ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အေအိုင်ဒီအက်စ်
03-Jan-2022
-AIDS ဆိုသည်မှာ
HIV ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး ခန္ဓာကိုယ်၏ခုခံအားကိုနှောင့်ယှက်ပြီး အသက်ဆုံးရှုံးစေနိုင်သည်
အထိဖြစ်စေသော ရောဂါတစ်မျိုးဖြစ်သည်။
ကူးစက်ပုံ
- လိင်မှကူးစက်တတ်သောရောဂါဖြစ်သည်။
- ထို့အပြင်
ရောဂါပိုးရှိသော သူနှင့် ဓား၊ဆေးထိုးအပ် မျှဝေသုံးခြင်း
- ရောဂါပိုးရှိသောသွေးကိုသွေးမိခြင်း၊
- ရောဂါပိုးရှိသော
အမေမှ ကလေးသို့ ကူးစက်နိုင်သည်။
ရောဂါအလွယ်တကူ ကူးစက်နိုင်သော အခြေအနေများ
- အကာအကွယ်မဲ့
လိင်ဆက်ဆံခြင်း၊ အထူးသဖြင့် လိင်တူဆက်ဆံခြင်း၊ စအိုနှင့်လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း။
- အခြား လိင်မှတဆင့်
ကူးစက်တတ်သော ရောဂါရှိလျှင် ဥပမာ- ရေယုန်ပေါက်နေခြင်း၊ ကာလသားရောဂါအနာပေါက်နေခြင်း။
- ဆေးထိုးအပ်ဖြင့်
မူးယစ်ဆေးသုံးသူများ။
- လိင်တံထိပ်အရေပြား
ဖြတ်မထားသော သူများ။
- ရောဂါကြောင့်သွေးခဏခဏ
သွင်းနေရသူများ တွင် ပိုကူးနိုင်သည့် အနေအထားတွင်ရှိသည်။
လက္ခဏာများ
HIV စတင်ဝင်ရောက်သည့်အချိန်မှစ၍
AIDS ရောဂါဖြစ်သည်အထိ အဆင့်အပိုင်းများပေါ်မူတည်၍ ရောဂါလက္ခဏာပြောင်းလဲနိုင်သည်။
* Primary Acute HIV infection(ပိုးစတင်ဝင်ရောက်သည့်ကာလ)
အအေးမိဖျားနာကဲ့သို့သော
လက္ခဏာများကိုခံစားရနိုင်သည်။
- ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ခန္ဓာကိုယ်အရိုးအဆစ်
ကြွက်သားများနာကျင်ခြင်း
- အနီကွက်ထခြင်း
- လည်ချောင်းနာခြင်း
- လည်ပင်းအကျိတ်များကြီးခြင်း
အထက်ပါလက္ခဏာများသည်
အပြင်းထန်ပါဘဲ မသိလိုက်မသိဘာသာဖြစ်ပေါ်သည့်အတွက် ပိုးဝင်ရောက်မှန်းမသိလိုက်ဘဲ ဖြစ်တတ်သည်။
သို့သော်ထိုအချိန်တွင် ခန္ဓာကိုယ်တွင်း၌ ပိုးကောင်ရေပွားပြီး ခုခံအားကိုဒုက္ခပေးနေသောအချိန်ဖြစ်သည်။
* Chronic latent infection(Chronic HIV)-ပိုးငုပ်နေသည့် အချိန်
ခန္ဓာကိုယ်ရှိ
အကျိတ်များကြီးသည်မှလွဲ၍ မည်သည့်လက္ခဏာမှ မပေါ်ဘဲ လူကောင်းပကတိကဲ့သို့ ရှိနေတတ်သည်။ ဆေးမသောက်ဘဲ
နှစ်ပေါင်း ၁၀ နှစ်အထိ ကြာနိုင်ပြီး၊ ရောဂါပိုးအတွက်ဆေးသောက်ပါက ၁ဝနှစ်ထက်ပို၍ ကြာနိုင်ပါသည်။
* Early symptomatic HIV infection
- ဖျားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အကျိတ်များရောင်ရမ်းခြင်း
