သင့်ရဲ့အစာခြေစနစ်ကို ဂရုစိုက်ခြင်း
31-Dec-2021
အစာခြေစနစ်ကောင်းမှ အထွေထွေကျန်းမာရေး ကောင်းမှာပါ။
ကျွန်တော်တို့ ဘာပဲစားလိုက်စားလိုက် အစာအိမ်ဆီကို သွားကြတာပါပဲ။ အူတွေကနေတစ်ဆင့်ပေါ့။
ဘယ်လိုအစားအစာမျိုးကို စားမလဲ၊ ဘယ်လိုအစားအစာတွေကိုပဲစားစား အစာခြေစနစ်ကို ပိုပြီးအထောက်အကူဖြစ်စေသလို
အာဟာရဓာတ်ပြည့်ဝစွာ စုပ်ယူနိုင်မလဲဆိုတာက အစာခြေစနစ်ရဲ့ အရေးကြီးဆုံးလုပ်ဆောင်ချက်တစ်ခုပါပဲ။
Key Protective Foods for Constipation
ဝမ်းချုပ်ခြင်းကို မဖြစ်စေဖို့ အမြဲတမ်းဂရုစိုက်ပါ။
မှန်မှန်ကန်ကန် စားရမယ်၊ ရေများများသောက်ရမယ်။ လေ့ကျင့်ခန်းလေးတွေ မှန်မှန်လုပ်ရမယ်။
ဒါမှသာ သဘာဝနည်းလမ်းကျကျ ဝမ်းပျော့မှာဖြစ်ပြီး ပုံမှန်ဝမ်းသွားတဲ့အကျင့် ရမှာပါ။
အသီးအနှံလတ်လတ်ဆတ်ဆတ်တွေစားပေးပါ။
အစာခြေစနစ်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တာကတော့
အမျှင်ဓာတ်များတဲ့ အစားအစာတွေပါပဲ။ အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို
အစာမကြေခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့ အသီးအနှံလတ်လတ်ဆတ်ဆတ်တွေကို
အဓိကထား စားပေးပါ။
သဘာဝဒိန်ချဉ်
အချိုဓာတ်သိပ်မများတဲ့ သဘာဝဒိန်ချဉ်စစ်စစ်ကို
စားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အတွင်းထဲမှာ အစာခြေနှုန်းမြန်ဆန်တဲ့အပြင်
လေထိုးလေအောင့်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်အတွင်းက ကောင်းတဲ့ဗက်တီးရီးယားလေးတွေကို
တိုးပွားစေတာကြောင့် အစားမှားခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်း ဟန့်တားပေးပါတယ်။
Key
Protective Foods for Indigestion
အစာမကြေခြင်းဟာ အတော်ခံရတာဆိုးပါတယ်။ ရင်ဝအောင့်ခြင်း၊
မအီမသာဖြစ်ခြင်း၊ ဗိုက်ကယ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစတာတွေ ခံစားရပါတယ်။ နောက်ပြီး
စားချဉ့်ပြန်ခြင်း၊ ရင်ပူခြင်းတွေလည်း ခံစားရတတ်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးဟာ အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့
အစာအိမ်နာခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
နာနတ်သီးနဲ့ သင်္ဘောသီး
ဒီအသီးနှစ်မျိုးစလုံးမှာပါဝင်တဲ့ အင်ဇိုင်းတွေက
အစာမကြေခြင်းကို သက်သာစေပြီး သဘာဝအတိုင်း အစာခြေလွယ်မှုကို ဖြစ်စေနိုင်ပါတယ်။
ချင်းနဲ့ ငရုတ်ကောင်း
အစာအိမ်ထဲမှာ အစာခြေမှုကို ချောမွေ့စေပါတယ်။
Key Protective Foods For Irritable
Irritable ဆိုတာ ဗိုက်နာလိုက်၊ ဝမ်းမကောင်းလိုက်၊
ဝမ်းချုပ်လိုက်၊ ဝမ်းပျက်လိုက်နဲ့ ဖြစ်တတ်တဲ့ ဝမ်းမငြိမ်ရောဂါပါ။ ဖြစ်စေတဲ့အကြောင်းရင်းကို
ရှာပြီးမှ ကုသလို့ ရမှာဖြစ်ပါတယ်။
ဆေးဖက်ဝင်အရွက်လက်ဖက်ရည်ကြမ်း
ချာမိုမိုင်းပန်းခြောက်တို့လို ဆေးဖက်ဝင်ပစ္စည်းမျိုးကို
ရေနွေးဖြူနဲ့ စိမ်ပြီး ရေနွေးကြမ်းလုပ်သောက်ရမှာ ဖြစ်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်ချောမွေ့စွာ
လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ
ပထမပြောခဲ့သလိုပဲ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊
ဟင်းသီးဟင်းရွက်တွေကို စားပေးရမှာပဲ ဖြစ်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်ကလည်း ပထမပြောခဲ့သလိုပဲ အစာခြေနှုန်းကို
မြင့်မားစေတဲ့အပြင် စားချဉ့်ပြန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Key Protective Foods for Flatulence
လေပွလေထခြင်းအတွက် အစားအစာလေးတွေကိုလည်း
ပြောပြပေးပါမယ်။
ဟင်းခတ်အမွှေးအကြိုင်များ
ဟင်းခတ်အမွှေးအကြိုင်တွေဆိုလို့ ဟင်းထဲ ထည့်ချက်စားနေတာပဲလို့
မဆိုလိုပါဘူး။ ဖျော်သောက်တာ၊ ရေနွေးစိမ်သောက်တာတွေ လုပ်ပေးတာမျိုးကို ပြောတာဖြစ်ပါတယ်။
ချင်း၊ သစ်ကြံပိုးခေါက်၊ စမုန်စပါးစတာတွေက လေပွလေထခြင်းကို သက်သာစေပါတယ်။ နောက်ပြီး
ပူရှိန်းရှိန်းအနံ့အရသာရှိတဲ့ ပင်စိမ်းတို့၊ ငရုတ်ကောင်းတို့ဟာလည်း လေပွခြင်းကို သက်သာစေပါတယ်။
ဘာတွေရှောင်ရမလဲ
ပဲတွေ၊ ငရုတ်သီးအစပ်တွေ၊ အရက်ဘီယာ ယမကာတွေနဲ့
လေပွစေမယ့် အစားအစာတွေကိုပါ။
Credit : Kitchen Doctor
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT / ATOM မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
