ဆီးလမ်းကြောင်းပိုးဝင်ခြင်း
14-Jan-2022ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုသည်မှာ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ စနစ်များဖြစ်သော (ကျောက်ကပ်၊ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်တို့တွင် ပိုးဝင်ခြင်းဖြစ်သည်။ အများအားဖြင့် ဆီးအိမ်နှင့် ဆီးလမ်းကြောင်းတို့တွင် ပိုးဝင်ခြင်းမှာ အဖြစ်များသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အဖြစ်များသည်။
ဆီးလမ်းကြောင်းပိုးဝင်သည့်လက္ခဏာများ
• ဆီးသွားချင်စိတ်အမြဲဖြစ်နေခြင်း၊ ဆီးခဏခဏသွားနေခြင်း
• ဆီးသွားရာတွင်ပူခြင်း၊
• ဆီးအရောင်နောက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ နီခြင်း၊
• အမျိုးသမီးများတွင် တင်ပဆုံနာခြင်း တို့ဖြစ်တတ်ပါသည်။
အမျိုးအစားပေါ်မူတည်၍
လက္ခဏာများကွဲပြားနိုင်ပါသည်။
ကျောက်ကပ်ရောင်ခြင်း
- ခါးကျောနာခြင်း၊
ဘေးဘက်နာခြင်
- အပူကြီးခြင်း၊ (အဖျားကြီးခြင်း) ချမ်းတုန်ခြင်းများ)
- ပျို့ခြင်း၊ အန်ခြင်း
ဆီးအိမ်ရောင်ခြင်း
- တင်ပဆုံနာခြင်း၊
- ဗိုက်အောက်ပိုင်း မအီမသာဖြစ်ခြင်း
- ဆီးခဏခဏသွားခြင်း
- ဆီးသွားရာတွင် သွေးပါခြင်း
ဆီးလမ်းကြောင်းရောင်ခြင်း
- ဆီးပူခြင်း၊ ဆီးတစ်စက်စက်ကျခြင်း၊ ပြည်ကျခြင်း
ဆီးအိမ်ပိုးဝင်ခြင်း
- E-coli လို့ခေါ်တဲ့ Baoteria ကြောင့် အဖြစ်များပါတယ်။
အခြားသော Baoteria
များကြောင့်လည်း
ဖြစ်နိုင်ပါသည်။
- လိင်ဆက်ဆံခြင်းဖြင့် ဆီးအိမ်ပိုးဝင်ခြင်းကို ဖြစ်စေပါသည်။
အမျိုးသမီးများတွင်အဖြစ်များသည် (ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ) အရ ဆီးလမ်းကြောင်းနှင့်စအိုနှင့်
နီးသောကြောင့်ဖြစ်သည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးလမ်းကြောင်းသည်
မိန်းမကိုယ်နှင့် နီးသောကြောင့် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးသောရောဂါများကြောင့် ဖြစ်နိုင်သည်။
ဆီးလမ်းကြောင်းပိုးဝင်စေရန် အားပေးသောအကြောင်းအရာများ
• အမျိုးသမီးများ (ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ)
• လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ဆက်ဆံဖက်များသူများ
• သွေးဆုံးပြီးသော အမျိုးသမီးများ
• ဆီးလမ်းကြောင်း မူမမှန်ခြင်းများ
• ဆီးကြောင်းတွင် ပိတ်နေခြင်း (ကျောက်တည်နေခြင်း)
• ခုခံအားကျနေသူများ
• ဆီးဗိုက်သုံးနေသူများ
နောက်ဆက်တွဲဆိုးကျိုးများ
• ခဏခဏဆီးလမ်းကြောင်းပိုးဝင်ခြင်း
• ကျောက်ကပ်ကိုထိခိုက်စေခြင်း
• ဆီးလမ်းကြောင်းကျဉ်းသွားစေခြင်း
• သွေးဆိပ်ပျံ့နှံ့ခြင်းနှင့်
• အသက်အန္တရာယ်သေဆုံးနိုင်ခြင်း
• ကိုယ်ဝန်ဆောင်မိခင်များတွင် ပေါင်မပြည့်၊ နေ့မစေ့သော ကလေးများမွေးနိုင်ခြင်း
Credit: That Naing
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး
Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနဲ့
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။