- ဝမ်းလျှောခြင်း
- ကိုယ်အလေးချိန်ကျသွားခြင်း
- အဖြူဖတ်များ
ပါးစပ်အတွင်းပေါ်ခြင်း
- ရေယုန် ပြင်လိုက်ထခြင်း
* Progression to AIDS( AIDS အဆင့်သို့ကူးပြောင်းခြင်း)
HIV ပိုးအတွက်
ဆေးသောက်ခြင်းမရှိပါက အောက်ပါရောဂါလက္ခဏာများ ၁၀ နှစ်အတွင်းဖြစ်ပေါ်လာနိုင်သည်။
- မကြာခဏဖျားခြင်း
- ညဘက်ချွေးထွက်ခြင်း
- ကြာရှည်စွာ
ဝမ်းလျှောခြင်း
- လျှာနှင့်
ပါးစပ်များထဲတွင် အဖြူကွက်၊ အဖြူစက်များပေါက်ခြင်း
- ကိုယ်အလေးချိန်သိသိသာသာ
ကျသွားခြင်း
ဆရာဝန်နှင့် သွားရောက်ပြသင့်သောအချက်များ
ရောဂါပိုးကူးစက်ခံရသည်ဟုထင်လျှင်
သို့ တူညီသည့်လက္ခဏာများပေါ်ပေါက်ပါက ဆရာဝန်ထံသို့ သွားရောက်ပြသသင့်သည်။
နောက်ဆက်တွဲပြဿနာများ
HIV ရောဂါပိုးသည်
ခန္ဓာကိုယ်အတွင်းရှိ ခုခံအားကို ဖျက်ဆီးသည့်အတွက် အမျိုးမျိုးသောရောဂါများနှင့် ကင်ဆာများဖြစ်ပေါ်နိုင်ပါသည်။.
- တီဘီရောဂါဖြစ်ခြင်း
- HIV ရောဂါပိုးရှိသူများတွင် တီဘီရောဂါသည်အဖြစ်အများဆုံးဖြစ်ပြီး သေစေနိုင်သောရောဂါလည်းဖြစ်သည်။
-
Cytomegalovirus ရောဂါ
-
Candidiasis- candida ဟုခေါ်သောမှိုတစ်မျိုးကြောင့်ဖြစ်သောရောဂါ
-
Cryptococcal meningitis- Cryptococcal ဟုခေါ်သောမှိုရောဂါကြောင့်ဖြစ်သည့် ဦးနှောက်အမြှေးရောင်ရောဂါ။
-
Toxoplasmosis Toxoplasma ဟုခေါ်သော ကပ်ပါးကောင်ကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါ
-
Cryptosporidiosis- Cryptosporidium ဟုခေါ်သော
ကပ်ပါးကောင်ကြောင့်ဖြစ်သည့် ဝမ်းလျှောရောဂါ
- Kaposi ကင်ဆာ
- အကျိတ်ကင်ဆာ
- သားအိမ်ခေါင်းကင်ဆာ
စသည်ဖြင့် နေရာအနှံ့နီးပါးတွင်ဖြစ်ပေါ်နိုင်သည်။
စစ်ဆေးမှုများ
ပိုးဝင်ရောက်ပြီး ပြန်လည်ခုခံသည့် ခုခံအားဓာတ် Antibody စစ်ဆေးခြင်း
- ပိုးဝင်ရောက်ပြီးချက်ချင်းမပေါ်တတ်။ အနည်းဆုံး ၁၂ပတ်ကြာတတ်ပါသည်။ မိမိကိုယ်တိုင် အိမ်တွင်
အလွယ်တကူ စမ်းသပ်နိုင်သည်။Antibody ထွက်ရန် ၁၂ပတ်ကြာတတ်သည့်အတွက် နောက်ပိုင်းတွင်
ပိုး antigen ရှာသည့်နည်းလမ်းကို သုံးလာကြပါသည်။ ထိုစစ်ဆေးမှုသည် ၁၂ပတ်စောင့်စရာမလိုဘဲ
မြန်မြန်သိနိုင်ပါသည်။
- ခုခံအား
CD4 count စစ်ဆေးခြင်း
- Viral
load ဗိုင်းရပ်စ်ပိုးအကောင်ရေစစ်ဆေးခြင်း
- Drug resistance- ဗိုင်းရပ်စ်ပိုးသတ်ဆေး နိုင်မနိုင်စမ်းသပ်ခြင်း။
- နောက်ဆက်တွဲ
ရောဂါများအတွက် စစ်ဆေးခြင်း။
