် ။ တစ်နေ့တစ်နေ့ ကိုယ့်အတွက်ဘယ်လောက်စားဖို့လိုလဲဆိုတာ RMR တွက်ပြီးသိနိုင်ပါတယ်။ RMR တွက်နည်းလေးကို သီးသန့်တင်ပေးထားလို့ မှီငြမ်းတွက်ထုတ်နိုင်ပါတယ် ။
၂ ။ တစ်နေ့ ထမင်း၃နပ် စားပေးပါ ။ အစာပြေ သွားရေစာ ကို တစ်နေ့ ၂ခါစားပေးပါ ။ စုစုပေါင်း အစားစားချိန် ၅ချိန်ရှိပါစေ ။ အာဟာရမျှတစေဖို့ အထူးဂရုစိုက်ပေးပါ ။
၃ ။ ကောင်းသော အဆီများစားပေးပါ ။ အမဲသား ဝက်သား ကြက်သား တို့မှ အဆီကိုရှောင်ပေးပြီး ငါးမှရတတ်သော အဆီကိုပိုစားပေးပါ ။
၄ ။ သောက်စရာများရွေးချယ်ရာတွင်လည်း ဂတ်စ်ပါသောအချိုရည်များကိုရှောင်ပြီး protein shakes , juices , whole milk စသည်တို့ကို ပိုသောက်ပေးပါ ။
၅ ။ ပေါင်မုန့်တွေဆိုလဲ ဖြူဖြူဖွေးဖွေးလေးတွေထက် ပိုအာဟာရပြည့်သော whole wheat , oat bran စသည်တို့ကိုရွေးစားပေးပါ ။ နှစ်သက်ရာ peanut butter , jam , ပျားရည် , cream cheese တို့ကို သုတ်ကာစားပေးနိုင်ပါတယ် ။
၆ ။ ကဆီ ပေါသော အသီးအနှံများကို ရွေးခြယ်ပါ ။ အာလူး မြေပဲ ပြောင်းဖူး မုန်လာ စသည်ဖြင့်စားသုံးပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ အဖြူ အစိမ်း ၊ ပဲစိမ်းတောင့် ၊ သခွားသီး တို့မှာရေပေါများသောကြောင့် ထိုအရာများကိုရှောင်ပေးပါ။
၇ ။ သစ်သီးများ စားမယ်ဆိုရင် ငှက်ပျောသီး ၊ သစ်တော်သီး ၊ ပန်းသီး ၊ နာနတ်သီး နှင့် သစ်သီးခြောက်များကိုပိုစားပေးပါ
၈ ။ ဟင်းရည်ချက်သောက်မယ်ဆိုရင်လဲ အသားပြုတ်ရည်ကိုအခြေခံပြီးချက်တဲ့ ဟင်းရည်ထက် cream ပါတဲ့ဟင်းရည်တွေကပိုကောင်းပါတယ် ။ အုန်းနို့ရည်လိုမျိုးဟင်းရည်ကိုဆိုလိုပါတယ် ။
၉ ။ ဆီများများထည့်ချက်ပါ ။ ကျန်းမာရေးအတွက်ညီညွတ်တဲ့ ဆီဖြစ်စေဖို့တော့ သတိပြုရပါမယ် ။ unrefined ( extra virgin ) လို့ဆိုထားတဲ့ ဆီတွေဟာ အကောင်းဆုံးပါ ။ သံလွင်ဆီ ၊ အုန်းဆီ ၊ ကနိုလာ ၊ ထောပတ်ဆီများဟာ သင့်တော်ပါတယ် ။ omega-6 fatty acids ပါသော နေကြာဆီ ၊ ပဲဆီများကိုလဲ သင့်တော်တဲ့ဆီ အဖြစ်သတ်မှတ်နိုင်ပါတယ် ။
၁၀ ။ ဖြည့်စွက်အားဆေးများသောက်ပေးပါ ။ အာဟာရဖြည့်စွက်အားဆေးများဟာ ဝိတ်တက်စေဖို့များစွာအထောက်အကူပေးပါတယ် ။
