ကိုယ်ဝန်ဆောင်ရင်ပူ ဗိုက်အောင့်ခြင်းသက်သာအောင်
06-Jan-2022- နည်းနည်းစီနှင့် ခဏခဏစားပေးပါ။
- ဖြည်းဖြည်းစားပါ။
- ဆီကြော်၊ အပူအစပ်၊ အသုပ်များကိုရှောင်ပါ။
- အစားစားစဉ် ရေနည်းနည်းဘဲသောက်ပါ။
- စားပြီးလျှင်ချက်ချင်းမလှဲအိပ်ပါနဲ့။
- ခေါင်းအုံးမြင့်မြင့်ဖြင့်အိပ်ပါ။ သို့မဟုတ် ပခုံးအောက်သို့ခေါင်းအုံးခံ၍အိပ်ပါ။
- ဆရာဝန်နှင့်တိုင်ပင်ပြီး Maalox ကဲ့သို့ဆေးမျိုးသောက်နိုင်ပါသည်။
- အင်္ကျီပွပွဝတ်ပါ။ အလွန်ကျပ်သော အင်္ကျီများသည် အစာအိမ်ထဲမှ အက်စစ်ကိုပိုလျှံစေပြီး ဗိုက်ပူခြင်း၊ အောင့်ခြင်းကိုပိုဆိုးစေပါသည်။
- ဝမ်းမချုပ်ပါစေနှင့်။
- ကိုယ်ဝန်ဆောင်စဉ်ရင်ပူခြင်း ပြသနာဟာ ကလေးမွေးဖွားပြီးနောက်ပိုင်း သက်သာသွားတတ်ကြပါတယ်။
DR.hp
Healthcare.com.mm
Ref:WebMD