ကုသခြင်း
AIDS ရောဂါကို
ပျောက်ကင်းအောင်မကုသနိုင်သေးသော်လည်း HIV ပိုးပွားခြင်းကို ဟန့်တားနိုင်သည့် ဆေးများသောက်ခြင်းဖြင့်
ရောဂါကိုဟန့်တားသက်သာစေပါသည်။ ဆေးများပေးရာတွင်လည်း တစ်မျိုးတည်းသာမပေးဘဲ ဆေးများပေါင်းပေးခြင်းဖြင့်
ထိရောက်စွာ ကုသနိုင်သည်။
ဆေးအမျိုးအစားများမှာ-
Non-nucleoside
reverse transcriptase inhibitors (NNRTIs)
Nucleoside
or nucleotide reverse transcriptase inhibitors (NRTIs)
Protease
inhibitors (PIs)
Entry or
fusion inhibitors
Integrase
inhibitors
အရေးကြီးသည်မှာ ခုခံအား CD4count အရေအတွက် ဘယ်လောက်ရှိရှိရောဂါရှိမှန်းသိသည်နှင့်
ဆေးသောက်ရန်လိုအပ်ပေသည်။
လူနေမှုပုံစံပြုပြင်နေထိုင်ခြင်း
ရောဂါအတွက်ဆေးသောက်ရုံသာမက
အခြားကောင်းမွန်သည့်နည်းလမ်းများကိုလည်းလုပ်ဆောင်သင့်ပေသည်။
- အာဟာရဖြစ်စေမည့်
အစားများပြည့်ဝအောင်စားခြင်း
- မသန့်ရှင်းသောအစားအသောက်များကို
ရှောင်ခြင်း
- လိုအပ်သောကာကွယ်ဆေးများထိုးခြင်း-ဥပမာ
အဆုတ်ရောင်ကာကွယ်ဆေး။
- တိရိစ္ဆာန်များနှင့်
လက်ပွန်းတတီးနေထိုင်ခြင်းမှ ရှောင်ကြည်ပါ။
- မိမိတွင်
HIV ပိုးရှိပါက အခြားသူများထံသို့မကူးစက်စေရန် သတိထားနေထိုင်သင့်သည်။
- HIV ပိုးဝင်ရောက်ပြီး
AIDS ရောဂါခံစားနေရသည့် ရောဂါဝေဒနာရှင်များကို စိတ်ပိုင်းဆိုင်ရာအရ ပြုစု ကုသရန်မှာ
အလွန်ပင်အရေးကြီးလှပါသည်။
ကာကွယ်ခြင်း
HIV ရောဂါပိုးအတွက်
ကာကွယ်ဆေးမရှိသလို ပျောက်ကင်းအောင်လည်းမကုသနိုင်သေးပါ။ ထို့ကြောင့်ကာကွယ်ခြင်းသည်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။မိမိ၏
လိင်ဆက်ဆံဖော်သည် ရောဂါပိုးရှိမရှိမသေချာပါက လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ မိမိတွင်
ရောဂါပိုးရှိနေပါကလည်း မိမိ၏လိင်ဆက်ဆံဖော်ကို ပြောပြပါ။သန့်ရှင်းသောတစ်ခါသုံး အပ်ကိုသာ
အသုံးပြုပါ။ HIV ရောဂါပိုးရှိသူအမျိုးသမီး ကိုယ်ဝန်ဆောင်ပါက ကလေးသို့မကူးစက်စေရန် ဆေးကုသမှုလျှင်မြန်စွာခံယူပါ။
အမျိုးသားများ လိင်တံအရေပြားဖြတ်ထားခြင်းဖြင့် HIV ကူးစက်နိုင်မှုကို အတန်အသင့်ကာကွယ်နိုင်သည်။
Credit : Dr.Tun
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး
Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနဲ့
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