၁၁ ။ မာဂျရင်း ထောပတ် ၊ အသင့်စားရန် ထုတ်ပိုးထားသော သွားရေစာများကိုရှောင်ပေးပါ ။ကြာရှည်ခံအောင်ပြုပြင်ထားသော အသားများကိုမစားပါနှင့် ။ ဝမ်းဗိုက်အဆီကိုသာဖြစ်စေပြီး ဘာမှကောင်းကျိုးမဖြစ်စေပါ ။
၁၂ ။
Protein ပါအောင်စားပေးပါ ။ ပဲပိစပ်ပြုတ် ၊ ကြက်သား ၊ မြေပဲသို့မဟုတ် မြေပဲ ထောပတ်၊
တူနာငါး စသည်တို့ကို များများစားပေးခြင်းဖြင့် အလေးချိန်တက်အောင်လုပ်နိုင်ပါတယ် ။
*လေ့ကျင့်ခန်း*
ကြွက်သားလေ့ကျင့်ခန်းများလုပ်ပေးပါ ။ အလေးမလေ့ကျင့်ခန်းများဟာ အဆီပိုများကို ကြွက်သားများ ဖြစ်စေရုံသာမက အစာစားချင်စိတ်ကိုလည်း ပိုဖြစ်စေပါတယ်။ ကြွက်သားပိုကြီးစေဖို့ အလေးချိန်ပိုများများ လေ့ကျင့်ပေးပါ
*အစားတစ်မျိုးတည်းနှင့် ဝိတ်တက်အောင် မကြိုးစားသင့်ပါ*
* ဆရာဝန်နှင့်တိုင်ပင်ပါ *
အထက်ပါအချက်များအားလုံးလုပ်ဆောင်ပါလျက်နှင့် ပြောင်းလဲမှုမရှိပါက ဆေးပညာဆိုင်ရာအကြောင်းရင်းတစ်ခုခုကို အဖြေထုတ်ရတော့မှာဖြစ်ပါတယ် ။ အရင်းနှီးဆုံးတိုင်ပင်လို့ရမယ့် ဆရာဝန်ကို ပြသပါ ။
* ဝိတ်ချိန်တော့မယ်ဆို နေ့တိုင်း အချိန်တစ်မျိုးတည်းမှာသာချိန်ပါ *
မနက်နိုးနိုးချင်းချိန်ပါက နေ့တိုင်း မနက်နိုးနိုးချင်း ချိန်ပေးသင့်ပါတယ် ။ အချိန်အတိအကျ ချိန်ပေးခြင်းဖြင့် မှန်ကန်သော အလေးချိန်ကိုတိုင်းယူနိုင်မှာဖြစ်ပါတယ် ။
* အစားကို မြန်မြန်စားခြင်း ၊ အလွန်အကျွံစားခြင်းများရှောင်ရှားပါ *
glucose level , insulin level တို့အပေါ်ဆိုးရွားစွာသက်ရောက်စေနိုင်လို့ပါ ။ တစ်နပ်ထဲ အများကြီးပုံအောစားခြင်းထက် တစ်နေ့လုံးစာအတွက် နည်းနည်းစီပိုစားပေးတာက ပိုထိရောက်စေပါတယ် ။
ဘယ်အရာမဆိုအချိန်တစ်ခုပေးမှ
အကောင်းဆုံး ဆုလာဒ်ကိုရရှိနိုင်တာပါ ။အောင်မြင်မှုမှာ ဖြတ်လမ်းမရှိသလို ဇွဲရှိသူသာ စံရတာ
လောကသဘာဝပါ ။ လမ်းခုလပ်မှာတင် စိတ်မလျှော့မိဖို့ ကိုယ် စတင်ခဲ့တဲ့ နေ့ရက်တွေကိုပြန်လည်အောက်မေ့ပါ
။
လူတိုင်းအောင်မြင်ပျော်ရွှင်သော
ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင့် ။
Ref: May
(Super Women)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT / ATOM မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။